Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lynn Collins
6.2
13 Going on 30 (2004)
13 Going on 30 (2004)IMDb - 6.2/10_____Rotten - 65%ချစ်စဖွယ် အပြုံးပိုင်ရှင် မင်းသမီးချော Jennifer Garner ပါဝင်ပြီး Hulk မင်းသားအသစ်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo တို့ သရုပ်ဆောင်ထားတဲ့ ၂၀၀၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ 13 Going On 30 ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ၁၃ နှစ်ဆိုတဲ့ ဘာမှ မဖွံ့ဖြိုး မလှပ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀ ကို မလိုချင်တဲ့ ဂျန်နာ ဟာ သူမ ရဲ့ ၁၃ နှစ်ပြည့် မွေးနေ့မှာ အသက် ၃၀ လောက်ရှိချင်ပါတယ်လို့ ဆုတောင်းခဲ့ပါတယ် သူမ အိပ်ရာက နိုးတဲ့ အချိန်မှာတော့ အသက် ၃၀ လှပတဲ့ အမျိုးသမီးကြီး အဖြစ်ရှိနေပြီး သူမ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ခဲ့ပြီး အပြစ်မကင်းတဲ့ ...
movie
13 Going on 30 (2004)
2004
The Merchant of Venice (2004)
အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ 'ဂက်တို' လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ဗင်းနစ်မြို့က ...
movie
The Merchant of Venice (2004)
The Number 23 (2007)
ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie
The Number 23 (2007)
Blood Creek (2009)
သာမန် Horror ကားတွေလိုမဟုတ်ဘဲ ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟစ်တလာဟာယုတ်မာပြီးရက်စက်သလောက် ဂမ္ဘီရနည်းပညာကိုလည်းစွဲစွဲလမ်းလမ်းယုံကြည်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ရသမျှနည်းလမ်းအကုန်သုံးချင်ခဲ့တာပါ။ ဒီဇာတ်ကားကတော့ ဟစ်တလာရဲ့ရက်စက်တဲ့လုပ်ရပ်တွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တစ်ခုအကြောင်းကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..... အီဗန်ဆိုတဲ့လူတစ်ယောက်ကတော့ သူ့အစ်ကိုဗစ်တာပျောက်သွားပြီးကတည်းက မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သေပြီလို့မှတ်ယူထားတဲ့ သူ့အစ်ကိုတစ်ယောက်လုံးအရှင်လတ်လတ်ပေါ်လာတဲ့အပြင် သူကအလုပ်တစ်ခုကိုလုပ်ဖို့အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ဘာအကြောင်းအရာကိုမှရေရေရာရာမသိဘဲ အစ်ကို့ကိုကူညီပေးခဲ့ရာကနေ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ပါရင်ဆိုင်လာရပြီး ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတာကိုသိလိုက်ရပါတော့တယ်။ ဒီလူမဆန်တဲ့လူကဘယ်သူလဲ သူတခြားလူတွေကိုဒုက္ခမပေးနိုင်အောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုရင်တမမနဲ့ကြည့်ရှုရမှာပါ...... File size…(1.9 GB)/(964 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Blood Creek (2009)
City Island (2009)
