Channel Myanmar

Luis Contreras

Bound by Honor (aka) Blood In, Blood Out (1993) 7.9
Bound by Honor (aka) Blood In, Blood Out (1993)  ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်​ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie

Bound by Honor (aka) Blood In, Blood Out (1993)

Red Heat (1988) 6.1
Red Heat (1988) Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie

Red Heat (1988)

1988