Channel Myanmar

Lui Manansala

Rooftop (2023) 5.5
Rooftop (2023) Rooftop (2023)===========မိုးအေးအေးလေးနဲ့စောင်ခြုံပြီးဇိမ်နဲ့ကြည့်ရမယ့် ရှယ်ကြမ်းတဲ့သရဲကားပါ။ အဆောင်ရဲ့အုပ်ထိန်းသူတွေကျောင်းအားလပ်ရက်ခရီးထွက်သွားတုန်း ပိတ်ရက်အိမ်မပြန်တဲ့အဆောင်နေကျောင်းသားတစ်စုကျန်ခဲ့ပါတယ်။ အဆောင်မှာသူတို့ချည်းပဲ လွတ်လွတ်လပ်လပ်ကျန်ခဲ့တာမို့ လူငယ်တွေပီပီ ခေါင်မိုးထပ်မှာသောက်ကြစားကြပျော်ကြပါးကြဖို့စီစဉ်ကြပါတယ်။တကယ်တမ်းတော့ခေါင်မိုးထပ်ဟာ တာဝန်ရှိသူတွေကလွဲလို့ဘယ်သူမှမတက်ရတဲ့တားမြစ်နယ်မြေပါ။ အဲ့ဒါကြောင့် သူတို့နဲ့ရွယ်တူကျောင်းစောင့်ကောင်လေးကို သိမ်းသွင်းပြီး သူ့ကိုပါအတူတူခေါ်ပြီး သောက်စားမူးယစ်ကြပါတယ်။အသောက်များလာ ညနက်လာတာနဲ့အမျှ အသိစိတ်တွေလွတ်ပြီးစကြနောက်ကြရာကနေ ကျောင်းစောင့် ပေါလ်ဟာခေါင်မိုးပေါ်ကလိမ့်ကျသေဆုံးသွားပါတော့တယ်။အဲ့ဒီကျမှ အမူးတွေပြေ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတဲ့ သူတို့တစ်စုဟာ အဆောင်မှာ မသိသလိုနေလိုက်ပြီး မနက်လင်းအလောင်းကိုရှာတွေ့တဲ့သူနဲ့ချော်လဲရောထိုင်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့်လည်း အငြိုးကြီးလွန်း ဇပြင်းလွန်းတဲ့ ပေါလ်ကတော့ လိမ့်ကျသေတဲ့နေရာမှာမနေပဲ သူတို့တစ်အုပ်လုံးကိုကလဲ့စားချေတော့မှာပါ။ ခြောက်လှန့်ခန်းတွေ၊မိတ်ကပ်အထူးပြုလုပ်ချက်တွေ ပီပြင်ပြီး အစကနေအဆုံးအထိ ရင်မသည်းဖိုကြည့်ရမယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Rooftop (2023)

Kampon (2023)
Kampon (2023) Kampon 2023အာရှသရဲကား စုန်းကား မှော်ကားတွေကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ထွက် ဖိလစ်ပိုင်သရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေ အာရှကားတွေပီပီ ကြောက်ဖို့ကောင်းတာကတော့ ပြောစရာမလိုပါဘူး ပြူးခနဲပြဲခနဲ ဇာတ်ဝင်ခန်းတွေနဲ့ ဖြဲခြောက်မှာမို့ နှလုံးရောဂါဘာညာအခံရှိရင်တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ အိမ်ထောင်သက်ရှစ်နှစ်ရှိပေမယ့် ကလေးမရသေးတဲ့ ကလာ့ခ်နဲ့အိုင်လင်းတို့ လင်မယားနှစ်ယောက်ရှိပါတယ် ကလာ့ခ်က အငြိမ်းစားရဲတစ်ယောက်ဖြစ်ပြီး အရင်တုန်းက ပတ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းလေးတွေတော့ ရှိပါတယ် တစ်နေ့မှာတော့ သူတို့အိမ်တံခါးဝကို ကလာ့ခ်ရဲ့သမီးပါဆိုပြီး ကလေးမလေးတစ်ယောက်က ရောက်လာတဲ့အခါမှာတော့ လင်မယားနှစ်ယောက်ရဲ့ ဘဝမှာထူးဆန်းတာတွေစဖြစ်လာပြီး တကယ်ရော ကလာ့ခ်ရဲ့သမီးအစစ်အမှန်လား ဘာလို့ သူတို့ဆီရောက်လာတာလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ပြီးတော့ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာအညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror, Thriller Quality…. 1080p | 720p File size… 901MB | 481MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie

Kampon (2023)

