Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Luke Macfarlane
Kinsey (2004)
Kinsey ကတော့ ၂၀၀၄ ခုနှစ်မှာထွက်ရှိထားတဲ့ Alfred Charles Kinsey အကြောင်းရိုက်ထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ပဲဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်တဲ့အတွက် ဒေါက်တာ kinsey ရဲ့အကြောင်းကိုပဲ သေချာ မီးမောင်းထိုးပြီး ရိုက်ပြထားတာမျိုးဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိဆိုပေမဲ့ ပျင်းစရာကောင်းတဲ့ရုပ်ရှင်မျိုး မဟုတ်ပဲ စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ရမှာပါKinsey ကတော့ ၂၀ ရာစုအလယ်ပိုင်းလောက်က အမေရိကန်လူမျိူးတွေရဲ့ လိင်မှုကိစ္စတွေနဲ့ လိင်ပိုင်းဆိုင်ရာ အချက်အလက်တွေကို စမ်းသပ်နေတဲ့ ဇီဝဗေဒသုတေသနပညာရှင်တစ်ယောက်ပါ။ ဒီဇာတ်ကားမှာဆိုရင် kinsey ရဲ့အံ့ဩလောက်စရာ သုတေသနစာတမ်းတွေ စစ်တမ်းကောက်ယူချက်တွေ သူရုန်းကန်ခဲ့တာတွေ လူထုရဲ့အမြင်တွေနဲ့ အခက်အခဲတွေ နဲ့ကြုံလာရချိန်မှာ kinsey တစ်ယောက်ဘာတွေဆက်လုပ်မလဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို ကြည့်ရမှာပါလိင်ကိစ္စတွေမှာ သိပ်ပြီးပွင့်လင်းမြင်သာမှု မရှိသေးတဲ့ရာစုနှစ်တွေမှာ လူတွေရဲ့ လိင်ပိုင်းဆိုင်ရာအသိဉာဏ် နည်းပါးတဲ့အတွက်ကြောင့် ဆက်ဆံပုံတွေမှာ ပုံသေတစ်ခုထဲသတ်မှတ်ထားတာမျိုးတွေက အဆင်မပြေနိုင်ပုံတွေ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမျိုးတွေရှိသင့်တယ်ဆိုတောတွေကို ဒေါက်တာ kinsey ကစစ်တမ်းတွေ ကောက်ယူပြီး သူ့ရဲ့စာအုပ်တွေထုတ်နိုင်ဖို့အတွက် ကြိုးစားနေတာတွေကိုတွေ့ရမှာပါ။ ...
movie
Kinsey (2004)
6.6
Catch Me If You Claus (2023)
Catch Me If You Claus (2023) ===================== IMDb Rating - 6.6/10ဒီကားလေးက ခရစ်စမတ်ဒရာမာကားလေးပါပဲ။ သတင်းတင်ဆက်သူအဖြစ် အလုပ်ရနိုင်ဖို့ကြိုးစားနေတဲ့အေဗရီက ခရစ်စမတ်ကိုအကြောင်းပြုပြီးတော့ သူ့ရဲ့လုပ်နိုင်စွမ်းကိုရှာဖွေတွေ့ရှိသွားတဲ့ စွန့်စားခန်းတွေနဲ့ ကြည့်ရတဲ့ကားလေး ပါ။မိသားစုနဲ့အတူ ကြည့်ဖို့သင့်လျော်တဲ့ ဇာတ်ကားပါ။အလုပ်တွေလုပ်နေကြပေမယ့် ဘဝမှာ ကိုယ်တကယ်လုပ်သင့်တာကဘာလဲ ဆိုတာကို ရှာဖွေဖို့လိုအပ်ပါတယ်။ ဘဝရဲ့အရေးကြီးတဲ့အရာတွေကို လုပ်ဆောင် နိုင်မှာသာ ကျွန်တော်တို့ဟာ ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ကြတယ်လို့ဆို ကြရမှာပါ။ ဒီဇာတ်လမ်းမှာလည်းကြည့်ရှုသူတွေအနေနဲ့ အဲဒါကိုတွေ့ကြရမှာ ပါ။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Bradley Walsh က စီစဥ်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး IMDb rating 6.6 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.43 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Thy Santa Encoder..........SWM
