Channel Myanmar

Luis Arrieta

Unhappily Ever After (aka) Infelices para Siempre (2023) 5.3
Unhappily Ever After (aka) Infelices para Siempre (2023)  "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" တဲ့။ ဘယ်နှယ့် "ထာဝရပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း" ပဲကြားဖူးပါတယ်။ ဟုတ်ပါတယ်။ ​ဒီရုပ်ရှင်ဟာ စပိန် Rom/Com ရုပ်ရှင်တစ်ခုဖြစ်ပြီး ကြည်နူးဖို့ကောင်းတဲ့ ဟာသအချစ်ဇာတ်လမ်းလေးနဲ့အလှဆင်ထားပါတယ်။အယ်ဖရက်ဒိုနဲ့ မာရီယာဟိုဆေးတို့ဟာအရမ်းချစ်ကြတဲ့ စုံတွဲတစ်တွဲပါ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းကပေါ့လေ။ အိမ်ထောင်သက်ကြာလာတဲ့အမျှ ကလေးတွေလည်းမွေး အချစ်တွေလည်းပေါ့လာကြပြီး ကတောက်ကဆလေးတွေဖြစ်လာကြပါတယ်။ ဒီလိုဖြစ်နေတာတွေကို သူတို့ရဲ့ကလေးတွေဟာပြန်ပြင်ပေးဖို့ နှစ်ပတ်လည်နေ့မှာ ပျားရည်စမ်းထွက်တုန်းက ကမ်းခြေက ဟိုတယ်မှာအခန်းဖြတ်ပေးခဲ့ပါတယ်။ မသွားခင်လေးမှာ သမိီးလေး နီနာဟာ သူ(မ) ရဲ့မှောတုတ်တံလေးနဲ့ "နှစ်​ယောက်ပြန်မချစ်မချင်းပြန်မလာခဲ့ကြနဲ့"ဆိုပြီးပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်မသိလိုက်တာက ဒီစကားလေးဟာ သူတို့နှစ်ယောက်အတွက် အတော်လေးကိုအကျိုးသက်ရောက်စေမယ့်စကားဆိုတာကိုပါပဲ။ အားလုံးကပုံမှန်ဖြစ်နေပေမယ့် နောက်ရက်နိုးလာတဲ့အခါမှာသူတို့ဟာ ရ​က်တစ်ရက်တည်းမှာပိတ်မိနေတာကိုသိသွားခဲ့ပါတယ်။မာရီယာနဲအယ်ဖရက်ဒိုတို့နှစ်ယောက် ဘယ်လိုများအချိန်လည်နေတာကိုရပ်တန့်မလဲ။ မျက်နှာမကြည့်ချင်အောင် ဖြစ်နေတဲ့နှစ်​ယောက်ကဘယ်လိုမျိုး ဒါကိုပြန်ပြင်မှာလဲ။ တကယ်ပဲရုပ်ရှင်ခေါင်းစဥ်လို "ထာဝရမပျော်ရွှင်စွာနေထိုင်သွားကြလေသတည်း"ဆိုပြီးဖြစ်သွားမှာလား။ အတော်လေးကိုကြည်နူးရတဲ့ Rom/Com ရုပ်ရှင်တစ်ခုမလို့ ကြည့်ဖို့အကြံပေးပါရစေ။ File size…(1.3 GB)/(680 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff
movie

Unhappily Ever After (aka) Infelices para Siempre (2023)

Dad Wanted(2020) 6.2
Dad Wanted(2020) Dad Wanted(2020)ဘလန်ကာ ဒီယက်စ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းကလေး သူ့ဝါသနာကတော့ စက်ဘီးတာဖြစ်ပါတယ်။ အဲ့ဒါကို သူ့အမေကလုံးဝမကြိုက်ပါဘူး ဘာလို့လဲဆိုတော့ ဘလန်ကာလေးရဲ့ အဖေက စက်ဘီးရင်းနဲ့ ကားတိုက်မိပြီးဆုံးသွားတာကြောင့်ပါ.... ဘလန်ကာလေးရဲ့မိခင်က လည်း ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်ဖြစ်တဲ့အတွက် အလုပ်တွေအရမ်းရှုပ်နေတာကြောင့်ဘလန်ကာကို သေချာမစောင့်ရှောက်နိုင်ပါဘူး အဲ့ဒါကြောင့် ဘလန်ကာက ဂျစ်ကန်ကန်လေးဖြစ်ပါတယ်။ တစ်နေ့မှာတော့ မက်ဆီကိုမှာ စက်ဘီးပြိုင်ပွဲကျင်းပမယ်ဆိုတဲ့ သတင်းကို ကျောင်းမှာကြားခဲ့ရတယ် သူ့အိမ်မက်တွေအကောင်အထည်ဖော်မယ့် အခွင့်အရေးကို ဘလန်ကာတစ်ယောက် ဘယ်လိုရယူမလဲ ၊ စက်ဘီးစီးတာကိုလုံးဝတားမြစ်ထားတဲ့ မိခင်နဲ့ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး မိသားစုနဲ့အတူကြည့်ရှုဖို့အထူးသင့်တော်တဲ့အတွက်တင်ဆက်ပေးလိုက်ရပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....File Size :(950 MB) and (336 MB) Quality : WEB-DL  720p Format…mp4 Duration…01:42:00 Genre : Family  , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

Dad Wanted(2020)