Channel Myanmar

Mahima Makwana

Tumse Na Ho Payega (2023) 7.6
Tumse Na Ho Payega (2023) Tumse Na Ho Payega 2023 (imdb 9.2/10)ငယ်ငယ်တုန်းက မိဘတွေက နင်ဒီလောက်ညံ့နေတာ အတန်းထဲက အဆင့်တစ်ချီးစားပါလားတို့ဘာတို့ဆိုပြီး အဆူခံရဖူးတဲ့ ပရိသတ်တွေရှိကြလားဆိုရှယ်မီဒီယာပေါ်မှာ ခရီးသွားလိုက် ဘားကလပ်သွားလိုက် အိုင်ဖုန်းကြီးဝယ်ကိုင်ပြလိုက်နဲ့ သူငယ်ချင်းတွေကိုကြည့်ပြီး စိတ်ဓာတ်ကျဖူးလား အဲဒီလိုခံစားချက်မျိုးတွေရှိဖူးတယ်ဆိုရင် ဒီဇာတ်ကားလေးက ပရိသတ်တို့အတွက် ကိုယ့်ဘဝကိုယ်ရောင်ပြန်ဟပ်စေမဲ့ ပုံမှန်အလုပ်လေးလုပ် တခါတလေဘားသွား crush ကပြန်မကြိုက် ကိုယ့်ဘဝကြီးကိုစိတ်ကုန် စသဖြင့် ကိုယ့်အကြောင်းရိုက်ပြနေသလိုကို ခံစားစေရမှာပါအဲဒီလိုမျိုး မိဘကပေးတဲ့ ပရက်ရှာတွေ ပတ်ဝန်းကျင်ကပရက်ရှာတွေ ဆိုရှယ်မီဒီယာဘာညာစသဖြင့် ပရက်ရှာပေါင်းများစွာနဲ့ လူငယ်ခြေကျဘဝကို ပုံဖော်ပြထားတာမို့ စော်မရှိစာမလာ ဘူကောင် မန်ယူဖန်တွေကြည့်သင့်ကြောင်း ညွှန်းဆိုပေးပါရစေဇာတ်လမ်းအကျဉ်းလေးကတော့ အဓိကမင်းသားဂေါ်ရာဗ့်ဟာ သူ့ရဲ့နိစ္စဒူဝနေ့စဉ်ဘဝကြီးကိုစိတ်ကုန် သူ့ရဲ့ crush လေး ဒေဗစ်ကာကလည်း သူ့ဘဝရဲ့အမုန်းဆုံးကျောင်းသားဘဝထဲက ပြိုင်ဘက် အာဂျွန်နဲ့တွဲနေတော့ စိတ်ဓာတ်ကျပြီး အလုပ်မှာမပျော်တော့လို့ အလုပ်ထွက်လိုက်တာကနေ သူ့ဘဝကြီးက ပိုပဲအဆင်ပြေသွားမလားမိဘ ချစ်ရတဲ့သူ ပတ်ဝန်းကျင်စတဲ့ ပရက်ရှာတွေအောက်မှာ ဘယ်လိုအဆင်ပြေအောင် ရှေ့ဆက်မလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့တင်ဆက်ထားတာမို့ ပရိသတ်တို့ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် File size…2.13GB /  1.2GB Quality…1080p WEB DL ...
movie

Tumse Na Ho Payega (2023)

