Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Luo Jingmin
6.2
The Coldest City ( 2023 )
၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာ တရုတ်နိုင်ငံကို ကျူးကျော်ထားတဲ့ ဂျပန်တွေဟာ လက်နက်ချခဲ့ပါတယ်အဲဒီအချိန် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက တုန်းပေဆိုတဲ့ မြို့လေးမှာ အုပ်ချုပ်သူမဲ့နေတဲ့ အခြေအနေမှာ ဒုစရိုက်သမားတွေနဲ့ ပြည့်နှက်နေသလို မကောင်းတဲ့ အင်အားစုတွေဟာ ဒီမြို့လေးမှာ ကြီးစိုးနေပါတယ်။ သူငယ်ချင်းရဲ့ မိသားစုဖြစ်တဲ့ ဖန်းမိသားစုတစ်စုလုံး အသတ်ခံလိုက်ရတာအပြင် ဖူရှန်းဘဏ်က လူ ၃၇ ယောက် အသက်ပေးလိုက်ရတဲ့ အမှုကြောင့် လက်စားချေဖို့အတွက် ပင်းမြို့ကို ရောက်လာခဲ့တဲ့ လက်ဖြောင့်သေနတ်သမား ကုညန့်၊ဒီကိစ္စရဲ့ အဓိက တရားခံဖြစ်တဲ့ လီမိသားစုက သခင်ကြီး လီဟွမ်နဲ့ သားဖြစ်သူ လီချင့်၊ ကုညန့်ကို ကူညီပေးမယ့် လုပ်ကြံသတ်ဖြတ်သူ လောင်ကျောင်း၊ ပင်းမြို့မှာ နေရာရဖို့ မကောင်းမှုအားလုံးကို ကျူးလွန်နိုင်တဲ့ လောဘဇောတိုက်နေတဲ့ စီးပွားရေးသမားတွေ...တစ်မြို့လုံးမှာ ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေတွေကြားမှာ ကုညန့်ရဲ့ လက်စားချေဖို့ အစီအစဥ်ဟာ အောင်မြင်နိုင်ပါ့မလား လုပ်ကြံသတ်ဖြတ်သူဖြစ်တိုင်း မကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သက်သေပြသွားမယ့် လောင်ကျောင်းကရော ကုညန့်ကို ဘယ်လောက်အထိ ကူညီသွားမလဲ ဆိုတာ ဒီဇာတ်ကားလေးမှာ အားပေးကြပါဦးဒီဇာတ်ကားဟာ ဂျပန်ဆန့်ကျင်ရေးစစ်ပွဲကာလမှာ တိုင်းပြည်ကာကွယ်ရေးမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ လုပ်ကြံသတ်ဖြတ်သူတွေနဲ့ သေနတ်သမားတွေကို ကိုယ်စားပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် Quality : ...
movie
The Coldest City ( 2023 )
5.9
Look up and see joy ( 2023 )
ဒီဇာတ်ကားလေးဟာဆိုရင် မိသားစုအကျပ်အတည်းတွေကြားထဲက မိသားစုရဲ့ တာဝန်ကြီးပုံ ၊ တာဝန်ယူရပုံ ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ချစ်မြတ်နိုးပုံ ၊ ကလေးငယ်လေးတွေရဲ့ သင်ကြားမှု ပညာရေး ပြဿနာ အစရှိတဲ့ မိသားစုရေး အိမ်တွင်းရေး ကိစ္စတွေကို အဓိက ဖော်ပြပေးထားတဲ့ မိသားစုဇာတ်ကားလေးပါပဲဖြစ်ပါတယ်ရှင် ။❏ အလုပ်ထုတ်ခံရပေမဲ့လဲ ကံကြမ္မာကို ဦးမညွှတ်ပဲ ရှေ့ဆက်ပြီး လျှောက်နေသူ ❏ ဆုံးပါးသွားတဲ့ အဘွားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ အတိတ်ကနေ ရုံးမထွက်နိုင်တဲ့ အဘိုးကို ကွန်ပျူတာ နည်းပညာသုံးပြီး အဘွားနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပေးနေသူ❏ အလုပ်အကိုင်အခြေအနေတွေကြောင့် သားဖြစ်သူကို မိဘနဲ့ အတူတူမထားနိုင်ရှာပဲ ဘိုးဘွားတွေဆီ အပ်နှံထားရသူ❏ ငွေကြေးချမ်းသာပေမဲ့ တောရွာလေးဆီမှာ ရောက်ရှိလာဖို့ အကြောင်းဖန်လာခဲ့ပြီး သူဌေးသားတစ်ယောက်အနေနဲ့ ကျေးလပ်တောရွာမှာ အသားကျအောင် ကြိုးစားပြီး နေထိုင်နေရသူအစရှိသဖြင့် ဇာတ်လမ်းဇာတ်ကွက် လေးခုခွဲကာ ဒီကားလေးအတွင်း မြင်တွေ့ရမှာဖြစ်တဲ့ အပြင် ကိုယ်ကျရာ ဘဝဇာတ်ခုံမှာ ကကြိုးဆင်ကာ ကပြနေကြတာကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ ကိုယ်ကျရာ ဘဝမှာ အရှူံးမပေးခေါင်းမငုံ့ပဲ လုပ်ဆောင်ပြီး မိသားစုတွေရဲ့ နွေးထွေးမှုတွေနဲ့ အတူ ...
movie
Look up and see joy ( 2023 )
6.3
Lighting Up the Stars ( 2022 )
❏ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ - မော့စန်းမိန့်❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး - ဝူရှောင်ဝမ်“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ.....? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie
Lighting Up the Stars ( 2022 )
7.3
Lighting up the Stars (2022)
Lighting up the Stars (2022) ===================== IMDb Rating - 7.3/10သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 ...
movie
Lighting up the Stars (2022)
2022