City Island (2009) ============= IMDb Rating - 7.4/10ဇာတ်လမ်းလေးကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပေါ့။ မျက်နှာချင်း တိုင်းခဏတဖြုတ်ပဲ လေပေးဖြောင့်တဲ့ ရစ်ဇိုတို့လင်မယားမှာ သားသမီးနှစ် ယောက်ရှိတယ်။ ယောက်ျားဖြစ်သူ ဗင့်စ်ဟာ အကျဉ်းဦးစီးအရာရှိတစ်ဦး ဖြစ်ပြီး မိန်းမဖြစ်သူ ဂျွိုင်ဆီကို ကြောက်နေရတယ်။ မိန်းမမသိအောင် ဆေး လိပ်တောင်ခိုးသောက်ရတဲ့ဘဝ။ ဂျွိုင်ဆီကလည်း ကြမ်းကြမ်းတမ်းတမ်း။သူတို့သမီးလေး ဗီဗီယန်ကို ကောလိပ်ကျောင်းတက်နေတယ်လို့သိထားပေ မယ့် တကယ်တမ်းက အဖော်အချွတ်မယ်လုပ်ပြီးမိဘတွေမသိအောင်ပိုက်ဆံ ရှာနေသူပါ။သားဖြစ်သူ လူပျိုပေါက်အရွယ် ဗင်နီဟာ ကိုယ့်ကိုယ်ကို ကျောင်း ထက်ပိုတော်တယ်လို့ထင်ပြီး အမြဲကျောင်းပြေးနေသူ။ ဒီလိုနဲ့ ဗင့်စ်နဲ့ အမျိုး သမီးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါက လက်သွန်ကြက်သွန်ဖြစ်ပြီးမွေးလာတဲ့ သားတစ်ယောက်က ဒီလိုအကြောင်းပြချက်ကိုယ်စီရှိတဲ့ မိသားစုထဲကို ရောက် လာတဲ့အခါမှာတော့..........(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2 GB) / (851 MB) Quality............WEB-DL 1080p / 720p Duration........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Tin Myo Lwin Encoder..........SWM
movie
City Island (2009)
2009
6.1
10 Years (2011)
အထက်တန်းကျောင်းနဲ့ပက်သက်ပြီး အမှတ်တရများတဲ့သူတွေကိုမှ Nostalgia feelingမျိုးပေးနိုင်တဲ့ Friendshipအသားပေး slice of life ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးကို၁၀နှစ်ကြာဝေးကွာသွားတဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ ပြန်တွေ့ကြတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲအခိုက်အတန့်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတယ်။ ဇာတ်လမ်းထဲမှာ ဂျိတ်က သူ့ရဲ့ရည်းစားနဲ့အတူ မွေးရပ်မြေက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ပြန်လာခဲ့တယ်။ ကျန်တဲ့သူငယ်ချင်းတွေဖြစ်တဲ့ ကာလီနဲ့ဆမ်တို့လင်မယား၊ တက်သစ်စအဆိုတော်ရီးဗ်၊ မာတီနဲ့အေဂျေတို့နဲ့အတူ တခြားသရုပ်ဆောင်များစွာပါဝင်ပါတယ်။ ကျောင်းသားဟောင်းပါတီပွဲကို သွားကြရင်း good old daysတွေအတိုင်း ပျော်ကြတာ ကဲကြတာတွေနဲ့ ကျောင်းတုန်းကတွဲခဲ့တဲ့ex နဲ့ပြန်တွေ့တဲ့သူကတွေ့ ၊ high school loveကိုမမေ့နိုင်တဲ့သူကမမေ့နိုင်၊ prom queenကို ပြန်ကြောင်ကြတဲ့သူတွေကကြောင်နဲ့ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲmomentတွေမှာ မတူညီတဲ့ဘဝအတွေ့အကြုံတွေ အချိန်နဲ့အမျှပြောင်းလဲသွားတဲ့အခြေအနေတွေခံစားချက်တွေအပြင်၊ ဘယ်လောက်အချိန်တွေကြာကြာမပြောင်းလဲတဲ့အရာတွေကိုပါ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ရှုထောင့်ကနေ ကြည့်ရှုရမှာပါ။ File size…(1.6 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
10 Years (2011)
6.0
Lost in the Sun (2015)
“ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက်အခြားသူတွေကို အပြစ်တင်ကြတယ်”“ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး”“ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ” ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီးဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမားဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New Mexico မှာရှိတဲ့သူ့အဖိုးအဖွားအိမ်ကို လိုက်ပို့ပေးမယ်လို့ သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ပါတယ်။လူးဝစ်ကတော့ လောလောလတ်လတ် အမေကိုဆုံးရှုံးထားရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီးမိဘမဲ့ဖြစ်သွားလို့ အဖိုးအဖွားအိမ်ကို တစ်ယောက်တည်းသွားမလို့လုပ်နေတုန်းမှာဂျွန်ဆိုတဲ့ လူကြီးတစ်ယောက်က လိုက်ပို့ပေးမယ်လို့ပြောလာတာကြောင့်ဂျွန်နဲ့အတူလိုက်လာတာဖြစ်ပါတယ်။လူးဝစ်က တစ်ယောက်တည်းခရီးမထွက်ချင်တာကြောင့်သာ လိုက်လာတာပေမဲ့လမ်းမှာ ဂျွန်ဟာ သူ့အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး ဂျွန်ရဲ့အကြွေးတွေကိုဆပ်လိုက်ပါတယ်။ပိုက်ဆံတစ်ပြားမှမကျန်တော့တဲ့ သူတို့နှစ်ယောက်က ပိုက်ဆံလိုရင် လမ်းတစ်လျှောက်ကဓါတ်ဆီဆိုင်တွေကို ဓါးပြဝင်တိုက်ပြီး ပိုက်ဆံလုကြပါတယ်။ လူးဝစ်ကတော့ဘာမှမတတ်နိုင်တဲ့ ဂျွန်လုပ်သမျှကိုပဲ ကူညီပေးနေရတာပါ။လူးဝစ်အတွက် ဂျွန်ဟာ တကယ်ကိုဆိုးတဲ့လူတစ်ယောက်ပေမဲ့ တဖြည်းဖြည်းရင်းနှီးလာရင်းနဲ့ ဂျွန်ရဲ့အထီးကျန်နေတဲ့ဘဝကို လူးဝစ်မြင်လာရတဲ့အခါ ဂျွန်အပေါ်နွေးထွေးပေးရင်းနဲ့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးသွားကြပါတော့တယ်။လမ်းတစ်လျှောက် ဓါးပြတိုက်လိုက်၊ ကားခိုးလိုက်လုပ်နေတဲ့ ဂျွန်ဟာ လူးဝစ်ကိုအန္တရာယ်ကင်းကင်းပို့ဆောင်ပေးနိုင်ပါ့မလား။သူတို့နှစ်ယောက်ကရော တကယ်သူစိမ်းတွေပဲလား။ ဂျွန်လိုလူမျိုးက ရုတ်တရက်လူးဝစ်ကို အိမ်လိုက်ပို့ပေးချင်တာက ...
movie
Lost in the Sun (2015)
6.6
John Carter (2012)
WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ ...
movie
John Carter (2012)
2012
1080p HEVC
7.0
The Lake House(2006)
The Lake House(2006)(ကြည်နူးရိပ်ရဲ့ကားမို့ 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်...)စာလေးတစ်စောင်ကြောင့် အချစ်တစ်ခုစတင်ခဲ့ဖို့ ဘယ်သူကမျှော်လင့်ခဲ့မှာလဲ?စတင်ခဲ့တဲ့အချစ်တစ်ခုကအချိန်ကာလကွာခြားနေပေမယ့် နောက်ဆုတ်လိုက်ဖို့က ခဲယဥ်းလွန်းလှပါတယ်။ကိတ်ဆိုတဲ့ဆရာ၀န်မလေးက ရေကန်ဘေးကအိမ်မှာနေခဲ့တဲ့အိမ်ပိုင်ရှင်ဟောင်းပါ။သူ့နောက်မှာပြောင်းလာမယ့် အိမ်ပိုင်ရှင်အသစ်ဆီကိုစာရေးရင်း သူ့စာက လွန်ခဲ့တဲ့နှစ်နှစ်ကရေကန်ဘေးကအိမ်မှာနေခဲ့တဲ့ အတိတ်ကအဲလက်စ်ဆီကိုရောက်သွားပါတော့တယ်။စာတွေအပြန်အလှန်ဆက်သွယ်ရင်းတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားပေမယ့်ဆက်သွယ်စရာဆိုလို့စာတိုက်ပုံးလေးပဲရှိတဲ့သူတို့နှစ်ယောက်ရဲ့ကြားမှာ အချစ်ဆိုတာအိပ်မက်တစ်ခုလိုပါပဲ။အတိတ်က အဲလက်စ်နဲ့ အနာဂတ်က ကိတ်...ဘယ်လိုပေါင်းစည်းဖို့ကြိုးစားမလဲဆိုတာစိတ်၀င်တစားနဲ့ကြည့်ရှုရမှာပါ CMပရိသတ်ကြီးအတွက် ယခုတင်ဆက်ပေးလိုက်တာကတော့အားလုံးရဲ့အချစ်တော် ကီနူးရိဒ်နဲ့ ဆန်ဒရာဘူးလော့တို့ရဲ့ စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေးပါ။ချစ်ခြင်းမေတ္တာကို သီချင်းချိုချိုလေးတွေနဲ့ ကြည်ကြည်နူးနူးခံစားချင်တဲ့ ပရိသတ်ကြီးတွေအဖို့တော့....ဇာတ်လမး်အညွှန်းနဲ့ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်....File Size :(1.7GB)(950 MB) and (363 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Lake House(2006)
