Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Macaulay Culkin
4.8
Zoolander 2 (2016)
၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie
Zoolander 2 (2016)
2016
Saved! (2004)
ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ ...
movie
Saved! (2004)
Getting Even with Dad (1994)
Getting Even with Dad (1994) IMDb - 4.9/10Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Getting Even with Dad (1994)
1994
7.3
Entergalactic (2022)
Entergalactic (2022)~ IMDb - 7.3/10, Rotten Tomatoes - 97% ~"အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆမွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး"လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ဒီမှာတော့ Street ...
movie
Entergalactic (2022)
2022
6.1
The Pagemaster (1994)
ကဲ... ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။ပျော်စရာလည်းကောင်းမယ်။ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူးအရမ်းကောင်းတယ် ကြည့်... ဒါပဲ... ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့်အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီးကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။ အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်းသံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီးကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။ လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက် ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက် စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်.... File size… 2.3 GB / 615 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20 m Genre ..... Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJo Va
movie
The Pagemaster (1994)
1994
6.4
The Good Son (1993)
The Good Son (1993)IMDb Rating (6.4)Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။ Child's Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးက ........ -Spoiler Alert-............... ၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။ မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။ အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့ ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ.. ဒါပေမယ့် သိပ်မကြာခင်မှာပဲ ...
movie
The Good Son (1993)
6.9
My Girl (1991)
My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie
My Girl (1991)
1991
6.7
Home Alone 2: Lost in New York (1992)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Instead of flying to Florida with his folks, Kevin ends up alone in New York, where he gets a hotel room with his dad's credit card—despite problems from a clerk and meddling bellboy. But when Kevin runs into his old nemeses, the Wet Bandits, he's ...
movie
Home Alone 2: Lost in New York (1992)
1992
HEVC 1080p 5.1
7.5
Home Alone (1990)
ခရစ်စမတ်ကာလရောက်ရင် ကြည့်ရမယ့်ဇာတ်ကားတွေထဲမှာ Home Alone ဇာတ်ကားတွေကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။Comedy, Family အမျိုးအစားဖြစ်တာကြောင့် နားရက်မှာ မိသားစုနဲ့ အပန်းဖြေဖို့သင့်တော်တဲ့ဇာတ်ကားတွေပါ။Home Alone ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=home+alone မှာဒေါင်းလို့ရပါတယ်။++++++++++++Plot;Eight-year-old Kevin McCallister makes the most of the situation after his family unwittingly leaves him behind when they go on Christmas vacation. But when a pair of bungling burglars set their sights on Kevin's house, the plucky kid stands ready to defend his territory. By ...
movie
Home Alone (1990)
1990
HEVC 1080p 5.1
5.6
Changeland (2019)
ဒီဇာတ်လမ်းလေးကတော့ ဘရန်ဒန်တစ်ယောက် မိန်းမယူပီး ၂နှစ်ကြာတော့ မိန်းမကဖောက်ပြန်နေတယ်သိလာခဲ့တယ်... မိန်းမကိုလည်းခံစားရတာတွေမပြောချင် စိတ်ထဲမှာလည်း မွန်းကြပ်လာတာနဲ့ Anniversary နေ့ကြီးမှာ မိန်းမကိုမပြောပဲ ထိုင်းကိုအပျော်ခရီး ခိုးထွက်လာရာက သူငယ်ချင်း လူပျိုကြီး ဒန်နဲ့တွေ့ပီး နှစ်ယောက်သား ကဲကြတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပုံစံလေးပါပဲ။ ဒီဇာတ်လမ်းမှာ ထိုင်းနိုင်ငံရဲ့ tour အပန်းဖြေနေရာတွေရဲ့ အလှအပတွေနဲ့ သူငယ်ချင်းတွေ ခရီးထွက်ရင် ပျော်စရာအလွဲတွေကိုလည်း ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဘရန်ဒန်နဲ့ဒန်တို့ ဘယ်လိုအလွဲတွေလုပ်ပီး ဘယ်လိုပျော်ကြမလဲဆိုတာတော့ ဇာတ်ကားလေးကိုပဲ ဆက်ကြည့်လိုက်ရအောင်..... ဇတ်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ May Thu Kyaw ဖြစ်ပါတယ်။
movie
Changeland (2019)
2019