Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mackenzie Crook
5.9
The Brothers Grimm (2005)
"The Brothers Grimm" ရုပ်ရှင်ကတော့သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Matt Damon၊ Heath Ledger နဲ့ Lena Headey တို့ကအဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ်ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
The Brothers Grimm (2005)
The Merchant of Venice (2004)
အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie
The Merchant of Venice (2004)
6.4
Land of the Blind (2006)
Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie
Land of the Blind (2006)
2006
6.1
In Secret (2013)
In Secret (2013)~ IMDb rating - 6.1/10 ~အဟောင်းအကောင်းတွေ မျှော်လင့်နေတဲ့ CM ပရိသတ်တွေအဖို့ 2013 ထွက် In Secret ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ဆောင်တွေကတော့ တခြားသူမဟုတ်ပါဘူး။ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား MCU ဇာတ်ရုပ်တွေဖြစ်ကြတဲ့ Scarlet Witch နဲ့ Moon Knight တို့နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Elizabeth Olsen နဲ့ Oscar Isaac, ပြီးတော့ Harry Potter ထဲက Draco Malfoy ဖြစ်တဲ့ Tom Felton တို့ဖြစ်ပြီး မမ Elizabeth ရဲ့ အလှအပတွေကို ရှုမြင်ခံစားရဦးမှာဆိုတော့ ဘာဘာညာညာ တွေးမနေပဲ ကြည့်လိုက်ကြတော့ဗျာ။မွေးကတည်းက မိတဆိုးဖြစ်ခဲ့ရရှာတဲ့ Thérèse (Elizabeth Olsen) လေးဟာ ဖခင်ရဲ့ ထပ်စွန့်ပစ်ခြင်းကိုလည်း ...
movie
In Secret (2013)
2013
7.1
Pirates of the Caribbean: At World’s End(2007)
Pirates of the Caribbean: At World's End(2007) IMDb...7.1 သူရဲကောင်းဆန်ဆန်နဲ့ ကရာကန်ကြီး ပါးစပ်ထဲ ဓားတစ်ချောင်းနဲ့ ဝင်ပြီး အားလုံးကို ပေးဆပ်သွားတဲ့နောက်တော့ ဝီလ်တန်နာနဲ့ အဲလိဇဘက်တို့နှစ်ယောက်သား ကပ္ပတိန် ဘာဘိုဆာနဲ့ ပူးပေါင်းပြီး ဂျက်ကို ဒေဗီဂျုန်းဆီကနေ လွတ်အောင် ကယ်ဖို့ ကြိုးစားရတော့တယ်။ ဒါပေမယ့် နှစ်ယောက်မရှိတဲ့ ဂျက်စပဲရိုးက သူ ဘာကောင်လဲဆိုတာကို ဂဏန်းတွေနဲ့ ပုလဲနက်နဲ့ ပြလိုက်တယ်။ ဒေဗီဂျုန်းကိုလည်း လော့ဒ် ဘက်ကပ်တ်က ထိန်းချုပ်ထားပြီး ပင်လယ်ပြင်တခွင်တစ်ခုလုံးရဲ့ သင်္ဘောတွေအကုန်ကို ဖျက်ဆီးခိုင်းတဲ့နောက်တော့ ဝီလ်၊ အဲလိဇဘက်နဲ့ ဘာဘိုဆာတို့နဲ့ အတူ ကပ္ပတိန် ဂျက်စပဲရိုးပါ တိုက်ပွဲထဲ ဝင်ပါလာရတော့တယ်... -------------------------------------------------------------------------------------- File Size : (8.8GB )(4.24GB) and (1.53GB) Quality : Blu-Ray 4KHEVC, 1080p 5.1CH,720P Format…mp4 Duration…02:49:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie
Pirates of the Caribbean: At World’s End(2007)
2007
4K HEVC
7.3
Pirates of the Caribbean: Dead Man’s Chest(2006)
Pirates of the Caribbean: Dead Man's Chest(2006)အညွှန်း ************************************************** IMDb....7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi ...
movie
Pirates of the Caribbean: Dead Man’s Chest(2006)
2006
4K HEVC
8.0
Pirates of the Caribbean: The Curse of the Black Pearl(2003)
Pirates of the Caribbean: The Curse of the Black Pearl(2003) IMDb...8,,,Rotten....79% ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်.. ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း ...
