Channel Myanmar

Lukman Sardi

Borderless Fog (2024) 5.8
Borderless Fog (2024)  "Borderless Fog" ရုပ်ရှင်ဟာ ဒါရိုက်တာ Edwinရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာစီးဝင်နေတာပါ။စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကိုနက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကိုခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက်ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard ...
movie

Borderless Fog (2024)

Till Death Do Us Part (2024) 7
Till Death Do Us Part (2024) Till Death Do Us Part 2024 ( ‌ပြစ်ဒဏ်)Imdb 7.6အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါမိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့ မိန်းကလေးတစ်‌ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ် ) File size… 1.2GB / 491MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie

Till Death Do Us Part (2024)

2024
Puspa Indah Taman Hati (2023) 7.8
Puspa Indah Taman Hati (2023) Puspa Indah Taman Hati 2023 အညွှန်း‌အချစ်ဦးကို မေ့နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲလို့ လိုက်မေးကြည့်ရင် ၁၀၀ မှာ အယောက် ၉၀ လောက်က မမေ့နိုင်ကြပါဘူး။ အဲလိုပါပဲ အဲအချစ်ဦးနဲ့ ကိုယ့်ကို ရင်နဲ့ရင်းပြီး ချစ်ရတဲ့သူနဲ့ ယှဉ်လာတဲ့အခါမှာ ကိုယ်ဘယ်သူ့ကိုရွေးချယ်မှာလဲ။ ယခုအင်ဒို musical ကားလေးမှာတော့ ဂါလိနဲ့ မာလီနာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ကြည့်ရှုသူတွေရဲ့ရင်ထဲကို တစ်မျိုးဖြစ်စေမှာအမှန်ပါပဲ။ ဂါလိကတော့ တက္ကသိုလ်မှာ ဂီတကျောင်းသားလည်းဖြစ် အဆိုတော်အဖြစ်လည်းနာမည်ကြီးပြီး ကောင်မလေးတွေကြားမှာ ဝိုင်းဝိုင်းလည်နေတာပါ။ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ရာတနာနဲ့ရုပ်ချင်းဆင်တဲ့ မာလီနာကို ကျောင်းမှာတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။ မာလီနာကလည်း သူ့ကိုကြိုက်တဲ့ကောင်လေးတွေကို စိတ်မဝင်စားဘဲ ဂါလိကိုပဲ စွဲလမ်းသွားပါတယ်။ အဲလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ သူတို့အချစ်ခရီးလမ်းကရော ဖြောင့်ဖြူးပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ဝင်လာဦးမလဲ။အချစ်ဦးနဲ့ ကိုယ့်ကိုချစ်ရတဲ့သူကြားမှာ ရွေးချယ်ရဖို့ အကြောင်းဖန်လာရတဲ့အခါ ဘယ်သူ့ကိုရွေးချယ်သွားမလဲဆိုတာ အချစ်ဦးဆိုတာ ဘယ်နားရောက်နေမှန်းမသိတဲ့သူများအဖို့ CM က တင်ဆက်ပေးလိုက်ရပါတော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p ...
movie

Puspa Indah Taman Hati (2023)

2023
Boy’s Note (2023) 5
Boy’s Note (2023) Catatan Si Boy (2023) IMDb - 5.7/10ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အင်ဒိုမင်းသား မင်းသမီးငယ်ငယ်ချောချောလေးတွေများစွာ ပါဝင်ထားပါတယ်။ချစ်သူကို ပိုင်ဆိုင်ဖို့ဆိုရင် ဘာမဆိုရင်ဆိုင်တိုက်ခိုက်ဖို့ အသင့်ဆိုပေမဲ့ မိဘကို ဆုံးရှုံးသွားရမှာမျိုးဆိုရင်တော့ ကြေကွဲစွာနဲ့ အရှုံးပေးလိုက်မယ်ဆိုတဲ့ ကောင်လေးတစ်ယောက်။ အဖေဖြစ်သူကို မလွန်ဆန်နိုင်တဲ့အတွက် ချစ်သူကိုထားခဲ့ပြီး အဖေ့စိတ်တိုင်းကျ နေခဲ့ပေမဲ့ ချစ်သူကိုတော့ ထာ၀ရချစ်သွားမယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရပြီး နှစ်ဦးသား ပေါင်းစည်းနိုင်မှာလားဆိုတာ။ အချစ်စစ်မှန်ရင် အခက်အခဲအတားအဆီးတွေ များနေပါစေ ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ မိုတီလေးရမှာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p | 720p File size… 1.8GB | 937MB Format… mp4 Duration…. 2h 6min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Boy’s Note (2023)

2023
27 Steps of May (2019) 7.9
27 Steps of May (2019) 27 Steps of May (2019)ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ ...
movie

