Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maher El Hares
5.1
The End of Sex (2022)
The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie
The End of Sex (2022)
2022
7.6
BlackBerry (2023)
BlackBerry (2023)ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | ...
movie
BlackBerry (2023)
2023