Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Madison Smith
5.5
Engaged to be Murdered (2023)
တစ်ခါတလေကျ ဘဝမှာ ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ်။ ဘဝဆိုတာ တခါတလေ ရိုးရှင်းမှုမရှိဘဲ ရှုပ်နေတတ်ပါတယ်။ Engaged to be Murdered ဟာ ၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားဖြစ်ပြီး အမေတစ်ယောက်ရဲ့ချစ်ခြင်းနဲ့ ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းအားအကောင်းမွန်ဆုံးပြသသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့Jack ကတော့ Amanda ရဲ့အချစ်ဆုံးတစ်ဦးတည်းသောသားဖြစ်ပါတယ်။ သူဟာစင်္ကာပူမှာ အလုပ်လုပ်ရင်း Olivia ဆိုတဲ့ မိန်းမချောလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ချစ်ကျွမ်းဝင်ရုံမကပဲ မင်္ဂလာပါတစ်ခါတည်း ဆောင်ဖို့ရည်ရွယ်ထားကြပါတယ်။ ခက်တာက Amanda ဟာသူ့ရဲ့တစ်ဦးတည်းသောသားလေး မိန်းမယူမယ့်ကိစ္စကို အမေတစ်ယောက်အနေနဲ့ ချင့်ချိန်ရမှာတွေရှိတာမလို့ သဘောချက်ချင်းမတူခဲ့ပါဘူး။ Jack ကလည်း Olivia မှ Olivia ဖြစ်နေတာမလို့ ဘာတွေဆက်ဖြစ်ကြမှာလဲကြည့်လိုက်ကြပါ။ဇာတ်လမ်းပြီးခါနီးထိခန့်မှန်းမရလောက်တဲ့ဇာတ်လမ်းမလို့ အတော်လေးဆွဲဆောင်မှုရှိပါတယ်။ တစ်ခုပြောချင်တာက လူကြီးမင်းတို့ထင်နေသလိုမဟုတ်ဘူးဆိုတာပါပဲ..... File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre... Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie
Engaged to be Murdered (2023)
5.8
A Mother’s Nightmare (2012)
A Mother's Nightmare (2012) "မိခင်သောက" IMDb - 5.8/10ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ...
movie
A Mother’s Nightmare (2012)
2012
6.6
Nikki & Nora: Sister Sleuths (2022)
Hunter King၊ Rhiannon Fish၊ Madison Smith၊ Mike Dopud၊ Burkley Duffield တို့ပါဝင်ထားတဲ့ crime- detective ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ ကနေဒီယန်ဒါရိုက်တာ Kevin Fair ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အမွှာညီအစ်မနှစ်ယောက်ရှိခဲ့လေသည်ဆိုတာနဲ့ စရပါမယ်။ ကျေးညီနောင်ဇာတ်လမ်းထဲကလို မုန်တိုင်းမိပြီး ဓားပြလက်နဲ့ ရသေ့လက် အသီးသီးရောက်သွားတာတော့မဟုတ်ပါ။ မိဘများဆုံးပြီးနောက် ကိုယ်ယုံကြည်ရာကိုယ်လျှောက်လှမ်းရင်း နိုရာဆိုတဲ့တစ်ယောက်က ဥပဒေအကျိုးဆောင် (ရှေ့နေ) ဖြစ်သွားပြီး နစ်ကီဆိုတဲ့တစ်ယောက်ကတော့ ကြေးနည်းသရုပ်ဆောင်လုပ်ရင်း ရုန်းကန်နေပါတယ်။တနေ့မှာတော့ အနေစိမ်းပြီးခပ်ခွာခွာခွဲနေတဲ့ညီအစ်မနှစ်ယောက် မမျှော်လင့်တဲ့သေတမ်းစာပါကိစ္စတစ်ခုကြောင့် ပြန်ဆုံဖို့ဖြစ်လာပါတယ်။ အစ်မဖြစ်သူနိုရာမှာလည်း အမှုတစ်ခုကိုအကျိုးဆောင်ပေးနေရင်းတန်းလန်း သူတို့ဥပဒေအကျိုးဆောင်လုပ်ငန်းရဲ့ခေါင်းဆောင်ကိုယ်တိုင် အသတ်ခံရပြီး အခြေအနေတွေရှုပ်ထွေးလာခဲ့ပါတယ်။ သူဌေးသေဆုံးမှုမှာ မသင်္ကာစရာခြေရာ၊ လက်ရာတွေတွေ့ပြီး နိုရာတစ်ယောက်သံသယဖြစ်နေချိန် ညီမဖြစ်သူ သရုပ်ဆောင်နစ်ကီမှာလည်း အိမ်ငှားနှင်ချလို့တစ်ကြောင်း၊ သေတမ်းစာကိစ္စ ဆက်ရှင်းဖို့တစ်ကြောင်း ပေါင်းပြီးရောက်ချလာခဲ့ရာက ညီအစ်မနှစ်ယောက် ဘူမသိကိုးမသိ အမှုမှာဝင်စပ်စုမိကြပါတယ်။အဲဒီလိုဝင်စူးစမ်းမိရာကနေ နဂိုမရိုးရှင်းတဲ့အမှုကနေ သူတို့အပေါ်ဘာတွေရွာပတ်လာမလဲ၊ ညီအစ်မနှစ်ယောက်နဲ့ ...
movie
Nikki & Nora: Sister Sleuths (2022)
8.0
The Greatest Showman (2017)
The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie
The Greatest Showman (2017)
2017
4K HEVC
6.3
Aurora Teagarden Mysteries: Something New (2023)
ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Aurora teagarden ဆိုတဲ့ မိန်းကလေးဟာ ဖြစ်ရပ်မှန်မှုခင်းစာပေကို ရူးသွပ်သူတစ်ဦးဖြစ်ပါတယ်၊ သူမအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲမတိုင်ခင် ရက်ပိုင်းလေးမှာ သတို့သားက ပျောက်ဆုံးသွားခဲ့တယ်၊ ပျောက်သွားတဲ့ သတို့သားကိုရှာဖွေပေးဖို့ သူငယ်ချင်းက အကူအညီတောင်းလာတဲ့အခါ Aurora လည်း ရဲတပ်ဖွဲ့ကသူငယ်ချင်းဖြစ်သူနဲ့အတူ ကူရှာပေးဖို့ဖြစ်လာခဲ့တယ်၊ စုံစမ်းရှာဖွေကြရာကနေ သတို့သားရဲ့ အိမ်ခန်းလသာဆောင်အောက်မှာ လူသေအလောင်းတစ်လောင်းကို တွေ့ခဲ့ကြတဲ့အခါ... လူသေမှုလား..လူသတ်မှုလား.. Aurora ကရော ဖြစ်ရပ်မှန်မှုခင်းစာပေကရတဲ့ဗဟုသုတတွေနဲ့ ဒီအမှုမှာ ဘယ်လိုတွေကူညီပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်၊ genre က crime, drama, mystery ဖြစ်ပြီး IMDb rating 6.3/10 ရရှိထားပါတယ် 2015 က စတင်ထွက်ရှိခဲ့တဲ့ Aurora teagarden mysteries series ကို movie အနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် မှုခင်းဖြေရှင်းတာမျိုးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် ကြိုက်နှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်. File size…(1.3 ...
movie
Aurora Teagarden Mysteries: Something New (2023)