Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maggie Lau Sze-Wai
6.2
The Myth (2005)
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie
The Myth (2005)
2005
6.0
The Twins Effect (Vampire Effect) (2003)
၂၀၀၃ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောင်ကောင်အက်ရှင်ဟာသကားလေး တင်ဆက်ပေးချင်ပါတယ်။ Initial Dနဲ့ Internal Affairs ဇာတ်ကားတွေမှာ ပါဝင်ဖူးတဲ့ Edison Chenက ခေါင်းဆောင်ပါဝင်ထားသလို Jackie Chanနဲ့ Karen Mokတို့လည်း cameoအနေနဲ့ ပါဝင်ထားပါသေးတယ်။အနာဂတ်ကာလမှာ သွေးစုပ်ဖုတ်ကောင်မျိုးနွယ်တွေ ကမ္ဘာတစ်ဝန်းကြီးစိုးလာသလို သွေးစုပ်ကောင်နှိမ်နင်းရေး အဖွဲ့အစည်းတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ရိဗ်၊ ညီမဖြစ်သူ ဟယ်လန်နဲ့ပါတနာ ဂျစ်ပစီတို့ကလည်း သွေးစုပ်ကောင်မုဆိုးတွေပေါ့။ဒီလိုနဲ့ သူတို့နေထိုင်ရာ ဟောင်ကောင်ကို ဥရောပနွယ်သွေးစုပ်ကောင်တွေ ရုတ်တရက်ရောက်လာကြပါတယ်။ သူတို့တွေ ရောက်လာရတဲ့အကြောင်းရင်းက သွေးစုပ်ကောင်သမ္မာကျမ်းစာအုပ်လို့ ပြောနိုင်တဲ့ "Day For Night"စာအုပ်ကို ဂိုဏ်းတွေလုရာမှ စတင်ခဲ့တာပါ။ဒီစာအုပ်ရဲ့အစွမ်းကို ပိုင်ဆိုင်ဖို့လိုအပ်တဲ့အရာက မူလပိုင်ရှင်ဖြစ်တဲ့ တော်ဝင်မိသားစု မင်းသား၆ပါးရဲ့ သွေးပါ။ ဒီထဲကမှ ပဥ္စမမင်းသားဖြစ်တဲ့ ကာဇမ်က ဟောင်ကောင်ကို ရောက်လာပြီး ရိဗ်ရဲ့ ညီမလေးဟယ်လန်နဲ့ ရေစက်သွားဆုံပါတယ်။ဒီလိုနဲ့ စာအုပ်အစွမ်းကို ပိုင်ဆိုင်ချင်တဲ့ ဥရောပမျိုးသွေးစုပ်ကောင်တသိုက်နဲ့ တစ်ဖက်က တော်ဝင်မင်းသားနဲ့ သွေးစုပ်ကောင်မုဆိုးတို့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဟာသအက်ရှင်ဆန်ဆန် ...
movie
The Twins Effect (Vampire Effect) (2003)