Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
M.Kamaraj
7.3
Shankar’s I(2015)
I 2015 ခါးကုန်းကြီး Imdb 7.4ခါးကုန်းကြီးဆိုပြီးလူသိပိုများတဲ့ တစ်ခေတ်တစ်ခါကနာမည်ကြီးရုံတင်ကားကို ကြည့်ရှုသူများရဲ့တောင်းဆိုမှုများကြောင့် ပြန်လည်တင်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ မျက်နှာကကြောက်ဖို့ကောင်းအောင် အဖုအထစ်တွေနဲ့ ခါးကုန်းကြီးတစ်ယောက်က နာမည်ကြီးမင်းသမီးဖြစ်တဲ့ဒီယာ့မင်္ဂလာဆောင်ကိုခိုးဝင်ပြီး ဒီယာ့ကိုခိုးယူခဲ့ပါတယ် မင်္ဂလာပွဲမှာမင်းသမီးပျောက်သွားလို့ ဗြောင်းဆန်ကုန်ပြီး ရဲတိုင်တဲ့လူကတိုင် ရှာတဲ့လူကရှာနဲ့ပေါ့ ဘာကြောင့်များ ဒီခါးကုန်းကြီးက မင်းသမီးကိုဖမ်းခေါ်သွားတာများလဲအတိတ်ကိုပြန်ကြည့်ရရင် လင်ဂတ်ဆန်ဆိုတာက မစ္စတာတမီလ်နာဒူချန်ပီယံရှစ်ဝင်ပြိုင်ဖို့ ဘော်ဒီကိုဗလတွေထွက်အောင်နှစ်နဲ့ချီလေ့ကျင့်ထားသူတစ်ယောက်ပါ ဒီပွဲကိုဝင်ပြိုင်ဖို့သူ့ရဲ့အတိုက်အခံက ဗလတောင့်တောင့်လူမိုက်တစ်ယောက်ပေါ့ နောက်နှစ်ဆိုအသက်ပြည့်ပြီဖြစ်လို့ ဒီနှစ်တော့သူ့ကိုအနိုင်ပေးဖို့ လင်ဂတ်ဆန်ကိုခြိမ်းခြောက်ရင်း ရန်စရှိခဲ့တဲ့သူတို့၂ယောက်အနေနဲ့ ရှေ့လျှောက်ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဒီယာဆိုတာ လင်ဂတ်ဆန်အသည်းစွဲမင်းသမီးတစ်ယောက်ပါ ကြိုက်လွန်းလို့ဒီယာကြော်ငြာသမျှပစ္စည်းမျိုးစုံကို အစုံဝယ်စုဆောင်းထားတတ်ပါတယ် ဒီလိုနဲ့တစ်နေ့ လင်ဂတ်ဆန်က ဒီယာ့ဘော်ဒီဂတ်ဖြစ်ဖို့အကြောင်းဖန်လာပြီး ကြော်ငြာအတူရိုက်ကူးရင်းနဲ့ ထိပ်တန်းမင်းသားထက်ကျော်လွန်လာတော့ ဒီမင်းသားကသူ့အပေါ်ထားမဲ့အမုန်းတရားတွေ။။ဒီလိုနဲ့ လင်ဂတ်ဆန်ကိုမုန်းကြတဲ့လူတစ်သိုက်ပေါင်းမိသွားပြီး လင်ဂတ်ဆန်ကိုကလဲ့စားချေဖို့ဖြစ်လာတဲ့အခါမှာတော့။။ အားရကျေနပ်ဖို့ကောင်းတဲ့ လက်စားချေမှုတွေကြား ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်ကတော့ CM ပဲဖြစ်ပါတယ် ) File size…5.59GB / 2.49GB Quality…WebRIp Uncut 1080p / 720p Format…mp4 Duration….3h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM
movie
Shankar’s I(2015)
2015
8.7
Mersal (2017)
Mersal (2017) "" IMDb - 7.5ဗီဂျေးဇာတ်လမ်းများ စုစည်းမှုဆိုပြီး တင်ဆက်ပေးနေတဲ့အတိုင်းပဲ ဗီဂျေးရဲ့ ကားကောင်းတကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို ၂၀၁၇က တကမ္ဘာလုံးမှာ ထုတ်လွင့်ခဲ့တာဖြစ်ပြီး ဝေဖန်လေကန်ရေးတွေရော ပရိသတ်တွေဆီကပါ ကောင်းမွန်တဲ့ချီးကျူးထောပနာပေးခြင်း ခံခဲ့ရပါတယ်။မွေးကတည်းက ကွဲကွာသွားကြတဲ့ ညီကိုနှစ်ယောက်။ တစ်ယောက်က သူ့မိဘတွေ သေဆုံးရမှုအတွက် လက်စားလိုက်ချေတဲ့ မျက်လှည့်ပညာရှင်။ နောက်တစ်ယောက်က လူနာတွေဆီကနေ အခကြေးငွေအနည်းငယ်သာ ယူတယ်လို့ အများလက်ခံထားတဲ့ ဆရာဝန်တစ်ယောက်။ရဲအရာရှိတစ်ယောက်က ကျွမ်းကျင်ဆေးပညာရှင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဆရာဝန်တစ်ယောက်ကို ဖမ်းမိတာကနေစလို့ ထင်မှတ်မထားတဲ့ လက်စားချေမှု၊ အကျင့်ပျက်ချစားမှုတွေအပြင် မှော်ဆန်တဲ့လုပ်ရပ်တွေကို တွေ့ရှိခဲ့ချိန်မှာတော့...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 3.73GB / 2GB Quality…WEB DL 1080p /720p Format…mp4 Duration…2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byThaik San
