Channel Myanmar

Lue Dittmann Støvelbæk

Out of The Darkness (2022) 6.5
Out of The Darkness (2022)  ဒီဇာတ်ကားဟာ 2020 ကထွက်ခဲ့တဲ့ Into the Darkness ဇာတ်ကားရဲ့နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၂ ကားလုံးက ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ဒီ ဒုတိယကားဖြစ်တဲ့ Out of the Darkness ကို ပြောရမယ်ဆိုရင်ပထမကားမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ချို့ကို ပြောပြရပါလိမ့်မယ်။ဒုတိယကမ္ဘာစစ်စဖြစ်တော့ ဒိန်းမတ်နိုင်ငံကို ဟစ်တလာဦးဆောင်တဲ့နာဇီတွေ ကျူးကျော် အပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ စီးပွားရေးလုပ်ငန်းရှင်ကားလ်က မိသားစုအကျိူး အလုပ်သမားတွေရဲ့ အကျိူးအတွက် သစ္စာဖောက်ဆိုတဲ့နာမည်ဆိုးခံကာ ဂျာမန်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။ အဲ့ဒါအတွက်လည်းသူ့ရဲ့ သားသမီးတွေက တကွဲတပြားစီ ဖြစ်ခဲ့ကြပါတယ်။ ဒီ ဒုတိယဇာတ်ကားမှာတော့အဲ့ဒီလို တကွဲတပြားဖြစ်နေတဲ့ သားသမီးတွေက အဖိုးကြီးတို့ လင်မယားကိုဘာတွေ ယူဆောင်လာပေးမလဲ စစ်ရဲ့ပြောင်းလဲလာတဲ့ ရေစီးကြောင်းအောက်မှာဒီမိသားစုတစ်သိုက် ဘယ်လို ရုန်းကန်ရမလဲ ကျော်ဖြတ်နိုင်မှာလား စတာတွေကိုတစ်ကားလုံး စိတ်ဝင်စားဖွယ် ရင်တမမနဲ့ ကြည့်နေရမှာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကာလ ရောက်သွားသလိုမျိူး ခံစားရမှာဖြစ်လို့ ...
movie

Out of The Darkness (2022)