27 Steps of May (2019)

2019
Virgo and the Sparklings (2023) 5.8
Virgo and the Sparklings (2023) Virgo and The Sparkling (2023a)ရီအာနီ ဆိုတဲ့ ကျောင်းသူလေးတစ်ယောက်က မွေးရာပါ မီးစွမ်းအားနဲ့မွေးဖွားလာသူတစ်ယောက်ပါ သူကစိတ်လှုပ်ရှားလာတဲ့အခါ မီးပွားတွေ ထွက်လာတတ်ပြီး မီးတောက်တွေကိုပါ ဖြစ်လာစေတတ်လို့ သူ့မိဘတွေက သူ့သမီးရဲ့သရုပ်မှန်ကို မပေါ်စေဖို့ ကျောင်းခဏခဏပြောင်းပေးကြရပါတယ်သူမက တီးဝိုင်းတစ်ခုထောင်ပြီး အဆိုတော်ဖြစ်ချင်နေတဲ့ ဝါသနာအိုးလေးတစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ သံစဉ်တွေရဲ့အ‌ရောင်တွေကိုလည်း ခွဲခြားမြင်နိုင်ပါတယ် တစ်နေ့မှာတော့ လူငယ်တွေကိုပဲ ကူးစက်တတ်တဲ့ရောဂါပိုးတစ်ခုဟာ အွန်လိုင်းပေါ်က ဗွီဒီယိုတွေကနေတစ်ဆင့်ပျံ့နှံ့လာပါတော့တယ် ဗွီဒီယိုကိုကြည့်မိတဲ့လူငယ်တွေက ညို့ယူခံလိုက်ရပြီး သူတို့ရဲ့မိဘတွေကို စတင်တိုက်ခိုက်ကြပါတော့တယ် ဒီအခါမှာ ရီအာနီက သူ့မီး‌တောက်တွေက ညို့ယူခံရတဲ့သူတွေကိုသတိဝင်စေမှန်းသိပြီးတဲ့နောက် သူနဲ့သူ့သူငယ်ချင်းတွေက သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်ရင်း လူတွေကို ဘယ်လိုအကူအညီပေးကြမလဲဆိုတာကြည့်လိုက်ကြရ‌အောင်အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Acion, Adventure, Comedy File size… 2.1GB | 841MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator .....Thae Thae Encoder ..... Aaron
movie

Virgo and the Sparklings (2023)

2023
Autobiography (2022) 7.4
Autobiography (2022) Autobiography (2022)အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို "ကိုယ်တိုင်ရေး ရာဇဝင်" ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB ...
movie

Autobiography (2022)

2022
Gundala (2019) 7.2
Gundala (2019) ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie

Gundala (2019)

2019
Ranah 3 Warna (2022) 6.5
Ranah 3 Warna (2022) Ranah 3 Warna (2022)ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August
movie

Ranah 3 Warna (2022)

2022
Kamu Tidak Sendiri (2022) 5.2
Kamu Tidak Sendiri (2022) Kamu Tidek Sendiri (2022)-အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။-ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Thrillee Quality…. 1080p | 720p | ...
movie

Kamu Tidak Sendiri (2022)

2022
The Dancer (2011) 7.3
The Dancer (2011) The Dancer (2011) aka Sang Penari1960 ခုနှစ်များဝန်းကျင်က အင်ဒိုနီးရှားနိုင်ငံ၊ ကျေးလက်တောရွာလေးက ရိုးရာကချေသည်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပြီးတော့ IMDb 7.3 ရထားတဲ့ ကားလေးပါ။ Nomination 7 ခုနဲ့ ဆု 4 ဆု ရထားတဲ့ ဇာတ်ကားပါ။ကချေသည်တစ်ယောက်ရဲ့ စွန့်လွှတ်ရပုံ၊ ကျေးလက်ဓလေ့ထုံးတမ်းတွေ၊ ပညာမတတ်၊ စာမဖတ်တတ်တဲ့ ရွာသားတွေရဲ့ မသိနားမလည်ပုံတွေ၊ ရွာသားတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူတတ်တဲ့သူတွေ အကြောင်းကို လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Srintil နဲ့ Rasus က Dukuh Paruk ဆိုတဲ့ရွာလေးမှာ အတူတူကြီးပြင်းလာကြတဲ့ ငယ်ပေါင်းကြီးဖော် ချစ်သူတွေပါ။ Srintil ရဲ့ အဖေရောင်းတဲ့ ပြောင်းဖူးခေါပုတ်ကို စားမိလို့ ရွာကလူတွေနဲ့ ရွာကတန်ဖိုးထားရတဲ့ ကချေသည် သေဆုံးသွားတဲ့အတွက် Srintil ဟာ သူ့မိသားစုအတွက် ပြန်ပေးဆပ်ဖို့ ကချေသည်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Rasus ကတော့ Sritil ကချေသည်လုပ်တာကို သဘောမတူပါဘူး။ သူ့ချစ်သူ အဲလိုဖြစ်သွားလို့ စိတ်နာပြီး စစ်ထဲဝင်သွားတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာကို ...
movie

The Dancer (2011)

2011
Photocopier (2022) 7.5
Photocopier (2022) အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူက‌ရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ‌ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie

Photocopier (2022)

The East(2021) 7.0
The East(2021) The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။   File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

The East(2021)