Channel Myanmar

Magdalena Manville

The Prince & Me 2: The Royal Wedding (2006)
The Prince & Me 2: The Royal Wedding (2006) The Prince & Me II : The Royal Wedding (2006)The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ........။ File size…(2.3 GB) / (1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by TMMT
movie

The Prince & Me 2: The Royal Wedding (2006)

The I Inside (2004)
The I Inside (2004) ကြိမ်ဖန်များစွာ ပြန်ပြင်ဆင်ချင်မိတဲ့အချိန်တွေဆိုတာ လူသားတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒီဇာတ်လမ်းအကျဥ်းကတော့ ကားတိုက်မှုတစ်ခုကနေ သတိပြန်ရလာတဲ့မစ္စတာကေဘယ်က ၂နှစ်တာမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်မှာ ဖြစ်ပျက်ခဲ့သမျှမှတ်ဉာဏ်အပိုင်းအစတွေကို တစ်ခုချင်းပြန်လည်ရှာဖွေတော့တယ်။ မှတ်ဉာဏ်တွေကို သတိရလာသလိုမဟုတ်ပဲ ကိုယ်ကိုယ်တိုင် အတိတ်ကိုရောက်သွားသလိုဖြစ်လာခဲ့တယ်။ လူမှုရေးဖောက်ပြန်မှုတွေ၊ အမွေဝေစုမတည့်တဲ့အစ်ကိုနဲ့ မစ္စတာကေဘယ်ကြား အဖြစ်အပျက်တွေ၊ ဆေးရုံနဲ့ အမွေဆိုင်အိမ်ကြားမှာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတဲ့ မစ္စတာကေဘယ်ရဲ့မှတ်ဉာဏ်တွေ...နောက်ဆုံးမှာတော့ ဖြစ်ပျက်နေသမျှအရာအားလုံးရဲ့ အကြောင်းအရင်းအမှန်ကိုသိခဲ့ရပါတယ်။ ဒီကားကတော့ နောက်ဆုံးဇာတ်သိမ်းခန်းမှာမှ ဇာတ်ဖြည်ပေးတဲ့ကားမျိုးပါ။ မစ္စတာကေဘယ်က တကယ်တမ်းဘာတွေဖြစ်ခဲ့တာလဲ၊ ပြန်လည်ပြင်ဆင်ချင်တာတွေကိုရော ပြင်ဆင်ခွင့်ရပါ့မလား၊ အတိတ်ရဲ့အမှားတစ်ခုကနေ လွတ်မြောက်ခွင့်ရနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားလို့ရပါပြီ။File size…(2 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Drama, Thriller, Mistery, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The I Inside (2004)

Monster (2003) 7.3
Monster (2003) IMDb Rating (7.3) / Rotten Tomatoes (81%)ဒီဇာတ်ကားက အမေရိကန်မှာ လူ ၇ ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ပြည့်တန်ဆာမ Aileen Wuornos အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်...အယ်လင်းအဖြစ် မင်းသမီး Charlize Theron မှ အကောင်းဆုံးသရုပ်ဆောင်ထားပြီး အကယ်ဒမီဆုပါ ရရှိခဲ့တာပါ။၂၀၀၃ ခုနှစ်ရဲ့ ရုပ်ရှင်ဆုပေးပွဲအမျိုးမျိုးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ်Charlize Theron အနေနဲ့ ဆုတွေအများကြီးရရှိခဲ့သလို သူ့ရဲ့ရုပ်ဖျက်ထားတဲ့သရုပ်ဆောင်ချက်တွေက သက်ဝင်လွန်းပါတယ်။ဘဝဆိုတာ ရှည်လျားကောက်ကွေးပြီး အလှည့်အပြောင်းများလှတာမို့...လိုတာမရ၊ ရတာမလိုတဲ့အပြင် စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျတာတွေ တစ်ပုံကြီးပါ ..အယ်လင်းဟာ ငယ်ငယ်က နာမည်ကျော်စတားတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့ရပါတယ် ..လောကကြီးကိုစိတ်ကုန်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ရင်းဆဲလ်ဘီဆိုတဲ့လိင်တူချစ်သူကောင်မလေးနဲ့ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်ချစ်ကြိုက်မိသွားကြတယ် ..အချစ်ရေးနောက်မှာ ငွေရေးကြေးရေးကလည်းကပ်ပါလာစမြဲပါပဲ ..အယ်လင်းဟာ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီး ဆဲလ်ဘီကိုထောက်ပံ့ခဲ့ပေမယ့်မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပြည့်တန်ဆာအလုပ်ကိုနားလိုက်ရတဲ့အခါမှာတော့.......။ဖြစ်ရပ်မှန်တို့မည်သည် စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုမွန်းကြပ်တတ်တာမျိုးပဲ...လူတိုင်းဟာ ဘဝကိုအကောင်းဆုံးတည်ဆောက်ချင်ကြပေမယ့် ဘဝဆိုတာ ဘုရားသခင်ချစ်ခင်တဲ့အထဲ မပါဝင်ပါဘူး။ဟုတ်တယ်..ဘုရားသခင်က ကြွေအံကစားတယ်...ကံကြမ္မာဆိုတာ ဖြစ်ချင်ရာဖြစ်တတ်တဲ့ ဘုရားသခင်ရဲ့ ...
movie

Monster (2003)