Channel Myanmar

M. N. Qomaruddin

Menjelang Ajal aka Nearing Death (2024) 6.7
Menjelang Ajal aka Nearing Death (2024) Menjelang Ajal 2024 Imdb 6.7အသစ်ထွက်ရှိလာတဲ့အင်ဒိုသရဲကားကောင်းကိုတင်ဆက်ပေးထားပါတယ် သရဲကားကောင်းကောင်းရှာနေသူများအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါပဲလို့ညွှန်းဆိုလိုက်ပါတယ်မိသားစု၄ယောက်ကို စားသောက်ဆိုင်လေးဖွင့် အလုပ်ကြိုးစားပြီးရှာဖွေကျွေးမွေးနေတဲ့ဆဲခါ သားအကြီးဆုံးကို ကောလိပ်ပို့ချင်ပေမဲ့ သားဖြစ်သူကကျောင်းဆက်မတက်ဘဲ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်မယ်ဆိုလို့ အိမ်ပေါ်ကနှင်ချထားတော့ အိမ်မှာသူနဲ့အငယ်လေးတွေပဲကျန်ခဲ့တာပေါ့ ဒီလိုအားကိုးမရှိချိန် ထူးဆန်းတာတွေစဖြစ်လာခဲ့ပါတယ်ဇာတ်လမ်းကတော့ စားသောက်ဆိုင်ဖွင့်ထားကြတော့ သန့်ရှင်းမှုကအဓိကပဲမလား ဒါကိုအပြင်ကလူတွေက ဆိုင်ကိုညစ်ပတ်နေတယ်လို့မြင်လာကြတယ် ပိုဆိုးတာက အခုလေးတင်ပူပူလောလောချထားတဲ့ထမင်းက ဝယ်သူဝယ်သွားပြီးတော့ သိုးနေတယ်လို့ပြန်လာကွန်ပလိန်းတက်ကြတာပါပဲ စားသောက်ဖွယ်တွေကစပြီး ပြောင်းလဲလာတဲ့သူတို့အိမ်မှာကပ်ရှားနေတာက ဘာများဖြစ်မလဲ အစားအသောက်နဲ့တင်ပြီးမလာဘဲ ဘယ်လိုတွေဆက်လက်အန္တရာယ်ပေးသွားမယ်ဆိုတာကတော့ ...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ ToMo ~ Alex တို့ပဲဖြစ်ပါတယ်) File size… 1.2GB / 553MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ ToMo ~ Alex
movie

Menjelang Ajal aka Nearing Death (2024)

The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

The Corpse Washer (2024) 7
The Corpse Washer (2024) The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူImdb 7.1/10ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ်လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေ‌‌‌ဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 475MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar ...
movie

The Corpse Washer (2024)

2024
Night of Hell (2023) 5.0
Night of Hell (2023)  ငရဲညဆိုတဲ့​အင်ဒိုနီးရှား​horror ကားကောင်းလေးကိုတင်ဆက်ပေးပါရစေ..အင်ဒိုနီးရှားနိုင်ငံ​ Winongoရွာလေးဟာ ငရဲည ၃ ညတာကိုနှစ်စဥ်ဖြတ်သန်းရပါတယ်..အဲညတွေဆိုရွာသူရွာသားတွေဟာ အပြင်မထွက်ရဲကြဘဲအိမ်မှာပဲနေပြီး ကုရ်အာန်ကျမ်းကိုသာရွတ်ကြပါတယ်ငရဲညမှာသရဲတစ္ဆေတွေထကြွသောင်းကျန်းပြီးလူတွေကိုဝင်ပူးကာသတ်တာဖြတ်တာတွေ ဖြစ်တာကြောင့်အဲ ၃ ညတာက ကျိန်စာသင့်နေတဲ့ရွာလေးအတွက်တော့တကယ့်ကိုငရဲပါပဲ ဒီကျိန်စာဆိုးလိုမျိုးငရဲညတွေဟာရွာလေးအပေါ်ကို ဘယ်ကနေအစပြုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ... File size…1.18GB / 572MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Night of Hell (2023)

Andragogy (2023) 8.2
Andragogy (2023) Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie

Andragogy (2023)

