Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lucy Fry
6.6
Bright (2017)
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… ...
movie
Bright (2017)
2017
4K HEVC
4.5
The Darkness (2016)
The Darkness (2016)ယခုတစ်ခါမှာတော့ 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ horror ဇာတ်ကားလေးကို မိုးအေးအေးမှာ မီးမှိတ်ကြည့်ရှုရန် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်း အကျဥ်းကတော့ မိသားစု ၂စု နက်ရှိုင်းတဲ့ တောင်ကြားတွေဆီ စခန်းချ ခရီးထွက်ကြတယ်ပေါ့။ ပီတာနဲ့ ဘရွန်နီတို့မှာ စတက်ဖနီလို့ခေါ်တဲ့ သမီးလေးတစ်ယောက်နဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ မိုက်ကယ်လ်ဆိုတဲ့သားလေးရှိပါတယ်။ ခရီးစဥ်မှာ မိုက်ကယ်လ်ဟာ မတော်တဆ တွင်းတစ်ခုထဲ ပြုတ်ကျသွားပြီး ကလေးတို့သဘာဝ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်တုံးလေး ၅တုံးကို ယူလာခဲ့ပါတော့တယ်။ အိမ်ပြန်ကြပြီးမကြာမီ အိမ်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်...စတက်ဖနီလည်း စိတ်ဝေဒနာသည်လိုလိုတွေဖြစ်၊ အော်တစ်ဇင် မိုက်ကယ်လ်ခမျာလည်း ပိုရူး ပိုကြောင်တဲ့ ကိစ္စတွေကို ခပ်စိပ်စိပ်လုပ်လာတဲ့အခါ အကြောင်းရင်းကို ရှာဖွေရပါတော့တယ်။ထိုအကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာတော့ CM ပရိသတ်တို့ ကြည့်ရှုခံစားရင်း ခန့်မှန်းအဖြေရှာဖို့ ခု The Darkness ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းဆိုလိုက်ပါရစေ... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ...
movie
The Darkness (2016)
2016
6
Last Looks (2021)
ယခင်ကအရမ်းတော်ခဲ့တဲ့ ရဲစုံထောက်ဟောင်းချာလီ ဝေါလ်ဒိုဟာ အခုတော့တောင်ပေါ်မှာတယောက်တည်း ခြိုးခြံတဲ့ ပုံစံနဲ့နေထိုင်နေပါတယ်။တရက်မှာတော့သူ့အရင်ရည်းစားဟောင်းကရောက်လာပြီး အလုပ်ကမ်းလှမ်းတဲ့အခါမှာ ဝေါလ်ဒိုတယောက်လည်း ၀န်လေးပေမယ့် အခြေအနေအမျိုးမျိုးကြောင့်သူထားပစ်ခဲ့တဲ့လောကကိုပြန်လည်၀င်ရောက်ရပါတော့တယ်။သူအရင်ကကျင်လည်ခဲ့တဲ့ LA မြို့ကြီးကိုပြန်လာပြီးမိန်းမကိုမူးရူးပြီးသတ်တယ်ဆိုပြီးစွပ်စွဲခံရတဲ့ နာမည်ကြီးရုပ်ရှင်မင်းသားတယောက်ကိုကူညီဖို့ အလွတ်စုံထောက်တယောက်အနေနဲ့စုံစမ်း ပေးဖို့ဖြစ်လာရပါတယ်။အများထင်သလိုရိုးရှင်းမနေတဲ့ လူသတ်မှုရဲ့ တကယ့်လက်သည်ကဘယ်သူလဲ၊ဝေါလ်ဒိုကရော ဘာလို့သုံးနှစ်လုံးလုံးလူတိုင်းနဲ့အဆက်အသွယ်ဖြတ်ပြီးတောင်ပေါ်မှာနေနေရတာလဲ၊သူ့အရင်ရည်းစားကရောဘယ်လိုလူတွေနဲ့ပတ်သက်နေတာလဲဆိုတာကြည့်ရှူရမှာပါ။ စုံထောက်ဇာတ်လမ်းကြိုက်သူတွေအတွက် သင့်တော်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာTim Kirkby ရိုက်ကူးထားပြီးCharlie Hunnam,Mel Gibson,Morena Baccarin,Lucy Fry တို့ပါ၀င်ထားပါတယ် File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett Paing
movie
Last Looks (2021)
6.5
Night Teeth(2021)
Night Teeth(2021) အညွှန်း**********************Vampire movie ကိုမှ မှုန်မှုန်ထိုင်းထိုင်းရှေးဆန်တဲ့ပုံစံမျိုးမဟုတ်ပဲ ခေတ်ဆန်တဲ့ဇာတ်အိမ်နဲ့သွေးစုပ်ဖုတ်ကောင် အလန်းစားတွေပါတဲ့ကားပဲဖြစ်ပါတယ်...သွေးစုပ်ဖုတ်ကောင်တွေဟာယနေ့ခေတ်ကြီးအထိ လျှို့ဝှက်သိုသိပ်စွာနေထိုင်နေပြီး သူတို့ကိုလိုက်ရှာပြီးသတ်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းတွေလည်းရှိနေပါတယ် ....Benny ဆိုတဲ့ကောင်လေးကတော့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်မှာအချိန်ပိုင်းကားအငှါးမောင်းရင်းနဲ့ အပိုဝင်ငွေလေးရှာနေတဲ့သူပေါ့...တစ်နေ့တော့ ခပ်လန်းလန်း ကောင်မလေး (၂) ယောက်ကသူ့ကို တစ်ညကားမောင်းဖို့ ငှါးလိုက်ပါတယ်...အလန်းစား(၂)ပွေဆိုတော့ ပျော်ရွှင်မြူးတူးစွာ ဝန်ဆောင်မှုတွေပေးခဲ့တာပေါ့...သို့ပေမဲ့ သူပို့တဲ့ အလန်း(၂)ပွေဟာ သွေးစုပ်ဖုတ်ကောင်အကြမ်းစားမတွေဖြစ်နေတဲ့အပြင်အဲ့ဒီညမှာပဲ အလွန်တရာရက်စက်တဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းရဲ့လိုက်လံသတ်ဖြတ်ခြင်းခံရတဲ့အခါ....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....မမ Megan Fox ကြီးလည်း ပွဲဝင်ကြမ်းထားလေရဲ့....File Size :(0.99GB) and (380 MB) Quality : WEB-DL.NF.1080P, 720p Format…mp4 Duration…01:47:00 Genre : Action ,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu & Hnin Kit Encoded by Phyo Pyae
movie
Night Teeth(2021)