Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Luca Reichardt Ben Coker
7.6
Rose (2023)
ဒိန်းနစ်ရုပ်ရှင်ကား Rose ဟာ ညီအမနှစ်ယောက်ဖြစ်တဲ့ Inger နဲ့ Ellen အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပြီး ပဲရစ်ကိုသွားတဲ့ ခရီးတစ်လျှောက် ညီအမနှစ်ယောက်ရဲ့ဖြစ်ရပ်တွေကို ရိုက်ကူးပေးထားတာပါ။Inger ဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ကစဉ့်ကလျားဖြစ်တဲ့ရောဂါကို ခံစားနေရပြီး ခရီးတစ်လျှောက်လဲ ကားပေါ်မှတခြားခရီးသည်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံနေရပါတယ်။ ပဲရစ်ကို ရောက်တဲ့အခါ Inger ရဲ့ အတိတ်ကဖြစ်ရပ်တွေကိုသိလာရပြီး Inger စိတ်ကျန်းမာရေးမကောင်းရတဲ့အကြောင်းရင်းတွေကိုပါ သိလာရတယ်။Rose ရုပ်ရှင်မှာ ညီမဖြစ်သူ Ellen တစ်ယောက် အမပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေကို တွေ့ရမဲ့အပြင် ၁၅၀၀ အချစ်က Inger ကို ဘယ်လိုလူမျိုးဖြစ်သွားအောင် ပြောင်းလဲပေးလိုက်နိုင်လဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana
movie
Rose (2023)
6.3
A Taste of Hunger (2021)
လူရယ်ဆိုပြီး ဖြစ်လာကတည်းက ဘ၀ကိုရုန်းကန်လှုပ်ရှားမှုတွေနဲ့ဖြတ်သန်းရမှာဧကန်မုချပါပဲ။ငယ်ရွယ်စဉ်မှာ ကျောင်းတက်ဖို့စာကျက်ဖို့ရုန်းကန်ရသလို အသက်ကြီးလာလို့လုပ်ငန်းခွင်ဝင်ရတဲ့အချိန်မှာလည်းကိုယ့်ဝမ်းရေးတစ်ထွာကို ဖြည့်ဖို့အတွက်ရုန်းကန်ရပါတယ်။သားသမီးတွေမိသားစုတွေနဲ့ဖြစ်လာတဲ့အခါမှာလည်း တစ်ကိုယ်တည်းသမားဘ၀ထက်နှစ်ဆသုံးဆပိုမို ရုန်းကန်ကြရပါတယ်။ဒီလိုရုန်းကန်ရင်းနဲ့မှဘ၀မှာ အရေးကြီးတဲ့အရာတွေကိုတော့ မမေ့သွားဖို့လိုအပ်ပါမယ်။အရေးအကြီးဆုံးကတော့ ကိုယ့်ကိုချစ်တဲ့ ကိုယ့်မိသားစုကိုမမေ့သွားဖို့ပါပဲ။အခုတင်ဆက်ပေးမဲ့ IMDb Rating 6.3 ရရှိထားတဲ့ A Taste Of Hunger ဆိုတဲ့ဇာတ်ကားထဲမှာလည်း အထက်ပါပြောသွားတဲ့အကြောင်းအရာတွေကိုပညာပေး အဖြစ်ကွက်ကွက်ကွင်းကွင်းမြင်အောင်တင်ဆက်ရိုက်ကူး ပေးထားတာပဲဖြစ်ပါတယ်။ကာစတန်ဆိုတဲ့ လူတစ်ယောက်ကအချက်အပြုတ်ကိုအရမ်းဝါသနာပါပြီး သူ့အစ်ကိုရဲ့ ဆိုင်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ပွဲတစ်ပွဲမှာတည်ခင်းဧည့်ခံရင်းနဲ့ အလွဲလွဲအချော်ချော်တွေဖြစ်ကုန်ပြီး စိတ်ဓာတ်အရမ်းကျနေတဲ့အချိန်မှာ မက်ဂီဆိုတဲ့ကောင်မလေးတစ်ယောက်က သူရှိရာမီးဖိုချောင်ကိုဆင်းလာခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့တွေစကားပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးပေးတဲ့ Motivation နဲ့တစ်ချိန်ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ပြီး စားသောက်ဆိုင်တွေကြားမှာ အရမ်းအရေးကြီးတဲ့ Rating စနစ်တစ်ခုဖြစ်တဲ့ မစ်ချယ်လင်ကြယ်ပွင့်တစ်ပွင့်ရအောင်ကြိုးစားဖို့ ခြေလှမ်းစခဲ့ပါတော့တယ်။တစ်ယောက်တည်းကြိုးစားဖို့မလွယ်ကူတဲ့ ဒီခရီးရှည်ကြီးမှာဘ၀လက်တွဲဖော်အဖြစ်မက်ဂီ့ကိုရွေးချယ်ခဲ့ပြီး သူလိုချင်တဲ့မစ်ချယ်လင်ကြယ်တစ်ပွင့်ရဖို့ခရီးကို လျှောက်လှမ်းနေရင်းအရေးကြီးဆုံးမိသားစုကို မေ့လျော့သွားတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်မယ်ဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... File size…1.50 GB / 696MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ...
movie
A Taste of Hunger (2021)