movie
Mersal (2017)
2017
5.1
Rudhran(2023)
Rudhran (2023) IMDb 5.1ယခုတစ်ခါတင်ဆက်ပေးမှာကတော့ ရုံကားလည်းဖြစ် ရုံတင်ငွေကလည်း ကုဋေ၂၀လောက်ပြန်ရခဲ့တဲ့ အပျင်းပြေအနေနဲ့ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း.... ဘွန်မီဆိုတာက ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ကိုဆန့်ကျင်တဲ့လူရှိရင် တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ သတ်ပစ်တတ်တဲ့လူ ဒီလူ့မှာတော့ သူချစ်ရတဲ့ညီ ဆာရှီဆိုတာရှိပါတယ် တစ်နေ့ သူ့ညီဆာရှီက အသတ်ခံလိုက်ရတော့ ဘွန်မီ့တစ်ယောက် ယူကြုံးမရတွေဖြစ်ပြီး တရားခံကိုအားကုန်သုံးကာ မြေလှန်ရှာပါတော့တယ် ...ရူဒရန်ကတော့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်လေး သူ့ကိုချစ်ပေးတဲ့မိသားစု သူငယ်ချင်းနဲ့ လိုလေသေးမရှိတဲ့လူပေါ့ အချိန်တန်ရင် အလုပ်သွား လစာထုတ် သောက်စားပျော်ပါးနေတတ်တဲ့ကောင်လေးက ဘွန်မီ့ညီကိုသတ်မိတဲ့ တရားခံဖြစ်နေခဲ့ပါတယ် ဒါကဘာကြောင့်ဖြစ်နိုင်မလဲ အကုန်ကြောက်ရတဲ့ ဘွန်မီနဲ့မှ သွားပတ်သက်မိလေတော့ သူ့ဘဝရော အရင်လိုအေးချမ်းနိုင်ပါ့မလားရှေ့တစ်ခန်းနှစ်ခန်းနဲ့ ပေါကားလို့ အဆုံးဖြတ်မစောဘဲ ဇာတ်လမ်းအလှည့်အပြောင်းကို စောင့်ကြည့်ခံစားကြပါဦး File size…3.4GB / 1.6GB Quality…1080p HQ WEB DL / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin~Sai~Yunni~BpL~Nyein
movie
Rudhran(2023)
7.1
Kabzaa (2023)
Kabzaa (2023) IMDb 7.2ဒီကားကတော့ အိန္ဒိယသမိုင်းအကြောင်းတွင်တွင်ကျယ်ကျယ်ရိုက်ပြထားတယ်ဆိုရမှာဖြစ်ပြီး ရုံတင်ကားတကားဆိုလဲ မမှားပါဘူး Cast တွေအနေနဲ့ မင်းသမီးချောလေး Shriya Saran က တော်ဝင်မင်းသမီးအဖြစ် ယင်ကောင်၂ဘဝကလဲ့စားကားထဲကဗီလိန် Kiccha Sudeep ကလည်းအပိုအလိုမရှိသရုပ်ဆောင်ထားပြန်ပါတယ်လူမိုက်တစ်ယောက်ကိုဖမ်းလိုက်မိလို့ ရဲစခန်းတစ်ခုလုံးကိုမီးလောင်တိုက်သွင်းလိုက်တဲ့ဂိုဏ်းစတားတွေထကြွမှုကြောင့်ဒီလူမိုက်တွေကိုရှင်းပစ်ဖို့ ဘာဟ်ဂတ်ဘတ်ခ်ရှီကို အထက်ကတာဝန်ပေးခဲ့ပါတယ် မရေတွက်နိုင်တဲ့ တိုက်ပွဲတွေကိုအောင်နိုင်ခဲ့ပြီး နိုင်ငံတော်အလံကလွဲရင် ဘယ်သူ့ကိုမှဦးမညွတ်ဖူးတဲ့သူ ဒီလူဖြတ်ကျော်ခဲ့ရတဲ့သမိုင်းကလည်းနည်းနည်းနောနောမဟုတ် ..၁၉၄၂ကနေ ၁၉၈၆အထိ သူဖြတ်သန်းခဲ့ရတဲ့အိန္ဒိယသမိုင်းမှာ သူကရာထူးကြီးလူတစ်ယောက် ဒီလိုလူက သောင်းကျန်းနေတဲ့လူမိုက်တွေမြို့ကိုရောက်ချလာပြီး လူမိုက်တွေအကုန်စုစေခဲ့တယ် ပြီးတော့ သူ့အာဏာကိုပြဖို့အတွက် သူတွေ့ကြုံခဲ့ရတဲ့ အိန္ဒိယလွတ်လပ်ရေးမရခင်ကစအခုချိန်အထိ နောက်ကြောင်းပြန်ပြကွက်မျိုးနဲ့ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ကဲ သူကြုံတွေ့ခဲ့ရတဲ့ အိန္ဒိယသမိုင်းကိုလိုက်ပါရှုစားလိုက်ပါဦး File size…2GB / 907MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myamar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Nyein
movie
Kabzaa (2023)
2023
5.6
Maari 2 (2018)
Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie
Maari 2 (2018)
2018