Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Macarena García
A Hipster in Rural Spain (2024)
ဒီနှစ်မှအသစ်ထွက်ရှိလာတဲ့ စပိန်စကားပြောရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအမျိုးအစားက Romance/Comedy အမျိုးအစားဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်ဒေသရောက် Hipster တစ်ယောက်လို့ အဓိပ္ပာယ်ရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံရေးပါတီတစ်ခုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ ကီကေးက စပိန်ကျေးလက်ဒေသပြုပြင်ပြောင်းလဲရေးအစီအစဥ်အရ ဝေးလံခေါင်သီတဲ့ လာကညာဒါလို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်တော့ လီနာနဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်ပင်ပြီး ကီကေးကိုကန်ထုတ်လိုက်တဲ့သဘောပါ။မြို့လေးကိုရောက်သွားချိန်မှာတော့ လိင်တူအခွင့်အရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျားမတန်းတူရေးနဲ့ တိရစ္ဆာန်အခွင့်အရေးတွေကို ပါးစပ်ကမချတဲ့ မက်ဒရစ်မြို့သားကီကေးနဲ့ ရှေးအစဥ်အလာတွေကို ထိန်းသိမ်းဖက်တွယ်ထားတဲ့ လာကညာဒါမြို့သူမြို့သားတို့အကြား ပဋိပက္ခတွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲမြို့လေးကို ပြုပြင်ပြောင်းလဲမယ်ဆိုပြီး ကီကေးတစ်ယောက် မြို့တော်ဝန် ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာတွေဆက်ဖြစ်မလဲကြည့်ရှုရမှာပါ။ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ကြည်နူးစရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်နိုင်ငံကျေးလက်မြို့လေးတစ်ခုမှာ တည်ထားတာဖြစ်လို့ ဥရောပကျေးလက်ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပရုပ်ရှင်နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / ...
movie
A Hipster in Rural Spain (2024)
7
Mrs. Influencer (2023)
Senora Influencer (2023)အခုခေတ်မှာ ဆိုရှယ်မီဒီယာဆိုတာ လူတိုင်းရဲ့နိစ္စဓူဝမှာ မပါမဖြစ်အရာတစ်ခု ဖြစ်လာနေပါပြီ။ ကိုယ်တိုင်သိ၍ဖြစ်စေ မသိ၍ဖြစ်စေ တန်ဖိုးရှိတဲ့အချိန်တွေကို ဆိုရှယ်မီဒီယာမှာ မွှေနှောက်ရှာဖွေရင်း အတင်းအဖျင်းတွေ ပွဲတွေရှာဖတ်ရင်း ဖြုန်းမှန်းမသိ ဖြုန်းမိနေတာပေါ့။ ဒီလိုပြောနေတဲ့ ကျွန်တော်သည်လည်း ဆိုရှယ်မီဒီယာမှာ နစ်မျောနေတဲ့သူတစ်ယောက်ပါပဲ။ ဒါပေမဲ့ လိုတာထက်ပိုလာရင် ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့ကလေးတွေအတွက်တော့ ဒီဆယ်လီရူးရောဂါက အတော်ကြီးတဲ့ဒုက္ခဖြစ်လာမှာပါ။ အခုဒီကားလေးကတော့ ဆိုရှယ်မီဒီယာရဲ့ လူထုအပေါ်သက်ရောက်မှုကို တစ်စေ့တစ်စောင်း မီးမောင်းထိုးပြထားတာပေါ့။ဖာတီမာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါကြောင့် ကုသမှုခံယူနေရတဲ့သူပေါ့။ ဒါပေမဲ့ အရူးကိုအရူးလို့ပြောရင် အရူးစိတ်ဆိုးသလိုပဲ ဖာတီမာကိုလည်း သူ့မိဘတွေက စိတ်ရောဂါကုဖို့ပြောရင် ဖာတီမာ အရမ်းစိတ်ဆိုးပါတယ်။ ဒါပေမဲ့လည်း မကုရင် ရင့်လာမယ့်ရောဂါဆိုတော့ အဖေကဘာမှမေးနေပြောမနေတော့ဘဲ ဖာတီမာကို ဆေးတွေအတင်းတိုက်ပြီး အိမ်ထဲပိတ်ထားတာပေါ့။ ဒီလုပ်ရပ်က မှန်လားမှားလားတော့မသိပေမဲ့ ဖာတီမာအတွေးထဲမှာတော့ အဖေကသူ့ကိုအဆိပ်တိုက်ပြီး အိမ်ထဲပိတ်ထားတယ်၊ အမေကလည်း သူ့ကိုယ်သူသတ်သေသွားတယ်ဆိုတဲ့ စိတ်ဒဏ်ရာတွေ ကြီးစိုးနေတာပေါ့။တစ်နေ့မှာ ဖာတီမာတစ်ယောက် အဖေ့ပိုက်ဆံကိုခိုးပြီး ဂျက်ကီဆိုတဲ့ life style influencerရဲ့ ဆွေးနွေးပွဲတက်ရာကနေ ဂျက်ကီရဲ့ ကမ္ဘာကြီးကို မဟားတရားအကောင်းမြင်တဲ့ အချိုသပ်စကားတွေထဲ မျောပြီး အရူးတောင်ပံတပ်သလို ဖြစ်နေချိန် ဖုန်းဝယ်လိုက်ချိန်မှာတော့ ဘဝမှာကွက်လပ်တွေပြည့်နေတဲ့ ...
