Channel Myanmar

Lukas Walcher

A Whole Life / Ein Ganzes leben (2023)
A Whole Life / Ein Ganzes leben (2023) ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်....ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်....အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ....ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်....အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်....ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်....တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်....သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်... ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ....လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်....ခံစားကြည့်ကြပါခင်ဗျာ....File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre... Drama,  History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

A Whole Life / Ein Ganzes leben (2023)