Channel Myanmar

Ludger Pistor

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

Woman in Gold (2015) 7.3
Woman in Gold (2015)  ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းနောက်ခံဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMBD rating - 7.3 အထိရရှိထားပြီး nomination 6 ခုဝင်ခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် နောက်ခံသမိုင်းကြောင်းလေးအရင်ပြောပြချင်ပါတယ်။ ပထမကမ္ဘာစစ်အပြီးမှာ ဩစတြီးယားနိုင်ငံနဲ့ဂျာမနီနိုင်ငံတို့ကိုပေါင်းစည်းမယ်ဆိုတဲ့ အတွေးအခေါ်စတင်ဖြစ်တည်လာပါတယ်။ ဂျာမနီနိုင်ငံပိုမိုကြီးမားလာစေဖို့နဲ့ ဩစတြီးယားရဲ့စီးပွားရေးအခက်အခဲကိုပြေလည်စေဖို့ပါ။ ပေါင်း‌စည်းစေချင်သူတွေကတော့ ဂျာမန်လူ‌မျိုးတွေပါ။ ဒီလိုနဲ့ ၁၉၃၃ ခုနှစ်မှာ ဟစ်တလာရဲ့နာဇီပါတီအာဏာကြီးမားလာခဲ့ပြီး ထိုအတွေးအခေါ်ဟာ ပိုပြီးကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဩစတြီးယားနဲ့ ဂျာမနီနိုင်ငံတို့ကို ပေါင်းစည်းခဲ့ပါတယ်။ဩစတြီးယားနိုင်ငံအတွင်းဝင်ရောက်လာတဲ့ နာဇီစစ်သားတွေကို ဩစတြီးယားနေ ဂျာမန်ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပေမဲ့ ဩစတြီးယားနေ ဂျူးလူမျိုးများအတွက်တော့ ထိတ်လန့်စရာကိစ္စဖြစ်လာခဲ့ပါတယ်။ နာဇီစစ်သားတွေဟာဂျူးလူမျိုးတွေကိုနှိပ်စက်တယ်၊သတ်ဖြတ်တယ်၊ ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ အိမ်တွေ၊ စက်ရုံတွေကိုသိမ်းပစ်ကြပါတယ်။ ဒီလိုအသိမ်းခံရတဲ့မိသားစုတစ်စုကတော့ ဘလော့ဘောက်ဝါမိသားစုပါ။ဘလော့ဘောက်ဝါမိသားစုဟာ လူကုံထံမိသားစုတစ်ခုပါ။နာဇီစစ်သားတွေသိမ်းစည်းသွားတဲ့ ဘလော့ဘောက်ဝါမိသားစုရဲ့ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးကြီးပစ္စည်းတွေကတော့ နာမည်ကျော်ပန်းချီဆရာ Gustav Klimt ရေးဆွဲခဲ့တဲ့ Adele Bloch-Bauer ရဲ့ပုံတူပန်းချီကားနဲ့ အခြားပန်းချီကားတွေပါ။ ထိုပန်းချီကားတွေကို အတင်းအဓမ္မသိမ်းယူသွားခဲ့ပြီး ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့မှာရှိတဲ့ Belvedere ...
movie

Woman in Gold (2015)

Inglourious Basterds (2009) 8.3
Inglourious Basterds (2009) Rotten Tomatoes 89% IMDb 8.3/10 ရရှိထားပြီး အော်စကာ ၁ ဆုနဲ့ အခြားသော ဆုပေါင်း ၁၂၄ ဆုရရှိခဲ့တဲ့ ၂၀၀၉ ခုနှစ်ထွက် ဟစ်တလာ လုပ်ကြံရေး ဇာတ်ကားကောင်း တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အစပိုင်း ပြင်သစ်ကို နာဇီတို့ သိမ်းပိုက်ထားချိန်ကာလ..... နာဇီတွေကို တန်ပြန်သုတ်သင်ဖို့အတွက် မဟာမိတ် တွေဟာ လျှို့ဝှက် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ လက်ဖတင်နင် Aldo Raine (Brad Pitt)ကို တာဝန်ပေးခဲ့ပါတယ်။ Aldo ဟာ Basterds လို့ခေါ်တဲ့ ဂျူး ကပြားတွေ အများအပြားပါဝင်တဲ့ တပ်ဖွဲ့ကိုဖွဲ့စည်းပြီး ဟစ်တလာရဲ့ နားရွက်ကို တံတွေးစွတ်ပါတော့တယ်။ Basterds တွေဟာ နာဇီမှန်သမျှရက်ရက်စက်စက်သတ်ပြီး ဦးခေါင်းရေကို ခွါယူလေ့ရှိပါတယ်။သူနဲ့သူ့လူတွေဟာ ဟစ်တလာကို လုပ်ကြံဖို့ ဗြိတိသျှတို့ရဲ့သူလျှို၊ဂျာမန် နာမည်ကြီးမင်းသမီး Bridget von ...
movie

Inglourious Basterds (2009)