6.8
50 First Dates(2004)
50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004
5.2
Beneath Us (2019)
Thriller/Horror ဇာတ်ကားလေးလေးပါ။ ရွှေ့ပြောင်းအလုပ်သမားတစ်ဖွဲ့ဟာ လူချမ်းသာအမျိုးသမီးအိမ်မှာနေ့စား အလုပ်သမားအဖြစ်ဝင်လုပ်ရာကနေ ထူးခြားတဲ့ ကိစ္စတွေ ကြုံလာရပါတော့တယ် ထို အိမ်ရှင် အမျိုးသမီးဟာ တစ်ခြားလူတွေ နဲ့ အဆက်အဆံ မလုပ်ပဲ လင်မယား ၂ ကိုယ်ထဲ ခြံဝန်းအကျယ်ကြီး နဲ့ အိမ်အကောင်းစား နဲ့ နေကြတာပါ ... လူမျိုးတူ အလုပ်သမားတွေ မခေါ်ပဲ တစ်ခြားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ကို ခြံဝန်း အတွင်း ပြင်ဆင်ဖို့ ခေါ်ခိုင်းခဲ့တာ ဖြစ်ပြီး... တစ်ရက်မှာတော့ အလုပ်သမားတစ်ဦး မတော်တဆမှု ဖြစ်ပြီး ဆေးရုံသွားရန် လိုအပ်နေသော အခါ ပိုင်ရှင် အမျိုးသမီးမှ ထွက်သွားဖို့ မပေးခဲ့သော အခါတွင် ဇတ်လမ်းစခဲ့သောအခါ.... ထိတ်လန့်သည်းဖို ကြည့်ရမယ့် ရုပ်ရှင်ကားဖြစ်ပါတယ် ဘာသာပြန်ပေးထားတာကတော့ Hnyot Myet Wunn ဖြစ်ပါတယ်
movie
Beneath Us (2019)
2019
6.6
After seeking to live a normal life, Logan sets out to avenge the death of his girlfriend by undergoing the mutant Weapon X program and becoming Wolverine.ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။ File size…978MB Quality…720p Format…mp4 Duration….01:47:00Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
X-Men Origins: Wolverine (2009)
2009
5.1
Rim of the World (2019)
၂၀၁၉ ထွက် Science-Fiction, Avdenture ဇာတ်ကားသစ်လေး Rim of the World နဲ့မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားလေးက IMDB Rating 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ လောကမှာ အရာတိုင်းကို ကြောက်နေတတ်လို့ အိမ်တွင်းအောင်းနေတဲ့ ဉာဏ်ကြီးရှင်လေး အဲလက် ကိုသူ့အမေက အပြောင်းအလဲ ဖြစ်အောင် နွေရာသီစခန်းတစ်ခုကိုသွားပို့ခဲ့ပါတယ်။အဲဒီစခန်းမှာ အိမ်ပြေးကောင်မလေး ဇန်ဇန်၊သူဌေးသား ငကြွားလေး ဒဲရီးရက်ရှ်နဲ့ လူငယ်ပြုပြင်ရေး စခန်းကနေ ထွက်ပြေးလာခဲ့တဲ့ ဂေဘရီရယ်တို့နဲ့ ဆုံတွေ့ခဲ့ပြီးသူ့ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် အပြောင်းအလဲတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။ကမ္ဘာကြီးကို ဂြိုလ်သားတိုက်ခိုက်မှုတွေနဲ့ ကြုံနေစဉ်မှာ ကမ္ဘာကိုကယ်တင်ဖို့သော့ချက်ဖြစ်တဲ့ သော့တစ်ချောင်းကိုသူတို့လေးယောက်ရခဲ့ပြီးတော့ ကမ္ဘာကိုဘယ်လိုကယ်တင်သွားလဲ ကြည့်ကြရမှာပါ။မိသားစုအတူကြည့်ပျော်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ May Tharaphi Lwin ပါ) File Size : (1.60 GB) , (800 MB) and (400 MB) Quality : WEB (1080p ...
movie
Rim of the World (2019)
2019