movie
Pirates of the Caribbean: The Curse of the Black Pearl(2003)
2003
4K HEVC
7.7
Finding Neverland(2004)
Finding Neverland(2004)IMDb...7.7,,,,Rotten...88%(အတော်ကြီးလန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့်တင်ဆက်ပေးထားပါသည်...)ဒီတစ်ခေါက်မှာတော့ ကားကောင်းကားဟောင်းတစ်ခုဖြစ်တဲ့ Johnny Depp နဲ့ Kate Winslet တို့ရဲ့Finding Neverland ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Finding Neverlandဟာ ပြဇာတ်ရေးဆရာ J.M Barrie (Johnny Depp) နှင့် Peter Pan ဆိုတဲ့ဇာတ်ကောင်ကို ဖန်တီးဖြစ်စေခဲ့တဲ့ မိသားစုတစ်ခုကြားက ဆက်နွယ်မှုကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီးဆုပေါင်းများစွာ Oscar Nomination ဝင်ခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာသာမာန်ကြည့်နေကြ စိတ်အပန်းဖြေစရာ မိသားစုအပျော်ကြည့် ဇာတ်ကားတစ်ကားတော့မဟုတ်ပါဘူး။ .ရိုးရှင်းသလိုနဲ့ ရှုပ်ထွေးလှတဲ့ မေတ္တာတရားတွေ ဒီဇာတ်လမ်းထဲပါဝင်ပါတယ်။ Neverland ဘယ်မှာရှိတယ်ဆိုတာကို ရှာဖွေတဲ့ဇာတ်ကားလည်းမဟုတ်ပြန်ပါဘူး။ တစ်နေရာမှာ သေချာပေါက်ရှိနေပြီး ပျောက်ဆုံးနေတယ်လို့ တွေးမိနေတဲ့ပျော်ရွှင်မှုအစစ်အမှန်ကို ကျွန်တော်တို့လို သာမာန်လူတစ်ယောက်က ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါပဲ။ကျွန်တော်တို့တတွေလည်း ယနေ့အထိ ပျော်ရွှင်မှုအစစ်အမှန်ကို ရှာဖွေနေရဆဲပဲမဟုတ်လား။ဇာတ်လမ်းအကျဉ်းကတော့... ပျင်းရိဖွယ်ပြဇာတ်တွေကိုသာ ဖန်တီးမိနေတဲ့ ...
movie
Finding Neverland(2004)
6.1
Ironclad (2011)
(Unicode)IMDB 6.1RT 4.2၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ...
movie
Ironclad (2011)
2011
7.7
Christopher Robin (2018)
Trailerတွေထွက်ကတည်းက အားလုံးစိတ်ဝင်စားစွာ စောင့်မျှော်ခဲ့ရတဲ့ဇာတ်ကားသစ်လေးတစ်ကားကိုChannel Myanmarပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ အားလုံးရဲ့ အချစ်တော် Winnie the Pooh နဲ့သူ့ရဲ့ သူငယ်ချင်းလေး Christopher Robin တို့အကြောင်းရိုက်ကူးထားတဲ့Christopher Robin (2018) ပါ။ကာတွန်းဇာတ်ကောင်ကိုရိုက်ထားတာကဘာများအထွေအထူးကောင်းစရာရှိမလဲလို့ မေးချင်မေးပါလိမ့်မယ်။ဒါပေမယ့် ဒီကားလေးက ဇာတ်လမ်းအရရော ဇာတ်ဆောင်အရရောသူပေးချင်တဲ့ Theme အရရော တော်တော်လေးအဓိပ္ပါယ်ရှိပြီးမပျင်းမရိကြည့်လို့ရတဲ့ကားလေးတစ်ကားပါ။Imdb Rating 7.7/10 Rotten Tomatoes 71%တောင်ရရှိထားတာမို့ဒီလိုညွှန်းထားတာပိုရာမကျပါဘူး။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ်လောက်တင်ဆက်ပေးလိုပါသေးတယ်။အားလုံးပဲသိကြတဲ့အတိုင်း Winnie the Poohနဲ့ ခရစ္စတိုဖာရော်ဘင်တို့ဟာအတူသွားအတူကစားရင်းအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ဒါပေမယ့် လောကရဲ့ ထုံးစံအတိုင်း ဆော့ကစားနေရုံနဲ့ပြီးမသွားတဲ့ အတွက်ခရစ္စတိုဖာရော်ဘင်တစ်ယောက် တောထဲကသူ့သူငယ်ချင်းတွေနဲ့ခွဲကာလန်ဒန်မှာကျောင်းသွားတက်ရပါတော့တယ်။အဲဒီလိုနဲ့ အလုပ်တွေအရမ်းကြိုးစားကာမက်ဒီလင်းန်ဆိုတဲ့သမီးလေးတောင်ရရှိနေတဲ့ အရွယ်ရောက်လာပါပြီ။ကလေးဘဝကသူအရမ်းချစ်ရတဲ့သူငယ်ချင်းတွေကိုလဲ မေ့ပစ်လိုက်ပါပြီ။တစ်နေ့မှာတော့ Poohတစ်ယောက်သူ့သူငယ်ချင်းတွေအကုန်လုံးတောထဲမှာပျောက်သွားလို့လိုက်ရှာရင်းခရစ္စတိုဖာရော်ဘင်ဆီကိုဆန်းကြယ်စွာရောက်ရှိလာပါတော့တယ်။Poohကတော့သူအရမ်းချစ်ရတဲ့ ခရစ္စတိုဖာရော်ဘင် ...