movie
Mrs. Influencer (2023)
2023
6.5
Advantages of Travelling by Train (2019)
Ratingကောင်းတွေရရှိထားတဲ့ စပိန်Mystery, Thrillerဇာတ်ကားတစ်ကားပါ။တစ်ကားလုံးခန့်မှန်းလို့မရတဲ့ဇာတ်လမ်းကြားမှာဖုံးကွယ်ထားတဲ့ဇာတ်လမ်းတွေထည့်ပြီး စပရိုက်တွေထထလုပ်ပါတယ်။အယ်ဒီတာအမျိုးသမီးတစ်ယောက် အိမ်ပြန်ရောက်တဲ့အခါသူ့ယောက်ျားဖြစ်သူရူးနှမ်းနေတာမြင်သွားတဲ့နောက်စိတ်ကျန်းမာရေးဆေးခန်းပို့ပြီးအပြန် ရထားပေါ်မှာစိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ဆုံပြီးဆရာဝန်ကသူ့ကို စိတ်ဝင်စားစရာဇာတ်လမ်းတွေပြောပြပါတယ်။ဆရာဝန်မှာပဲစိတ်ဝင်စားစရာဇာတ်လမ်းတွေရှိတာမဟုတ်ပဲအမျိုးသမီးမှာလည်းဇာတ်လမ်းတွေနဲ့ပါ။ဘာဇာတ်လမ်းတွေလည်းဆိုတာ အရသာပေါ့သွားမှာစိုးလို့ မပြောတော့ပါဘူး။ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါ။(ရွံစရာကောင်းတဲ့အခန်းနှစ်ခန်းလောက်ပါတာမို့ ရွံတတ်ရင်အစာစားရင်မကြည့်ပါနဲ့)ကြည့်ပြီးရင်အားရမယ့်ဇာတ်ကားတစ်ကားဆိုတာအသေအချာပါပဲ။စပရိုက်လုပ်မယ့်သူမရှိရင် ဒီကားကစပရိုက်လုပ်ပေးပါလိမ့်မယ်။ File Size : ( 967 MB , 286 MB) Quality : WEB-DL 720p Running Time : 1 hr 43 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin
movie
Advantages of Travelling by Train (2019)
5.3
Despite Everything (2019)
နယူးရော့ခ်မှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအလုပ်တစ်ခုပဲအာရုံစိုက်ပြီး အချစ်ဟောင်းကိုမေ့ဖို့ကြိုးစားနေတဲ့ ဆယ်ရာပတ်ဝန်းကျင်ရဲ့စကားတွေကိုကြောက်တတ်ပြီးအိမ်ထောင်ရေးအဆင်မပြေမှုကိုမိသားစုကိုဖုံးကွယ်ထားတဲ့ ကလော်ဒီယာအနုပညာကိုဝါသနာပါပြီး ပန်းချီဆရာမတစ်ယောက်ဖြစ်တဲ့ Lesbian ဆိုဖီယာရည်းစားခပ်ရှုပ်ရှုပ်နဲ့ မိဘတွေကိုအရွဲ့တိုက်ပြီးရှင်သန်နေတဲ့ လူစီယာဒီညီအစ်မလေးယောက် တစ်ယောက်တစ်နေရာ တစ်ယောက်တစ်ဘဝစီရှင်သန်နေထိုင်ကြတယ်...တစ်နေ့မှာ မိခင်ဖြစ်သူဆုံးပါးကြောင်း အကြောင်းကြားခံရပြီး မွေးရပ်မြေကိုပြန်လာကြတယ်....မိခင်ဖြစ်သူရဲ့သေတမ်းစာမှာ သူမတို့လေးယောက်ရဲ့လက်ရှိအဖေဟာအဖေရင်းမဟုတ်ကြောင်း တစ်ယောက်စီမှာအဖေတစ်ယောက်စီရှိကြောင်း မှာကြားထားလို့...တစ်ယောက်ချင်းစီရဲ့အဖေတွေကိုရှာပုံတော်ဖွင့်ပွဲဆင်နွှဲမယ့် ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပါတယ် File Size : (735 MB , 240 MB ) Quality : WEB-DL 720p Running Time : 1 hr 18 min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Htoo Htoo Ka Joe Encoded by Moe Myint Lwinzawgyiနယူးရော့ခ်မှာအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအလုပ်တစ်ခုပဲအာရုံစိုက်ပြီး အချစ်ဟောင်းကိုမေ့ဖို့ကြိုးစားနေတဲ့ ...
movie