Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Luisa Gavasa
6.4
The Tree of Blood (2018)
ရီဘီကာ နဲ့ မာ့ခ် တို့စုံတွဲနှစ်ယောက်ဟာ သူတို့နှစ်ဦးနှစ်ဖက်ကမိသားစုတွေရဲ့ အမှတ်တရတွေလွှမ်းခြုံထားတဲ့ဘက်စ်ခ်ပြည်နယ် ကျေးလက်ဒေသက လယ်ကွင်းအိမ်လေးတစ်လုံးဆီ ရောက်လာကြပါတယ်။အဲ့အိမ်မှာမိသားစုကိုယ်စီရဲ့အဖြစ်အပျက်တွေကို အပြန်အလှန်ပြောပြပြီး ဖြစ်ရပ်တွေချိတ်ဆက်နေပုံကို အဖြေရှာကြဖို့ဖြစ်ပါတယ်။ရီဘီကာဟာ အဆိုတော်မိန်းကလေးတစ်ယောက်ရဲ့သမီးဖြစ်ပြီး ဖခင်ကိုမသိရပဲမွေးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ရီဘီကာရဲ့အမေနဲ့ ဗစ်တာဆိုတဲ့လူတစ်ယောက်တွေ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဗစ်တာရဲ့ညီဖြစ်သူအိုလ်မိုရဲ့မင်္ဂလာပွဲမှာ ရီဘီကာနဲ့ မာ့ခ်တို့ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။မာ့ခ်ရဲ့အမေဟာ ဗစ်တာရဲ့ညီအိုလ်မိုရဲ့ဇနီးဖြစ်သူစာရေးဆရာမ အမ်မိုင်ယာရဲ့အယ်ဒီတာဖြစ်ပြီးအိုလ်မိုရော ဇနီးဖြစ်သူအမ်မိုင်ယာနဲ့ပါ ပတ်သတ်ခဲ့ဖူးသူဖြစ်ပါတယ်။ဒီအထိဆိုရင် ဒီစာကိုဖတ်နေတဲ့သူလည်းခေါင်းရှုပ်နေလောက်ပါတယ်။ ဒီဇာတ်ကားကိုဝေဖန်သူတွေကလည်း ကြည့်ရှုသူအတွက်တော်တော်ရှုပ်ထွေးတယ်လို့ဝေဖန်ထားကြပါတယ်။ ဒါပေမယ့်အချိန်ပေးပြီးသေသေချာချာကြည့်နိုင်ရင်တော့တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာပါ။ရီဘီကာ နဲ့မာ့ခ်တို့ မိသားစုအဖြစ်အပျက်တွေပြောကြရင်းနာကျင်စရာအမှန်တရားတွေ ပေါ်လာပြီးမိသားစုရဲ့မှောင်မိုက်နက်နဲတဲ့ လျှို့ဝှက်ချက်ကြီးကိုသိရဖို့လမ်းစပေါ်လာပါတော့တယ်။ဒီကားဟာ စပိန်နိုင်ငံကဇာတ်ကားဖြစ်ပြီးမိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ 18+တွေ၊သတ်ဖြတ်တာတွေ၊အဆုံးစီရင်တာတွေပါပါတယ်။ကြည့်ပြီးရင်စိတ်ထဲတစ်မျိုးကြီးကျန်နေခဲ့တဲ့အခန်းမျိုးတွေလည်းပါပါတယ်။ရှုပ်ရှုပ်ထွေးထွေးစဥ်းစားရင်းကြည့်ပြီးအဖြေရှာရတဲ့ဇာတ်လမ်းနက်နဲတဲ့ဇာတ်ကားတွေကိုမှကြိုက်တယ်ဆိုရင်တော့လက်လွှတ်မခံဖို့ပြောချင်ပါတယ်။ Translated by : Pyi T NyeinEncoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 2.2GB and 1.4GBDuration : 2h 20minsSubtitle : Myanmar (Hardsub)
movie
The Tree of Blood (2018)
7.5
Champions (2018)
Champions(2018) ******************IMDb...7.3ထက်မြက်တဲ့ဘက်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တဲ့မွန်တီးစ်တစ်ယောက်ဟာ တော်လဲတော်သလိုစိတ်မရှည်ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်တာနဲ့အညီသူ့အသင်းကနည်းပြအချင်းချင်းသဘောထားမတိုက်ဆိုင်ရာကနေစကားများရန်ဖြစ်ပြီးအသင်းကထုတ်ခံလိုက်ရပါတယ်..ယောကျ်ားလေးထုံးစံအတိုင်းစိတ်ပျက်ဒေါသထွက်ပြီးအရက်သောက်...အရက်မူးပြီးမောင်းတော့ယာဉ်တိုက်မှုဖြစ်..တိုက်တာကလဲရဲကားကိုမှလေ..အဲ့မှာတရားရုံးရောက်..တရားသူကြီးက လူမှုဝန်ထမ်းလုပ်မလား ထောင်ထဲသွားမလားလို့မေးတော့..လူမှုဝန်ထမ်းပဲလုပ်မယ်ပေါ့..အဲ့မှာဇာတ်လမ်းကစပြီ..မွန်တီးစ်တစ်ယောက်အသိဉာဏ်ချို့တဲ့(ကျပ်မပြည့်)တဲ့လူတွေကိုဘက်စကက်ဘောနည်းပြလုပ်ဖို့အကြောင်းဖန်လာတဲ့အချိန်မှာ စိတ်မရှည်တတ်တဲ့နည်းပြတစ်ယောက်နဲ့ ဘတ်စကက်ဘော ကစားတဲ့နေရာမှာ အားနည်းချက်တွေအများကြီးရှိတဲ့သူတစ်သိုက်နဲ့စတွေ့ကြတဲ့အခါမှာတော့...ကိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားလိုက်ပါဦး...ဟာသအမြူးလေးတွေကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေဇာတ်ကားလေးတစ်ကားဖြစ်ကြောင်းပြောပါရစေ...။Translated by Zwel Zan Aung
movie
Champions (2018)
2018