movie
Catch Me If You Claus (2023)
2023
6.4
Bros (2022)
CM ပရိသတ်တို့ မတင်သေးဘူးလား မေးမေးနေတဲ့ Bro 2022 ဇာတ်ကားလေး ရောက်ရှိလို့လာပါပြီ ဇာတ်ကားအမျိုးအစားလေးကတော့ Comedy Romance အမျိုးအစားဖြစ်ပြီး ဘော်ဘီနဲ့ အယ်ရွန် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ညှိနှိုင်းကြရင်း အဆင်ပြေသွားတဲ့ပုံနဲ့ ရိုက်ကူးထားပါတယ်။LGBTQ ကွန်မြူနတီ အသားပေးဇာတ်ကားဖြစ်ပြီး အဓိကအားဖြင့် ဂေးတွေရဲ့ နေထိုင်မှုဘ၀ လူမှုပတ်၀န်းကျင် အပြောအဆိုတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိလောက်အောင်ပဲ ရှင်းရှင်းဘွင်းဘွင်း ရိုက်ကူးပြထားပါတယ်။ လိင်အသားပေးဇာတ်၀င်ခန်းတွေ တစ်လှေကြီး ပါတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့သူဟာ မျက်မှောက်ခေတ်မှာ ဂေးကွန်မြူနတီက ဂေးတိုင်းကို အတော်အကျိုးသက်ရောက်မှုရှိပြီး ဂေးတော်တော်များများက သူ့ကို စံပြုရလောက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂေးတွေနဲ့ ပတ်သက်တဲ့ အသံလွှင့် အစီအစဥ်တစ်ခုကိုလည်း လုပ်ကိုင်နေသူပေါ့။ ဘော်ဘီဟာ Grindr ဒိတ်မယ်...အဲဒီကဘဲတွေနဲ့ တကူးကူးကူး လုပ်မယ် ပြီးရင် နောက်နေ့နောက်တစ်ယောက် ဆိုပြီး ဘ၀ကို Relationship မချိတ်ဘဲ တစ်ကိုယ်တည်းနေလာတဲ့သူပါ။ တစ်နေ့ ဂေးပါတီတစ်ခုမှာ အယ်ရွန်ဆိုတဲ့အမျိုးသား တစ်ဦးနဲ့ ...
movie
Bros (2022)
6.4
Single All the Way (2021)
ရိုမန်တစ်ခရစ္စမတ်ရာသီဆိုတော့ ဒီတစ်ခါလည်း ရိုမန်တစ် ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေဒီရိုမန်တစ်ဇာတ်လမ်းလေးကတော့ ဂေးနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပါဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပီတာက သူ့ဇာတိ နယူးဟမ့်ရှိုင်းယားနယ်လေးကနေ အယ်လ်အေမှာ အခြေချခဲ့တာ ကိုးနှစ်ကြာခဲ့ပါပြီအယ်လ်အေမြို့ကြီးမှာတော့ အရမ်းချော အရမ်းခန့် အရမ်းသန့်တဲ့ ကောင်လေးတွေကို ဘူဖေးလိုပဲ ရိုက်သတ်လို့မကုန်နိုင်အောင် အများကြီးတွေ့ခဲ့ရပါတယ်တဲ့ဒါပေမယ့် ပီတာတစ်ယောက်ကတော့ အချစ်ကံခေသူပဲ ဆိုရမလား တွဲသမျှလူတိုင်းနဲ့ လပိုင်းလောက်ပဲခံပြီး ပြတ်သွားကြတာချည်းပါပဲမိသားစုကလည်း ခရစ္စမတ် အိမ်ပြန်လာတိုင်း ဆင်ဂယ်ဖြစ်နေတဲ့သူ့ကို မြန်မြန် လက်တွဲဖော်ရှာဖို့ အမြဲတဖွဖွနဲ့ပေါ့နော်အဲဒီလို နားပူနားဆာလုပ်တာတွေ မခံနိုင်တော့တဲ့ ပီတာတစ်ယောက် ဒီနှစ်ခရစ္စမတ် အိမ်ပြန်တဲ့အခါမှာတော့ သူ့အခင်ဆုံးသူငယ်ချင်းနစ်ခ်ကို ရည်းစားဟန်ဆောင်ခိုင်းမယ်ဆိုတဲ့ အကြံအစည်ကြီးနဲ့ နှစ်ယောက်သား နယူးဟမ့်ရှိုင်းယားဇာတိမြို့လေးကို ထွက်လာခဲ့ကြလေရဲ့ပီတာတစ်ယောက် ဇာတ်လမ်းနာမည်အတိုင်း single all the way ပဲ ဆက်သွားမလားဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး File size…(1.6 GB) / (900 Mb) / (500 Mb) Quality….Webrip 1080p ...
