Channel Myanmar

Mac McDonald

Aliens (1986) 8.4
Aliens (1986)   Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie

Aliens (1986)

1986
Memphis Belle (1990) 6.9
Memphis Belle (1990)  အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie

Memphis Belle (1990)

Star Wars: Episode V – The Empire Strikes Back (1980) 8.7
Star Wars: Episode V – The Empire Strikes Back (1980) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode V – The Empire Strikes Back (1980)

4K HEVC
Superman IV: The Quest for Peace (1987) 4.7
Superman IV: The Quest for Peace (1987) Superman IV: The Quest for Peace (1987) ==============================စူပါမန်း 4 က 1980 ကျော်ကာလတွေက စူပါမန်းကားတွေရဲ့ အဆုံးသတ်ဖြစ်ပါတယ်။ စူပါမန်း 2 မှာ အဖမ်းခံခဲ့ရတဲ့ လက်စ် လူသာက ထောင်ကပြန်လွတ်လာပြီး စူပါမန်းဆံချည်မျှင်ကနေ DNA ယူကာ နယူးကလီးယားမန်းဆိုတဲ့ Villain ကိုတည်ထွင် လိုက်ပါတယ် ။စူပါမန်းကို ဖျက်စီးပြီး ကမ္ဘာကိုအုပ်စိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်စ်လူသာတီထွင်လိုက်တဲ့ နယူးကလီးယားမန်းက နောက် ပိုင်းမှာ သူကိုယ်တိုင်မထိန်းချုပ်နိုင်တော့ဘဲ အနိုင်ယူဖြေရှင်းဖို့က စူပါမန်းရဲ့တာ၀န်ဖြစ်လာပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.9 GB) / (646 MB) / (424 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Sci-Fi Translator.......Thiha Yan Naing Encoder..........SWM
movie

Superman IV: The Quest for Peace (1987)

1987
Control(2004) 6.2
Control(2004) အကျင့်ဟောင်းတွေဆိုတာက ဖျောက်ဖို့ခက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အကျင့်ဆိုးတွေကိုပျောက်သွားစေမဲ့ ဆေးဆိုတာပေါ်လာခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ။ လီ‌ရေးလ်ဟာ ကလေးဘဝတုန်းကကြုံခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် အသက်ကြီးလာတဲ့အခါမှာလည်း လူဆိုးတယောက်ဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာ သူကျူးလွန်ခဲ့တဲ့ လူသ-တ်မှုတွေကြောင့် သူ့ကို ဆေးထိုးသ-တ်ဖို့ တရားရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ ဒီလိုနဲ့သေဒဏ်ကိုကျခံခဲ့လိုက်ရပေမဲ့လည်း သူကတကယ်မသေသေးပဲ သူ့ရဲ့ဘဝမှာကောင်းတာတစ်ခုလောက်လုပ်ဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ အဲတာကတော့ အန်နာဂရက်စ်ဆိုတဲ့ စိတ်ကို ပြောင်းလဲစေပြီး အပြုအမူတွေကိုပါပြောင်းလဲပေးတဲ့ ဆေးစမ်းသပ်ချက်မှာပါဝင်ပေးဖို့ပါ။ ဆေးကလည်းအသစ်ဖြစ်တဲ့အပြင် အခုမှလူတွေအပေါ်မှာစတင်စမ်းသပ်မှာဖြစ်လို့ ဘယ်လိုဘေးထွက်ဆိုးကျိူးတွေရှိလည်းဆိုတာကိုမသိရသေးတဲ့ဆေးပါ။ ဒီလိုနဲ့ သူ့အတွက်လည်းရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာမလို့ စမ်းသပ်ခံလုပ်ပေးဖို့ သဘောတူလိုက်ရပြီး ဆေးကတကယ်ပဲ အာနိသင်သက်ရောက်မလား၊ ဘေးထွက်ဆိုးကျိုး တွေရှိပြီးသူ့ရဲ့အတိတ်ဟောင်းကလိုက်ပြီး ခြောက်လှန့်နေဦးမလား ဆိုတာကို အကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှုကြရမှာပါ။Goodfellas မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Ray Liotta နဲ့ Green Goblin နေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Williem Dafoe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…1.95GB / 717.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Action ...
movie

Control(2004)

Flyboys(2006) 6.7
Flyboys(2006) Flyboys(2006)*************ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်‌ကိုပြန်ရိုက်ကူးထားတာပါ။ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါ‌သေးတော့ စစ်တိုက်ချင်တဲ့၊‌ လေယာဉ်မောင်းချင်တဲ့အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။ အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။ မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်းအရက်တွေပဲသောက် ‌နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာ‌တွေကိုတဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။File Size :(2.7GB) (1.1 GB) and (335MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:20:00 Genre : Action, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Flyboys(2006)

The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)