Channel Myanmar

Maddy Curley

Final Heat (2024) 5.5
Final Heat (2024)  လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသနတွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့ကအရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုကအားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာအကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေးတွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေးကြပါတယ်။အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်းကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမားတွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီးငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကိုငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ်ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက်ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာကအခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲတွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစားအမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Final Heat (2024)

Swiped (2018) 5.0
Swiped (2018) ဒီတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်လာတဲ့ Swipe ဆိုတဲ့ comedy ကားလေးပါဟာသတွေ တဝါးဝါးတဟားဟားနဲ့ ရယ်နေတာမျိုးမဟုတ်ပေမဲ့ ကြည့်နေရင်း ပြုံးသွားစေမယ့် ဇာတ်ကွက်လေးတွေနဲ့ မပျင်းရတဲ့ ဇာတ်ကားလေးပါဒီကားလေးထဲမှာ ဂျိမ်းစ်ဆိုတဲ့ ကွန်ပျူတာသိပ္ပံမှာ genius လေးတစ်ယောက်ဟာ ကောလိပ်တက်ဖို့ သွားရာက စပြီး အခြေတည် ရိုက်ပြထားပါတယ်သူကတော့ နေ့စဉ်ကွန်ပျူတာတွေ ဖုန်းတွေနဲ့ပဲ မျက်နှာချင်းဆိုင်နေတဲ့ ခေတ်လူငယ်လေးတစ်ယောက်ဖြစ်လို့ သူ့မိဘမောင်နှမတွေဟာ သူ့အချစ်ရေးနဲ့ လူမှုဆက်ဆံရေးနယ်ပယ်မှာ အမြဲစိတ်ပူပေးနေရပါတယ်ကောလိပ်ရောက်တဲ့အခါ တွေ့ရတဲ့ သူ့ရဲ့ အခန်းဖော်ကတော့ စော်ကြည်ဘဲတစ်ယောက်ဖြစ်နေပါတယ်ကွန်ပျူတာသိပ္ပံတန်းမှာ တော်လွန်းတဲ့ ဂျိမ်းစ်ကို သူ့အခန်းဖော် လန့်စ်က ကြင်ဖက်ရှာ app တစ်ခု ရေးပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်ဂျိမ်းစ်တစ်ယောက် လက်ခံလိုက်ပြီးနောက် လန့်စ်တောင်းဆိုတဲ့အချက်အလက်တွေအကုန်ထည့်ပေးပြီး JUNGLE ဆိုတဲ့ app လေးကို ရေးပေးခဲ့တဲ့အခါ လောကကြီးမှာ ဘာတွေ ဖြစ်ကုန်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါနော်ဂျိမ်းစ် အထက်တန်းကျောင်းကတည်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ ...
movie

Swiped (2018)

2018