Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Łukasz Simlat
7.2
Scarborn (2023)
အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Scarborn (2023)
6.0
Dangerous Men (aka) Niebezpieczni dzentelmeni (2022)
ဒီဇာတ်လမ်းကတော့ Comedy/ Crime Comedy အမျိုးအစားလေးပါ ၁၉၁၄ ခုနှစ် ဇာကိုပန်နာမြို့မှာ စာရေးဆရာဂျိုးဆက်ဖ် ကွန်ရတ်နဲ့အတူ အခြားသောပိုလစ်အနုပညာသမား ၃ ဦးတို့ ပါတီတစ်ခုမှာ မူးယစ်ဆေးတွေသုံးမိပြီး နောက်တစ်နေ့သူတို့နိုး လာတဲ့အချိန် သူတို့ရဲ့ ဧည့်ခန်းထဲမှာ ယောက်ျားအလောင်းတစ်လောင်းရောက်ရှိနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။မူးယစ်ဆေးအရှိန်ကြောင့် သူတို့ ၄ ယောက်လုံးက ညကအဖြစ်အပျက်တွေကို ဘာမှမမှတ်မိတော့ဘဲ ဒီအလောင်းကို ဘယ်သူသတ်ခဲ့တာ လဲ ဘာဆက်လုပ်ကြမလဲဆိုပြီး မေးခွန်းထုတ်နေကြတဲ့အချိန် သူတို့အိမ်တံခါးကို ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ယောက်က တံခါး လာခေါက်ပါတော့တယ်။ တံခါးသွားဖွင့်ပေးတဲ့ တာဒဲအုရှ်ဇလန်စကီကတော့ ဝါသနာအရစာရေးပေမယ့် ကလေးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး ထိုသူနဲ့ စကားပြောပြီးတဲ့နောက် သူက ညတုန်းကပါတီပွဲမှာ သေနတ်နဲ့ပစ်သတ်ခံရလို့သေပြီလို့သတင်းပျံ့နေကြောင်း သိလိုက်ရပါတော့တယ်။သူတို့လေးယောက်သား နှစ်ယောက်တစ်ဖွဲ့စီခွဲကာ တာဒဲအုရှ်သေပြီလို့ ဘာလို့မြို့ထဲမှာပြောနေကြတာလဲ သူတို့အိမ်ထဲရောက်နေ တဲ့ အလောင်းကောင်ကဘယ်သူလဲ သူတို့ထဲကဘယ်သူသတ်ခဲ့တာလဲဆိုတာကို စုံစမ်းရေးထွက်လုပ်ကြရင်း နိုင်ငံရေး အရှုပ်တော်ပုံထဲပါသွားကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway ...
movie
Dangerous Men (aka) Niebezpieczni dzentelmeni (2022)
6.1
United States of Love (2016)
၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကိုအချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်... အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြားသွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင်ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာကသူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီးအတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူမာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်...အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလိုခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ... သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာကမီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကိုရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ...ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်.....ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီးဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ... File size… 1.6 GB / 746 MB Quality… BluRay 1080p / 720p Format… ...