movie
Single All the Way (2021)
7.4
Taking a Shot at Love (2021)
အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ January 2 ရက်နေ့မှပူပူနွေးနွေးထွက်ရှိထားတဲ့ Taking a Shot at Love ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကိုတော့ ဒီလိုလေးနဲ့အစပြုထားပါတယ်ရေခဲပြင်ဟော်ကီကစားသမားဖြစ်တဲ့ ရိုင်ယန်ကုဖ့်ပါဟာ ရေခဲပြင်ဟော်ကီမှာတော့ နာမည်ကြီးတဲ့အကျော်အမော်ကစားသမားတစ်ဦးပါရိုင်ယန်လိုအားကစားသမားတစ်ဦးအတွက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာ တွေးတောင်မတွေးဝံ့တဲ့ အိပ်မက်ဆိုးတစ်ရပ်ပဲဖြစ်ပါတယ်ဒါပေမယ့်ကံကြမ္မာဟာ ရိုင်ယန်အပေါ်မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့ ရိုင်ယန်တစ်ယောက် ဟော်ကီကစားရင်း ခြေချင်းဝတ်ကိုထိခိုက်မိခဲ့ရာမှ သူအနှစ်သက်ဆုံးဟော်ကီကစားနည်းကိုလက်လွှတ်ရမလို ဖြစ်ခဲ့ရပါတယ်ဒီလိုနဲ့ခြေချင်းဝတ်ဒဏ်ရာရတဲ့ရိုင်ယန်တစ်ယောက် သူရဲ့ညီဝမ်းကွဲဖြစ်တဲ့တယ်ရီနဲ့ဆက်စပ်မိပြီး အေဗွန်မြို့မှ ဘဲလေးဆရာမဂျန်နာထံမှာ ခြေချင်းဝတ်ဒဏ်ရာကုသရန် အကြောင်းဖန်လာပါတော့တယ်ဂျန်နာဆိုသူမှာလည်း ရိုင်ယန်ကုဖ့်ပါလိုမျိုး ခြေချင်းဝတ်ဒဏ်ရာကြောင့် သူမရဲ့ပရော်ဖက်ရှင်နယ်ဘဲလေးကချေသည်ဘဝကို လက်လွှတ်ခဲ့ရသူပါဒါပေမယ့်သူမဟာ သူမတတ်ကျွမ်းတဲ့ဘဲလေးအကကိုသုံးပြီး ခြေချင်းဝတ်ဒဏ်ရာကို ပျောက်ကင်းအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်ကုထုံးတွေအများကြီးရှိတဲ့အထဲမှာ ဘဲလေးအကကုထုံးကိုသုံးပြီး ကုသပေးတာဆိုတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလိုနဲ့ဂျန်နာတစ်ယောက် ဘဲလေးကုထုံးကိုသုံးပြီး ရိုင်ယန်ကိုဘယ်လိုတွေကုသပေးမလဲ.....နှစ်ဦးကြားမှာလည်း ဘယ်လိုသံယောဇဥ်ကြိုးလေးတွေ ရစ်နှောင်သွားမလဲဆိုတာတွေကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ရှင်ရိုင်ယန်အနေနဲ့ မင်းသား Luke Macfarlaneကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးချော Alexa Penavega က ဂျန်နာအဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်Rating အနေနဲ့ကလည်း 7.4/10ရရှိထားတော့ အားလုံးသဘောတွေ့မယ့် romantic movie လေးဖြစ်မယ်လို့ မျှော်လင့်မိပါတယ်အညွှန်းနှင့်ဘာသာပြန်ဆိုသူ ...
movie
Taking a Shot at Love (2021)
2021