Channel Myanmar

Luca De Filippo

Twice Born (2012) 7.3
Twice Born (2012)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သမိုင်းဖြစ်ရပ်မှန်ကိုနောက်ခံထားတဲ့ အီတလီဒရာမာဇယတ်လမ်းလေးပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.3 အထိရရှိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။မင်းသားကတော့ Into the wild , the girl next door တို့မှာပါဝင်ထားတဲ့ Emile Hirsch ဖြစ်ပြီး ဇာတ်ဆောင်မင်းသမီးကတော့ Penelope Cruz ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ 1992 ခုနှစ်မှာ Bosnia and Herzegovina နိုင်ငံရဲ့မြို့တော် Sarajevo ကိုအပိတ်ဆိုခံရတာကိုအခြေခံထားပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် အီတလီနိုင်ငံသူ ဂျမ်မာဟာသူ့ရဲ့သား ပီယက်ထရို့နဲ့အတူ Sarajevo မြို့ပိတ်ဆိုခံရတဲ့အထိမ်းအမှတ်ပွဲအတွက် Bosnia နိုင်ငံကိုသွားခဲ့ပါတယ်။ ဂျမ်မာဟာ ၁၉၉၂ ခုနှစ် Sarajevo မြို့ပိတ်ဆို့ခံရတဲ့အချိန်မှာ အဲ့မြို့မှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ အဲ့တုန်းကဂျမ်မာကတက္ကသိုလ်စာတမ်းပြုစုဖို့ရောက်ရှိနေခဲ့တာဖြစ်ပြီး အိမ်ထောင်မကျသေးပါဘူး။ အဲ့ဒီမှာသူမရဲ့သား ပီယက်ထရိုရဲ့အဖေဖြစ်မဲ့သူ အမေရိကန်လူမျိုး ဓါတ်ပုံဆရာ ဒီရေဂိုနဲ့တွေ့ရှိပြီးချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ဂျမ်မာဟာမြုံနေတဲ့အတွက်ကိုယ်ဝန်မရနိုင်တဲ့အခါ အက်စ်ကာဆိုတဲ့ဂီတပညာရှင်ကောင်မလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့စဉ်းစားလာပါတယ်။ ထို့နောက် Sarajevo မြို့ပိတ်ဆို့ခံပြီး ...
movie

Twice Born (2012)