Channel Myanmar

Lujza Emma Tóth

Mastergame (2023) 6.6
Mastergame (2023)  ၁၉၅၆ခုနှစ်မှာ ရုရှား-ဟန်ဂေရီပဋိပက္ခကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။အိရှ်ဗန်ဆိုတဲ့ကောင်လေးဟာ တော်လှန်ရေးမှာပါဝင်ခဲ့ပြီး သူတို့ရဲ့တော်လှန်ရေးကျရှုံးသွားချိန်မှာတော့အိရှ်ဗန်ဟာလည်း အခြားတော်လှန်ရေးသမားတွေနည်းတူအနောက်နိုင်ငံတွေဆီထွက်ပြေးခိုလှုံဖို့ ရွေးချယ်ရပါတော့တယ်။ ဒါ့ကြောင့် အိရှ်ဗန်ဟာ သူရဲ့ကောင်မလေးဖြစ်သူစစ်တုရင်ချန်ပီယံမာတာကိုခေါ်ပြီး ထွက်ပြေးဖို့လုပ်ပါတော့တယ်။တစ်ချိန်တည်းမှာပဲ ဘုန်းတော်ကြီးဖြစ်သူရီဒါဘာလင့်ဆိုသူဟာလျှို့ဝှက်ရတနာတွေကိစ္စနဲ့ ဟန်ဂေရီလျှို့ဝှက်ရဲတွေရဲ့စစ်ကြောခြင်းကိုခံနေရသူပါ။ စစ်ကြောတဲ့နေရာမှာရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကိုညှင်းပန်းနှိပ်စက်တာကိုခံနေရသူပေါ့။ တစ်နေ့တစ်နေ့ နေဝင်တာမသိ နေထွက်မသိထောင်နံရံကလွဲပြီး ဘာကိုမှမြင်ဖူးတော့တဲ့ ဘာလင့်ဆီကိုတစ်ရက်မှာ စစ်တုရင်စာအုပ်လေးတစ်အုပ်ရောက်လာပါတယ်။ဒီစာအုပ်လေးကြောင့်ပဲ ဘာလင့်တစ်ယောက်အားလုံးပြောင်းလဲသွားပါတော့တယ်။ဒီဇာတ်ကားမှာ ဒီလိုကွဲနေတဲ့ Storyline နှစ်ခုကို စစ်တုရင်နဲ့ချိတ်ဆက်ပြီး တင်ဆက်ထားပုံကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဇာတ်လမ်းသွားတဲ့ပုံစံနဲ့ မထင်မှတ်တဲ့ အချိုးအကွေ့တွေပါနေတာကလည်း ဒီဇာတ်ကားရဲ့ထူးခြားချက်ပဲဖြစ်ပါတယ်။ဇာတ်ကားကြည့်ပြီးရင်တော့တစ်ခုခုကျန်ခဲ့မှာသေချာတာမို့လို့ဒီ Mastergame ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆင်ပေးလိုက်ပါတယ်။ File size…1.03GB / 453MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie

Mastergame (2023)