movie
United States of Love (2016)
2016
5.4
Delivery by Christmas (2022)
Delivery by Christmas (2022) ======================ခရစ်စမတ်ကာလမှာ မိသားစုနဲ့ ရယ်မောရင်းကြည့်လို့ ရမယ့် ခရစ်စမတ် Romance ကားတစ်ကားနဲ့ မိတ်ဆက် ပေးပါရစေ။ မာရီယာဆိုတဲ့ ကောင်မလေးက Single mother တစ်ယောက်ဖြစ်ပြီး Delivery ကုမ္ပဏီတစ်ခုမှာ ပစ္စည်းပို့တဲ့သူ တစ်ယောက်ပါ။ ခရစ်စမတ်အကြိုနေ့မရောက်ခင် တစ်ရက်မှာ သူပို့ရမယ့် ပစ္စည်းတွေကို မာရီယာရဲ့ ကြီးကြပ်ရေးမှုးက လိပ်စာ တလွဲတွေကို ကပ်ပေးလိုက်တဲ့အချိန်မှာတော့ ပြဿနာအကြီး အကျယ်တက်ပါတော့တယ်။လိပ်စာမှားသွားတာကြောင့် မာရီယာတစ်ယောက် ခစ်စမတ် အကြိုနေ့မှာ ပစ္စည်းတွေကို ပြန်လည်ပို့ရင်း အချစ်နဲ့ ဘယ်လို ဆုံတွေ့မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး။ ဒီဇာတ် ကားကြည့်ပြီး ရယ်မောပျော်ရွှင်ရင်း ခရစ်စမတ်ကာလမှာ မိသား စုတိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.2 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder...........SWM
movie
Delivery by Christmas (2022)
2022
6.3
Furioza (2021)
Furioza (2021) ဇာတ်လမ်းအညွှန်း ရှယ်ကြမ်း အက်ရှင်ကြိုက်သူများအတွက်ပါ။ ဒါဝိ၊ ဇီကာ နဲ့ အာရှုတို့က ချာတိတ်ဘဝတုန်းက ဖျူရီအိုဇာဆိုတဲ့ လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေပေါ့။ အတိတ်ဆိုးတွေကနေ ရုန်းထွက်ရင်း ဆယ်နှစ်အကြာမှာ ဒါဝိက ဆရာဝန်ဖြစ်လာပြီး ဇီကာက ရဲဖြစ်လာခဲ့ပါတယ်။ဂိုဏ်းထဲမှာပဲ လူမိုက်ကြီးအဖြစ် ကျန်ရစ်ခဲ့တဲ့သူကတော့ ဒါဝိရဲ့အစ်ကို အာရှုပါပဲ။ဇိကာတို့ ရဲတပ်ဖွဲ့က အန့်မန်းဆိုတဲ့ မူးယစ်ရာဇာကို ဖမ်းချင်နေကြတာပါ။ အန့်မန်းက ဖျူရီအိုဇာဂိုဏ်းနဲ့ ဆက်စပ်မှုရှိနေတာကြောင့် အာရှူကိုဖမ်းမယ်လို့ အကျပ်ကိုင်ပြီး ဒါဝိကို သူလျှိုအဖြစ် ဂိုဏ်းထဲ ပြန်ဝင်ပေးဖို့ အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်။ဒါဝိတစ်ယောက် သူ့ဂိုဏ်းဟောင်းထဲ ပြန်ရောက်သွားရာက ဘယ်လို ရှုပ်ထွေးပွေလီတဲ့ ကိစ္စတွေနဲ့ ကြုံရမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 2.7GB, 1.1GB & 539MB Quality ...
movie
Furioza (2021)
2021
7.7
Corpus Christi (2019)
unicodeဖစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။လူငယ်အကျဉ်းထောင်ကနေ အသက် ၂၀ အရွယ် လူငယ်လေးတစ်ယောက်ကစောင့်ကြည့်အမိန့်နဲ့ လူငယ်အကျဉ်းထောင်ကနေ လွတ်လာပါတယ်။သူ့ကို သစ်စက်မှာ အလုပ်သွင်းပေးဖို့ စီစဉ်ထားပေမဲ့သူက တစ်နေရာမှာ ဘုန်းတော်ကြီးအယောင်ဆောင်ရင်း နေနေလိုက်ပါတယ်။အကျဉ်းထောင်အတွင်းကို တရားလာဟောလေ့ရှိတဲ့ဘုန်းတော်ကြီးဆီကနေ သူလေ့လာထားသလောက်ပညာတွေနဲ့ဘုန်းတော်ကြီးခရီးစဉ်ကို စတင်လျှောက်လှမ်းပါတော့တယ်။သူရောက်သွားတဲ့နေရာလေးမှာ အဖြစ်ဆိုးတစ်ခုလည်း ဖြစ်ထားခဲ့ပါတယ်။အဲဒီအဖြစ်ဆိုးကြီးရဲ့ နောက်ဆက်တွဲပြဿနာတွေကိုဘုန်းတော်ကြီးအယောင်ဆောင်ထားတဲ့လူငယ်လေးက ဖြေရှင်းဖို့လုပ်ပါတော့တယ်။File Size : ( 1 GB , 286 MB ) Quality : WEB-DL 720p Running Time : 1 hr 55 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Man Aung Encoded by Moe Myint Lwinzawgyiဖစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။လူငယ်အကျဉ်းထောင်ကနေ ...
movie
Corpus Christi (2019)