Channel Myanmar

Magdalena Czerwińska

Unpredictable/ Nieobliczalna (2024)
Unpredictable/ Nieobliczalna (2024)  အိမ်ထောင်ရေးဒရာမာရုပ်ရှင်ပါ။ ဒီရုပ်ရှင်ထဲမှာက အဓိကမိသားစုက နှစ်စုပါမယ်ပြောရမယ်။ ပထမမိသားစုက ဗိုအီတက်ရှ်နဲ့ မာတီနာတို့ရဲ့မိသားစု၊ သူတို့မိသားစုမှာက သမီးလေးတစ်ယောက်ရှိတယ်။ ဗိုအီတက်ရှ်က မိသားစုကိုဦးဆောင်နေတဲ့ သူဌေးတစ်ဦးဖြစ်ပြီး မိန်းမနဲ့သမီးကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ် ဒါပေမဲ့ အလွန်အမင်းချုပ်ချယ်တတ်တယ် အိမ်တွင်းအကြမ်းဖက်တယ်။မိန်းမဖြစ်သူမာတီနာက အမြဲတမ်း ဗိုအီတက်ရှ်ရဲ့မျက်နှာကိုကြည့်နေရပြီး ‌ယောက်ျားစိတ်အလိုကျ‌နေထိုင်ပေးနေရတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပမာ အမျိုးသမီးတစ်ဦး။ မာတီနာမှာ အလီစီယာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အလီစီယာမှာက တက္ကသိုလ်ကျောင်းသားအရွယ် သားယောက်ျားလေးတစ်ယောက်ရှိပြီး အလီစီယာတို့သားအမိက အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြိုးစားဖြတ်သန်းနေကြရတာ။ဒီလိုနဲ့ တရက်မှာတော့ မထင်မှတ်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ပေါက်ဖွားလာခဲ့ပြီး ဒီဇာတ်လမ်းဟာ မာတီနာရော အလီစီယာတို့မိသားစုနှစ်ခုလုံးအတွက် ပျက်ကိန်းဆိုက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေ၊ လူသားတွေရဲ့ ဆန်းကြယ်လှတဲ့လိင်မှုလိုအင်ဆန္ဒတွေအကြောင်းကို နှံ့နှံ့စပ်စပ်ရိုက်ကူးပြသထားပါတယ်။**Sex scene တွေလည်း ဖောဖောသီသီပါ၀င်လို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး** File size…(1.4 GB)/(736 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Unpredictable/ Nieobliczalna (2024)

Gods (2014) 7.6
Gods (2014) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ဆေးလောကနဲ့ သက်ဆိုင်တဲ့ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bogowie ပါ။2014 ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 7.6 နဲ့Rotten tomatoes မှာ rating 82% ရထားတဲ့ဇာတ်ကားဖြစ်သလို ပိုလန်နိုင်ငံက ချီးမြှင့်တဲ့ရုပ်ရှင်ဆုတွေအများကြီး ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‌ပိုလန်နိုင်ငံမှာ ပထမဆုံး နှလုံးအစားထိုးကုသမှုကို ဦးစီးဆောင်ရွက်ခဲ့တဲ့ဒေါက်တာရလီဂါအကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းပြောပြရရင် ဒေါက်တာရလီဂါဟာနှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ ခွဲစိတ်မှုများစွာလုပ်ဆောင်ရသလို ခွဲစိတ်မှုမအောင်မြင်ဘဲဆုံးပါးသွားရသူတွေလည်း အများကြီးပါ။ဒေါက်တာရလီဂါဟာ လူတွေ နှလုံးရောဂါကြောင့်မသေကြစေဖို့အတွက် နှလုံးအစားထိုးကုသဖို့စိတ်ကူးကို အကောင်အထည် ဖော်ချင်ခဲ့တယ်။ဒါပေမဲ့ အထက်လူကြီးတွေက လက်အခံခဲ့ပါဘူး။နောက်တော့ ဒေါက်တာရလီဂါက သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့နှလုံးအစားထိုးကုသမှုကို ‌ဆောင်ရွက်ဖို့ လုပ်လက်စ ဆေးရုံက နုတ်ထွက်ခဲ့ပြီးကိုယ်ပိုင်ဆေးရုံတစ်ခု ထောင်ခဲ့ပါတယ်။ဒါပေမဲ့လည်း ဘဝဆိုတာ ထင်သလို မလွယ်ကူတာမလို့ဒေါက်တာရလီဂါတစ်ယောက် ဆေးရုံကို ဦးစီးနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊သူ နှလုံးအစားထိုးကုသမယ့် လူနာတွေကရော ...
movie

Gods (2014)

Johnny(2022) 7.0
Johnny(2022) Johnny(2022)*************ဖြစ်ရပ်မှန်ကိုဇာတ်အိမ်တည်ထားပြီး လူတိုင်းဒုတိယအခွင့်အရေးနဲ့ထိုက်တန်တာမလို့အားလုံးအပေါ်မေတ္တာတရားထားပေးသင့်ကြောင်းကို ရိုးရိုးရှင်းရှင်းရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်အဖြစ် ဘုန်းတော်ကြီးတစ်ပါးနဲ့ ရာဇဝတ်သားတစ်‌ယောက်ပါဝင်ပါတယ်။ ဒီဘုန်းတော်ကြီးဟာ မိမိယုံကြည်ရာကို တစ်စိုက်မတ်မတ်လုပ်တတ်တဲ့သူ၊လူသားတိုင်းအတွက်အနစ်နာခံ ပေးဆပ်သူပေ့ါ။ တစ်နေ့ကျတော့ ဘုန်းတော်ကြီးဆီကို ရာဇဝတ်သားဟာ သူ့ရဲ့ပြစ်မှုစောင့်ကြည့်ကာလအတွင်းလူထုအကျိုးပြုအလုပ်လုပ်ဖို့ဆိုပြီး အလုပ်လာတောင်းပါတော့တယ်။ ဒီလိုနဲ့ပဲ လူတစ်ယောက်ဟာ ဘဝရဲ့ တန်ဖိုးအရှိဆုံးအရာတွေထဲကတစ်ခုဖြစ်တဲ့ဒုတိယအခွင့်အရေးကိုအသုံးချပြီး ဘယ်လောက်အထိပြောင်းလဲပစ်နိုင်လဲဆိုတာမြင်တွေ့ရမယ့် Biographyကားကောင်းလေးတစ်ကားဖြစ်ပါတယ်..File Size :(1.8GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:59:00 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Johnny(2022)