Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lu Yi-Ching
6
Hello Ghost! ( 2023 )
Hello Ghost (2010) ကိုရီးယားကားကို တချို့ ကာရိုက်တာ ပလော့တွေပြောင်းထားပြီး ထိုင်ဝမ်ဗားရှင်းနဲ့ 2023 ခုနှစ်မှာ ရိုက်ကူးတင်ဆက်ထားတာကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကိုပြောရရင်... ဒီလူ့ဘဝကြီးမှာ အသက်ရှင်ဖို့ အကြောင်းပြချက် လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်... ဘာပဲပြောပြော မွေးနေ့မှာ ဟက်ပီးဘတ်ဒေး ပြောတဲ့သူရှိသင့်တယ်မလား... တစ်ခုခုပင်ပန်းတဲ့အခါ မှီဖို့အနားမှာလူရှိသင့်တယ်လေ... ဘာကြောင့် ဘယ်သူ့အတွက် ဒီလောကမှာ နေပေးရမယ်ဆိုတဲ့ အဖြေကို ရှာမတွေ့တဲ့ ရွှီချန်ဝေတစ်ယောက် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာပေါ့...အကြိမ်ကြိမ် ကြိုးစားပြီး အကြိမ်ကြိမ် ထူးထူးဆန်းဆန်း သတ်သေတာ မအောင်မြင်ခဲ့ရာကနေ.. ၂၂ ကြိမ်မြောက် ကြိုးစားရာမှာ ခဏတာ နှလုံးရပ်သွားခဲ့ပါတယ်... ပြန်နိုးလာချိန်မှာတော့ ထူးထူးဆန်းဆန်း သူ့ဘဝထဲကို သရဲ ၄ ကောင်ပေါ်လာပါတယ်...ဆေးလိပ်သောက်ကြိုက်တဲ့ အစ်ကိုကြီး... အမြဲ ငိုငိုနေတတ်တဲ့ အစ်မကြီး.... အားနေ ကစားကွင်းသွားချင် ကိတ်မုန့်စားချင်နေတဲ့ ကောင်လေး.... နောက်ပြီး အကကချင်ပါတယ်.. အောင်သွယ်ပေးချင်ပါတယ်ဆိုတဲ့ အဖွားကြီး... တို့ပေါ့...ဒီသရဲလေးကောင်နဲ့ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကိုဆက်လက်ကြည့်ရှုရမှာပါ ရယ်မောစရာတွေပါသလို ငိုချင်စရာအခိုက်အတန့်လေးတွေလဲပါတာဆိုတော့ ရသစုံတဲ့ရုပ်ရှင်လေးတကားပဲဖြစ်ပါတယ် Filesize : 1.69 GB / 818 MB Quality : WEB-DL 1080p , 720p Format : mkv Genres : ...
movie
Hello Ghost! ( 2023 )
6.5
[18+] The Wayward Cloud (2005)
The Wayward Cloud (2005)~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ...
movie
[18+] The Wayward Cloud (2005)
2005
7.4
Vive L’Amour (1994)
Vive L'Amour (1994)~ IMDb - 7.4/10, Rotten Tomatoes - 86% ~Directed by "Tsai Ming-liang"ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ ...
movie
Vive L’Amour (1994)
1994
7.6
Rebels of the Neon God(1992)
ခေါင်းစဉ်အတိုင်းပါပဲ... ရုပ်ရှင်ဟာ..... ထိုင်ပေမြို့က လူငယ်တွေအကြောင်းပဲ။နီယွန်မီးတွေ စုန်းမီးတောက်သလိုထနေတဲ့ တိုင်ပေရဲ့ညဟာ နီယွန်နတ်ဘုရားပေါ့။ ဟိုမောင်ဖီလာကဗျာထဲက စာသားလို "လူငယ်ဆိုတာ သူပုန်စိတ်ကလေး နည်းနည်းတော့ရှိတာပဲ"မဟုတ်လား။ထိုင်ပေညရဲ့ သူပုန်တွေဟာ စီးကရက်ကို လက်ကမချပါဘဲ တယ်လီဖုန်းရုံထဲက ငါးပြားစေ့လေးတွေ ခိုးကြတယ်။ ထိုင်ပေညရဲ့ သူပုန်တွေဟာ ခေါင်းမရှိတောင် ခုနှစ်ရက်အသက်ဆက်ရှင်နိုင်တယ်ဆိုတဲ့ ပိုးဟပ်ကို သံချွန်နဲ့စိုက် မသေမရှင်ဘ၀ကို ကြည့်ရက်ကြတဲ့ ကောင်တွေပဲ။ အာသာတစ်ခါဖြေမယ်။ ဟော်တယ်တစ်ခါသွားမယ်။ ဒါ နေ့အိပ်ညသွားတဲ့ ထိုင်ပေသူပုန်များပဲ။မစားရက်တာတွေကို ကျွေးခြင်းမျိုးနဲ့တောင် အဖေက ကျွန်တော့်ကို ကောင်းစေချင်ခဲ့တယ်။ သူပုန်စိတ်ပျောက်အောင်လို့တဲ့ မန္တန်စာရွက်ကိုပြာချ ၀မ်းထဲ၀င်အောင် အမေက ကျွန်တော့်ကို တိုက်တယ်။ ကျွန်တော့်ရဲ့ လူမမယ်စရိတ်တွေဟာ အဖေ့ရဲ့ ရုပ်ရှင်ရုံမရောက်တဲ့နှစ်လတွေကို ရှည်ကြာစေခဲ့ပေမဲ့လည်း အဖေ့ရဲ့ အိမ်အပြန်နောက်ကျတဲ့ညတွေဟာ ကျွန်တော့်အတွက် စိတ်ပူစရာ ဘယ် တုန်း က မှ မဟုတ်ခဲ့ဘူး။ စကတ်တိုကြပ်ကြပ်နဲ့ ညထွက်ဖို့ ၀န်မလေးတဲ့ သူပုန်မကလေးပေါ့။ ဒီအခန်းထဲက အနမ်းတွေ ဘယ်ရွေ့ဘယ်တိုင် အာသာပြင်းလဲ...... ကဲ ကြမ်းစမ်းပါ။ သုံးယောက်တွဲ စက်တော်ခေါ်ရမှာကိုလည်း သူ တွေးမကြောက်ခဲ့ဘူး။နဖူးကွဲဒူးပြဲလည်း သူတို့ရဲ့ဆေးဟာ စီးကရက်တစ်လိပ်ပဲတဲ့။ သူပုန်မကလေးရဲ့ တစ်ရေးနိုးတဲ့ညရဲ့ ...