2023
Antim: The Final Truth (2021) 7.6
Antim: The Final Truth (2021) ဒီနေ့ပဲ ထွက်ရှိလာတဲ့ Bollywood ရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်...မင်းသား Salman Khan နဲ့ သူ့ယောက်ဖ Aayush Sharma တို့ အပြိုင်ကြဲထားတဲ့ Action,Crime,Drama ဇာတ်ကားလေးဖြစ်ပြီး IMDb Rating (7.6) ထိ ရရှိထားသလို ရုံတင်တုန်းကလဲ နာမည်ကြီးလူကြိုက်များခဲ့တဲ့ဇာတ်ကားပါ။လယ်သမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအဓိပ္ပာယ်နဲ့ ရှင်သန်ရပ်တည်ခြင်းက သူ့ရဲ့ လယ်မြေလေးတစ်ကွက်ရယ်ပါ။ ခြေမအထိ စီးကျနေတဲ့ ချွေးကို သုတ်ဖို့မအား၊ မြေကြီးထဲကပြူထွက်လာတဲ့ ကောက်ပဲသီးနှံလေးတွေက သူ့ခွန်အားပါ။ ဒါပေမယ့် သူဆုံးရှုံးလိုက်ရတဲ့ သူ့လယ်မြေပေါ်မှာပဲ အလုပ်ပြန်လုပ်ရတဲ့ သူ့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်စား ဝင်ခံစားကြည့်ရအောင်လား။ပုလ္လင်ပေါ်က မဆင်းခဲ့တဲ့ နပန်းချန်ပီယံကြီး၊ သမီးမိုက်တစ်ယောက်နဲ့ သား မလိမ္မာတစ်ယောက်ကို အရင်းတည်ပြီး အရင်းရှင်တစ်ယောက် ‌ခြေအောက်မှာ ပြားပြားဝပ်ခဲ့ရ။ ဘဝက ထိချက်နာလိုက်ပုံများ။လူငယ်ပီပီ ခံစားချက်အတိုင်း လိုက်လုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်။ သူ့အဖေ နပန်းသမား ဘဝဆုံးနေသူကြီးနဲ့ မိသားစုကိုကယ်တင်ဖို့၊ ...
movie

Antim: The Final Truth (2021)

1080p HEVC
Mosagallu (2021) 8.3
Mosagallu (2021) Mosagallu (2021)IMDb - 8.3/10အာဂျွန်ဟာ ဇာတ်လမ်းအစမှာတော့ ကောစင်တာတစ်ခုရဲ့ သာမန်ဝန်ထမ်းလေးပါ။ဒါပေမဲ့ သူ့ဆီဖုန်းဆက်သူတိုင်းရဲ့ သိရတဲ့ ဒေတာတွေကိုတော့ မှတ်သားထားတတ်တယ်။ ဒါကို သူ ပြန်ပြီး ရောင်းချတဲ့ နေရာတစ်ခုလည်း ရှိတယ်။ အာဂျွန်အနေနဲ့ သူတပါးရဲ့ ပါဆင်နယ်ဒေတာတွေကို ရောင်းတဲ့ နေရာက Dark Webတဲ့။အိန္ဒိယတွေဟာ အဲ့ဒီနယ်ပယ်တွေမှာ တော်တော် လှုပ်ရှားနေတာ သိကြမှာပါ။ဝယ်ယူသူတွေက ဘာအတွက် ဝယ်ကြမလဲ။ အဲ့ဒီUser Nameနဲ့ Passwordတွေမှာ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်တွေပါလာမယ်။ လူသိမခံဝံ့တဲ့ ကိစ္စတွေ ပါလာမယ်။ဒါတွေကို အသုံးချပြီး ကီးဘုတ်ပေါ် လက်တင်ရုံနဲ့ ငွေကြေးရှာဖွေနေသူတွေ အဖို့ ရွှေတွင်းပဲ။အာဂျွန်ဟာ ဒီလို အသေးအမွှား ငွေကြေးရှာဖွေရာကနေ သူအလုပ်လုပ်တဲ့ ကောစင်တာက ဘောစ့်နဲ့ ရင်းနှီးနေတော့ သူတို့ ၂ယောက်အတူ တရားမဝင် စီးပွားတစ်ခု စပ်တူလုပ်ဖို့ အကြံရခဲ့ပါတယ်။သူတို့ရဲ့ ပြစ်မှတ်က အခွန်ကို သေလောက်အောင် ကြောက်တဲ့ အမေရိကန်တွေပေါ့။"ရိုးရိုးသားသားရှာတဲ့ ငွေကပဲ ကိုယ့်ပိုက်ဆံ"တဲ့၊ မရိုးမသားနဲ့ ရတဲ့ပိုက်ဆံဟာ မြွေလှေကား ကစားပွဲထဲက လှေကား တက်ရသလိုပေါ့ဗျာ။မတော်ရင် ဘေးက မြွေပါးစပ်ထဲ အံဝင်ခွင်ကျ ရောက်သွားတတ်တာပဲမလား။သူတို့ရဲ့ ...
movie

Mosagallu (2021)

2021