2009
4K HEVCHDR
Run Lola Run (1998) 7.7
Run Lola Run (1998) Run Lola Run (1998)IMDb - 7.7/10 နဲ့ Rotten Tomatoes - 93% ရထားတဲ့ ဂျာမန်ကားလေးပါ။ ဒီကားဟာ ထွက်ထွက်ချင်းတုန်းက ဂျာမနီမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့အပြင် ဂျာမန်ရုပ်ရှင်ခေတ်သစ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဥရောပကားလည်းဖြစ် Experimental နည်းနည်းပါတာကြောင့် အသွားနှေးပြီး နားမလည်နိုင်စရာတွေ ကြည့်ရတော့မယ်လို့ ထင်လိုက်မိမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။ရုပ်ရှင်နာမည်အတိုင်းပဲ ရှင်းပါတယ်၊ လိုလာဆိုတဲ့ မိန်းကလေး အသားကုန်ပြေးနေတာကို တစ်ကားလုံးနီးပါး တွေ့မြင်ရမှာပါ...။ ဒါပေမယ့် လိုလာလေး ဘာကြောင့်ပြေးရတာလဲ ဘယ်နှကြော့ပြန် ပြေးရမှာလဲ ဘယ်လိုလူတွေကို ဆုံတွေ့ခဲ့ပြီး ဘယ်လိုအကြောင်းအရာတွေကို တူးဆွမိခဲ့မှာလဲ...။ တစ်ကြိမ်ကြည့်ရင် တစ်ကြိမ်ဆိုသလို မတူတာတစ်ခုကို တွေ့နိုင်မှာပါ။ တစ်ကြိမ်ပဲကြည့်မယ်ဆိုရင်လည်း စိတ်လှုပ်ရှားမှု အပြည့်ရနိုင်မှာပါ။ဆုတွေ တစ်သီကြီးရထားတဲ့ ဒီကားနဲ့ပတ်သက်ရင် ပြောချင်တာတွေ အများကြီးရှိပေမယ့် မပြောဘဲထားတာဟာလည်း ကြည့်ဖြစ်ဖို့ အကြောင်းအရင်းတစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အခုပဲ လိုလာလေးကို ...
movie

Run Lola Run (1998)

1998
The Informant! (2009) 6.5
The Informant! (2009) The Informant! (2009) အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size          :  1.8GB, 660MB, 330MB Quality  ...
movie

The Informant! (2009)

2009
[James Bond] Casino Royale (2006) 8.0
[James Bond] Casino Royale (2006) ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်....https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++James Bond ဇာတ်ကားတွေ ထွက်ရှိခဲ့တာ မင်းသားကြီး ရှောင်ကွန်နရီရဲ့ Dr.No (1962) ကနေ အခုနောက်ဆုံးထွက် Spectre (2015) ထိ (၂၄) ကားရှိပါတယ်။ဒီဇာတ်ကားက ဂျိမ်းဘွန်းမင်းသားသစ်အဖြစ် Daniel Craig ကိုစတင်အသက်သွင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ ထူးခြားလာတာက ယခင် ဂျိမ်းဘွန်းကာရိုက်တာတွေနဲ့ မတူတော့ဘဲ တမူထူးခြားတဲ့ ကာရိုက်တာကိုအသက်သွင်းလာတာတွေ့ရပါတယ်။ယခင်ကလို တိုက်တိုင်းအောင် ပုံစံမျိုးမဟုတ်တော့ဘဲလက်တွေ့ပုံစံဆန်လာပြီးခပ်ကြမ်းကြမ်းနဲ့ မိုးဆုံးမြေဆုံး လိုက်လံချေမှုန်းတတ်တဲ့ အေးဂျင့်တစ်ယောက်အဖြစ် 007 ပုံစံကို ပြောင်းလာပါတယ်။ ဒီဇာတ်ကားကတော့ IMDb Rating(8/10) နဲ့ Rotten Tomatoes (95%) ထိရရှိထားပါတယ်။  File size…(1.9 GB) and (1 ...
movie

[James Bond] Casino Royale (2006)

HEVC 1080p 5.1
The Fifth Estate (2013) 6.2
The Fifth Estate (2013) The Fifth Estate (2013)_____IMDb - 6.2/10   ၂၁ ရာစုမှာ ပြင်းပြင်းထန်ထန်ငြင်းခုံဆွေးနွေးမှုတွေ ဂယက်ထစေခဲ့တဲ့အဖွဲ့အစည်းတစ်ခုက WikiLeaks ပါ။ The Fifth Estate ဆိုတာ သတင်းတွေစီးမြောပေါက်ကြားမှုနဲ့အတူ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကိုပါ တုန်လှုပ်ချောက်ချားစေခဲ့တဲ့ WikiLeaks  ကို တည်ထောင်သူ သြစတြေးလျသား အယ်ဒီတာ/ တက်ကြွလှုပ်ရှားသူ/ စာနယ်ဇင်းသမား ဂျူလီယန်ပေါလ်အက်ဆန်းဂ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိပုံစံ ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ WikiLeaks ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်ခဲ့တဲ့ နည်းပညာဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂျာမန်လူမျိုး Daniel Domscheit-Berg ရေးသားခဲ့တဲ့ Inside WikiLeaks: My Time with Julian Assange at the World's Most Dangerous Website ကို အခြေခံရိုက်ကူးခဲ့ပါတယ်။ The Fifth Estate ဇာတ်ကားဟာ WikiLeaks ရဲ့အတွင်းရေးကို ဖွင့်ချထားတာဖြစ်ပါတယ်။ Daniel Domscheit Berg ဟာ ...
movie

The Fifth Estate (2013)

2013