2023
Firefly (2023) 7.8
Firefly (2023) Firefly ( 2023 )Firefly က ဖိလစ်ပိုင် က ရိုက်တဲ့ကားဆိုပေမဲ့ ပုံမှန်မြင်နေကျ ဖိလစ်ပိုင်ကားတွေနဲ့ တော်တော်လေး ကွဲထွက်တယ်လို့ပြောရမယ်။ ဇာတ်အမျိုအစားကလည်း Fantasy , Drama အမျိုးအစား။ ဒီအမျိုးအစားကိုလည်း ဖိလစ်ပိုင်ကားကောင်းတွေထဲ သိပ်တော့မတွေ့ရတတ်ဘူး။ ဒီဇာတ်က ပုံပြင်တွေနဲ့ လက်တွေ့ဘဝကို ချိတ်ထားတဲ့ဇာတ်မျိုးပဲ။ ဒါမျိုးကို ကျွန်တော်တို့ ဟောလိဝုဒ်ကားတွေမှာတော့ ပမာဏတစ်ခုအထိတော့ မြင်တွေ့ခဲ့ရပြီးပြီ။ ဒီလိုကားအကုန်နီးပါးလည်း ကောင်းကြတယ်။ ဥပမာဆို Bigfishတို့ The Imaginarium of Doctor Parnassusတို့ A Monster Callsတို့လိုပေါ့။ ဒီကားက A Monster Callsနဲ့တော့ ပိုဆင်မယ်။ ဒီကားတွေရဲ့တန်းနဲ့တော့ သွားယှဉ်မရပေမဲ့ ဒီကားတွေရဲ့ အငွေ့အသက်မျိုးကို အာရှကားအငွေ့အသက်နဲ့ပါ ပေါင်းကြည့်ရတာတော့ တစ်မျိုးထူးတယ်။ နောက် သူက သူ့ဖိလစ်ပိုင် အငွေ့အသက်ကိုလည်း မဖျက်ထားဘူး။ ဘိုကားတော့မဆန်သွားဘူး။ အားနည်းချက်ကတော့ ဇာတ်လမ်းဟာ အီမိုရှင်နယ်ကိုတော့ ထိခတ်အောင်လုပ်နိုင်ပေမဲ့ သူ့ဇာတ်မှာ သူ့ဇာတ်ကောင်ရဲ့ ဆန့်ကျင်ဘက်မှာနေပြီး သူ့ဇာတ်ကောင်ကို ပိုအားကောင်းလာအောင်လုပ်ပေးနိုင်မယ့်အရာမျိုးက ထည့်တော့ထည့်ထားပေမဲ့ အားမပါလှတာမို့ မပါသလိုဖြစ်နေတော့ ဇာတ်ကောင်ရဲ့ ...
movie

Firefly (2023)

2023
Once Before(2020) 6.7
Once Before(2020) Once Before(2020)ငယ်သူချင်းတွေဆိုတာ အကြောင်းသိချင်းတွေဆိုတော့ တော်ရုံချစ်သူဖြစ်ကြတာမဟုတ်ဘူး...သူတို့အမြင်မှာ သူငယ်ချင်းအဆင့်ထက်မပိုသလို အတွင်းရေးတွေလည်း ပွင့်ပွင့်လင်းလင်းတိုင်ပင်လေ့ရှိကြတယ်...ဒီလိုအချိန်မှာ ငယ်သံယော်ဇဉ်ကနေ အချစ်ကိုကူးပြောင်းမှန်းသိလိုက်ပေမဲ့ သူငယ်ချင်းလို့ပဲ ကိုယ့်ကိုမြင်နေတာကိုသိတော့ ဆန္ဒတွေကိုမြိုသိပ်ရင်းအနားမှာရှိနေပေးတတ်ကြတဲ့သူတွေကိုမြင်ဖူးကြမှာပါ...ပိုဆိုးတာက ကိုယ်ကချစ်နေပေမဲ့ သူငယ်ချင်းက တခြားသူနဲ့ရည်းစားဖြစ်သွားရင်ဘယ်လောက်ခံစားရမလဲဆိုတာ ပြောပြဖို့တောင်လိုမယ်မထင်ပါဘူး...ဒီကားထဲမှာလည်း သူငယ်ချင်း(၂)ယောက်ရှိတယ်..ကောင်လေးက သူငယ်ချင်းစည်းကိုကျော်ချင်ပေမဲ့ကောင်မလေးကတော့ တခြားသူနဲ့ မေတ္တာမျှသွားလေရဲ့.....ဒီကားက အပေါ်ကရေးထားတာ သိပ်မဆန်းပေမဲ့သူတို့(၃)ယောက် နောက်ပိုင်းဖြစ်တဲ့အဖြစ်အပျက်တွေကတော့ဆန်းကျယ်တယ်....ဘာတွေလဲဆိုတာကတော့ ခံစားကြည့်ကြပါနော်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (850 MB) and (461MB) Quality : WEB-DL 720p Format…mp4 Duration…01:38:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Once Before(2020)

Finding You(2019) 6.0
Finding You(2019) Finding You(2019)အာနယ်လ် အေလန် ဘူညီ ဆိုတဲ့ကောင်လေးက Hyperthymesia ဆိုတဲ့အခြေအနေတစ်ခုရှိနေတဲ့သူပေါ့ ... ကိုယ့်ဘဝတစ်လျှောက်မှာဖြစ်ခဲ့သမျှကို သူများတွေထက်ထူးပြီး အသေးစိတ် နေ့ရက် အချိန်မလွဲ မှတ်မိနေတာမျိုးပေါ့... သူရဲ့ throwback app ကနေ လွန်ခဲ့သောနှစ် လ ရက် တွေရဲ့ အမှတ်တရpostတွေတက်လာတဲ့အခါမှာ သူ မမှတ်မိတာတွေဖြစ်နေရော.... သူ့လိုလူတစ်ယောက်တစ်ယောက်အတွက် ဒါမျိုးက မဖြစ်သင့်ဘူးလေ.... အဲ့အတွက် postတွေထဲက သူရည်ညွန်းရေးထားတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာ သိချင်နေတယ် ... အဲ့မိန်းကလေးကြောင့်ပဲ သူ့ဘဝကြီးအချိုးအကွေ့ဖြစ်ခဲ့ရတယ် အများကြီးမပြောတော့ဘူး Finding youဆိုတဲ့အတိုင်း ဘယ်သူကြောင့် သူ့လိုလူ မေ့ရသလဲဆိုတာ ကြည့်ကြည့်ကြပါ... အချစ်ဇာတ်ကားလေးကို ခံစားကြည့်ကြပါလို့..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်....File Size : 800MB Quality : WEB-DL Format…mp4 Duration…01:37:00 Genre :  Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae zawgyiFinding You(2019)အာနယ္လ္ ...
movie

Finding You(2019)