movie
Rebels of the Neon God(1992)
1992
6.1
Snow Flower and the Secret Fan(2011)
Snow Flower and the Secret Fan(2011)****************************************(unicode)၁၉ရာစုခေတ်လောက်က တရုတ်ပြည်မှာ ချစ်စရာကောင်းတဲ့အလေ့အထလေးနဲ့ ဆန်းကြယ်တဲ့ အလေ့အထ(၂)ခုရှိတယ်... လောင်တုံးလုပ်တယ်ဆိုတဲ့အလေ့အထတစ်ခုဟာ ရွယ်တူမိန်းကလေး၂ယောက်ကိုညီမအရင်းသဖွယ်နီးစပ်စေတာပါ လောင်တုံးလုပ်လိုက်ရင် နှစ်ပေါင်းများစွာတိုင်ညီအစ်မတွေဖြစ်သွားတယ်ဆိုတဲ့အယူအဆတေစ်ခုဖြစ်ပါတယ်...ညီအစ်မအရင်းသဖွယ်ဖြစ်တဲ့ဒီအလေ့ထဟာ တကယ့်ကို နှစ်လိုဖွယ်ရာပါပဲ... နောက်အလေ့အထတစ်ခုကတော့ ခြေထောက်သေးသေးလေးဖြစ်နေမှလှတာဆိုတဲ့အယူပါပဲ... ခုခေတ်ထိကိုတရုတ်အဖွားကြီးတစ်ချို့ဟာ အဲ့ဒီအယူအဆကိုကိုယုံကြည်နေတုန်းပါပဲ... ခြေထောက်သေးမှလှပြီး အိမ်ထောင်ဘက်ကောင်းတွေ့မယ်လို့ယုံကြည်လို့ ကလေးမလေးနုနုနယ်နယ်လေးတွေရဲ့ခြေထောက်ကိုကြပ်စည်းကြသတဲ့... ဒီဘက်ခေတ်အမြင်နဲ့ကြည့်ရင်တော့ တော်တော်ကိုးလို့ကန့်လန့်နိုင်ပါတယ်.. ဒီဇာတ်လမ်းလေးထဲက နှင်းပန်းလေးနဲ့ လီလီလေးတို့ဟာ အဲ့ဓလေ့နှစ်ခုနဲ့ဆုံစည်းခဲ့ကြတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့...ဒီကားထဲမှာ ဘဝကြီးကဘယ်လောက်ဆန်းကြယ်တယ် အလှည့်အပြောင်းအချိုးအကွေ့တွေဘယ်လောက်တောင်ပေါများတယ်ဆိုတာရယ် ချစ်ခြင်းမေတ္တာတရားရဲ့ခိုင်မာပုံတွေရယ်ကို ၁၉ရာစုခေတ် ၂၁ရာစုခေတ် ခေတ်နှစ်ခေတ်နဲ့ကိုကြည့်ရမှာပါ ရှေးခေတ်နဲ့ဒီခေတ်ကြားထဲမှာ ချစ်ခြင်းမေတ္တာတွေကူးယှက်နေဆဲ ချစ်သူရည်းစားချစ်ခြင်းတွေထပ်ခိုင်မြဲနေတဲ့ မိန်းကလေးနှစ်ယောက်ကြားကချစ်ခြင်းကိုတွေ့ရမှာပါ...ဗဟုသုတတွေလည်းရသလို ဇာတ်လမ်းကလည်းဆွဲဆောင်မှုရှိပါတယ်...တရုတ်ကားဆိုပေမယ့် My love from the star ကားနဲ့နာမည်မတရားကြီးခဲ့တဲ့ ကိုရီးယားမင်းသမီး ဂျန်ဂျီဟွန်း ပါပါတယ် ..... ပြီးတော့ တရုတ်မင်းသမီးထဲမှာ လူတိုင်းသိတဲ့ ဘင်းဘင်းပါပါတယ် ဝါရင့်သဘာရင့်၂ယောက်ရဲ့ပေါင်းစည်းမှုပါ..ခံစားကြည့်ကြပါဦး.... အညွှန်းနဲ့ဘာသာပြန်ပေးသူကတော့Thinzar Htet ပဲဖြစ်ပါတယ်File Size : (900 MB)Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : History, Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Thinzar Htet Encoded by Phyo Pyae
movie
Snow Flower and the Secret Fan(2011)
2011