2023
172 Days (2023) 6.5
172 Days (2023) 172 Days (2023)Netflix ကနေ ၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ အင်ဒိုနီးရှား Drama Romantic ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးအပေါ် အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Rating မှာလဲ IMDb 6.5 ထိရရှိထားတဲ့ အချစ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ဇီရာဟာ ပေတေလေလွင့်နေပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘဝဖြတ်သန်းနေတဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမဲ့တစ်နေ့မှာတော့ အသက်သေမလိုဖြစ်ခဲ့တဲ့ဖြစ်ရပ်ကြောင့် ဆေးရုံပေါ်ရောက်သွားပြီးမှာ ဘာသာရေးဘက်ကိုလိုက်စားပြီး စိတ်အေးချမ်းမှုကိုစတင်ရှာဖွေခဲ့ပါတယ်။ နောက်တော့ဇီရာက အစ်မဖြစ်သူနဲ့ ဗလီကျောင်းကိုလိုက်သွားခဲ့ရာမှ မထင်မှတ်ထားဘဲ ငယ်သူငယ်ချင်းတွေနဲ့တွေ့ဆုံခဲ့ရာမှ အာမာဆိုတဲ့ ဗလီဆရာလူငယ်လေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတွေ တိုးလာပြီး သံယောဇဉ်တွေတွယ်လာတဲ့နောက် လက်ထပ်ဖို့အထိဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇီရာရဲ့အတိတ်ကအရိပ်ဆိုးတွေလိုက်လာတဲ့အခါမှာတော့ ...အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Romance Quality…. 1080p | 720p File size… 1.4GB | 730MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ...
movie

172 Days (2023)

2023
Sijjin (2023) 5
Sijjin (2023) Sijjin (2023)Horror ပရိသတ်တွေ တောင်းတလွန်းလို့ Sijjin ကတော့ ကိုယ်ထင်ပြလို့လာပါပြီ။ reviewတစ်ပေါက်ကတော့ အတော်လေးညွှန်းနေကြတဲ့အပြင် ကြောက်တတ်သူတွေမကြည့်ကြဖို့ ပြောနေကြတာဆိုတော့ ကြောက်တတ်သူများကတော့ ဘေးမှာ‌ ပြေးပုန်းလို့ရမယ့် ကိုကို့ရင်ခွင်ရှိမှသာ ကြည့်သင့်ပါကြောင်း...အီမာဆိုတဲ့မိန်းကလေးဟာ ကမ္ဘာမှာအပေါဆုံး ယောက်ျားသားတွေထဲမှာမှ ချော်တောငေါ့ပြီးတော့ သူ့ရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ဂါလန်ကိုမှ အချစ်ကြီးချစ်မိပါသတဲ့။ ဆယ်ကျော်သက်ပီပီ အချစ်ကိုဘဝကြီးထင်တဲ့အရွယ်ဖြစ်တာကြောင့် သင့်တော်မတော်ဆိုတာတွေလည်းမတွေးနိုင် အစ်မဖြစ်သူပြောတာလည်း နားမဝင်လေတော့ အချစ်ရူးညီမကိုနားချဖို့ အစ်မဖြစ်သူက ဂျင်ပွဲကိုခေါ်သွားပါတော့တယ်။ဂျင်ကလည်း သူ့ကိုတားနေတဲ့ကြားက အသက်ပါရန်ရှာလာနိုင်တယ်လို့ပြောတဲ့ကြားကနေ အီမာတစ်ယောက် ပိုးဖလံလို ချစ်မီးလျှံထဲကိုမျက်စိစုံမှိတ်တိုးဝင်ပြီး ဂါလန်ကိုဆက်ချစ်ဖို့ ရွေးလိုက်ခဲ့ပေမဲ့ ဂါလန်ကတော့ ရုတ်တရက် အမေစီစဉ်တဲ့အတိုင်း နီဆာနဲ့အိမ်ထောင်ပြုလိုက်ပါတော့တယ်။လှုပ်လေမြုပ်လေဖြစ်နေတဲ့ အချစ်နွံထဲက အီမာကတော့ ဂါလန်နဲ့ ဆက်ပြီးပတ်သက်ခဲ့တာ ကိုယ်ဝန်ရလာတဲ့အထိပါပဲ။ ကိုယ်ဝန်ရလို့ တာဝန်ယူခိုင်းကာမှ ကျားတို့ထုံးစံ ဂါလန်က စားပြီးနားမလည်လုပ်ပါတော့တယ်။ဂါလန်က ဘယ်လောက်ပဲခါချနေပါစေ အီမာကတော့ လိုတာထက်ပိုပြီး စွဲလမ်းနေခဲ့ပြီမလို့ ဂါလန်ကိုရရေးတို့အရေးဆိုပြီး ဂါလန်မိန်းမနီဆာနဲ့ တစ်အိမ်လုံးကို ဂျင်နဲ့တိုက်ဖို့လုပ်ပါတော့တယ်ဂျင်ဆိုတာ‌ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးတယ်ဆိုပေမဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိတယ်ဆိုတာ အသိနောက်ကျသွားတဲ့ အီမာတစ်ယောက် ဘယ်လိုတန်ကြေးတွေနဲ့ပေးဆပ်ရမလဲဆိုတာ အသည်းတအေးအေးနဲ့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ ...
movie

Sijjin (2023)

2023
Susuk (2024) 5.5
Susuk (2024) Susuk (2024) အညွှန်းဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ‌ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း ...
movie

Susuk (2024)

2024