movie
2018
6.1
Solomon Kane
Solomon Kane (2009) IMDb - 6.1/10_____Rotten - 67% မိစ္ဆာတွေ စွန့်စားခန်းတွေ တိုက်ပွဲတွေ မှော်ပညာပါတဲ့ ဇာတ်လမ်းတွေကိုမှ အားပေးချင်ပါတယ်ဆိုတဲ့ ပုရိတ်သတ်ကြီးအတွက်ဆော်လမွန်ကိန်း လာပါပြီ။ ဇာတ်လမ်းကျောရိုးလေးကို နားလည်ထားမှ ဇာတ်ကားလေးက ကြည့်ရတာအရသာရှိနေတာကြောင့် တင်ပြလိုပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာကြီး မိစ္ဆာအမှောင်ထုရဲ့ ကြီးစိုးမှု့အောက်ရောက်ရှိခဲ့ပါတယ် မှော်ဆရာတွေ မိစ္ဆာတွေ မကောင်းဆိုးရွားတွေ သူတစ်လူ ငါတစ်မင်း သောင်းကျန်းချင်တိုင်းသောင်းကျန်း နေတဲ့ခေတ်တစ်ခေတ်ပါပဲ။ အားလုံးက အတည်တကျမဖြစ် ကျီးလန့်စာစားနေနေကြရပါတယ်။ ကိုယ့်ကိုယ်ကိုမပြောနဲ့ ကိုယ့်ဝိဉာဉ်ကိုယ်တောင်မပိုင်တဲ့ ခေတ်ကြီးပါပဲ။ ဝိဉာဉ်ကို မိစ္ဆာတွေနဲ့ အလဲထပ် အလောင်းစားလုပ်လို့ရနေပြီး ကတိဆိုတာ မရှိသလောက်ဖြစ်နေပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ဖခင်ရဲ့စေတနာကို နားလည်မှု့လွဲပြီး ဆန့်ကျင်ဘက်တွေလုပ်ရာမှ သူ့ဝိဉာဉ်ကို မိစ္ဆာနဲ့အလောင်းစားလုပ်ပြီး ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေခဲ့ပါတယ်။ မိစ္ဆာကလည်း အချိန်စေ့တာကတစ်ကြောင်း မနိုင်တော့တာလဲတစ်ကြောင်းမို့ ဝိဉာဉ်ပြန်လာနှုတ်ပါတယ်။ ဒါပေမဲ့ ဆော်လမွန်ကိန်းက ပြန်မပေးပဲ အပြန်လှန်တိုက်ခိုက်ရာမှ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဆော်လမွန်ကိန်းတစ်ယောက် ပြေးရင်းပြေးရင်းမှ မိစ္ဆာတွေရဲ့ စက်ကွင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းထဲမှာ ရက်ရှည်လများစွာခိုအောင်းရင်း ဆိုးမိုက်မှု့တွေကိုစွန့်လွှတ်ကာ အေးချမ်းစွာနေထိုင်နေပါတယ်။ တစ်နေ့မှာတော့ ဘုန်းတော်ကြီးက သူ့မွေးရပ်ဇာတိကို ပြန်ပြီးအမွေဆက်ခံဖို့စေလွှတ်ပါတော့တယ်။ အေးဆေးနေချင်တဲ့ ဆော်လမွန်ကိန်းတစ်ယောက် မငြင်းသာတော့ပဲ ခရီးရှည်ကြီးကို စတင်ရပါတော့တယ်။ လမ်းခရီးကမိတ်ဆွေတွေရှိနေသလို ...
movie
Solomon Kane
2009
6.5
City of Ember (2008)
City of Ember (2008)_______IMDb - 6.5/10 ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.... စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်... ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ... ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်...အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး...ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်... ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်...(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)...ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်...ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်...ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့...... ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ဘာတွေရှိမလဲ ?? ဒါတွေကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြပါခင်ဗျာ...ဒီကားလေးကြည့်ပြီးတဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အတွေးထဲမှာ ဒီကားလေးက ...
movie
City of Ember (2008)