Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lu Liu
6.3
Lighting Up the Stars ( 2022 )
❏ သုဘရာဇာအလုပ်ကိုလုပ်ကိုင်ပြီး စိတ်မြန်လက်မြန်ရှိသူလဲဖြစ် / ထောင်ကလွတ်မြောက်လာသူတစ်ဦးလဲဖြစ်တဲ့ - မော့စန်းမိန့်❏ အဖွားဖြစ်သူ ဆုံးပါးသွားပြီး အသက်(၇) နှစ်အရွယ်နဲ့ တစ်ကောင်ကြွက် ဖြစ်နေရသူလေး - ဝူရှောင်ဝမ်“မြေးအဖွား နှစ်ဦးတည်းသာ နေထိုင်လာခဲ့ပြီး တစ်နေ့မှာ အဖွားဖြစ်သူ ဆုံးပါးသွားချိန်မှာတော့ ဝူရှောင်ဝမ် အဖွားရဲ့စျာပနကို သုဘရာဇာဖြစ်သူ မော့စန်းမိန့်ဟာ စီစဥ်ပေးရဖို့ဖြစ်လာခဲ့ပါတော့တယ် အသက် (၇) နှစ်အရွယ် ဝူရှောင်ဝမ်လေးဟာ သေဆုံးခြင်းနဲ့ပတ်သတ်ပြီးဘာမှမသိတတ် နားမလည်သေးတဲ့ အရွယ်မို့ သူ့အဖွားကို ဝှက်ထားတယ်ဆိုပြီး မော့စန်းမိန့်ကို အထင်လွဲမှားကာအဆက်မပြတ်လိုက်လံနှောက်ယှက်ပါတော့တယ်ဒီလိုနဲ့ တစ်ကောင်ကြွက် ဝူရှောင်ဝမ်လေးဟာ မော့စန်းမိန့်ဆီကို ရောက်ရှိလာဖို့ ကံကြမ္မာအရ အကြောင်းဖန်လာခဲ့ပြီး နဂိုကတည်းကမှ ပြဿနာတွေတောင်လိုပုံနေတဲ့ မော့စန်းမိန့် အပေါ်ကို တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ဖြစ်သွားစေခဲ့ပါတော့တယ် ရယ်ကြရင်း/ ငိုကြရင်းနဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေ ရိုက်ခတ်မှုဒဏ်တွေကို ခံစားပြီးတဲ့နောက်မှာတော့ ဘာတွေဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး❏ နေ့စဥ်ကြုံတွေ့နေရတဲ့ လူမှုဘဝရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမူအကျင့်တွေ ❏ မိသားစုတစ်ခုမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေ / အခက်အခဲတွေ ❏ တွယ်ငြိပြီးသွားတာနဲ့ ဖြတ်ရခက်တဲ့ သံယောဇဥ်ကြိုးတွေ.....? အစရှိတဲ့ အကြောင်းတွေကိုအကွက်ကျကျ စီစဥ်ရိုက်ကူးထားတဲ့အကြောင်း မြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဇာတ်အိမ်ခိုင်ခိုင်နဲ့ အရမ်းကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By ...
movie
Lighting Up the Stars ( 2022 )
7.3
Lighting up the Stars (2022)
Lighting up the Stars (2022) ===================== IMDb Rating - 7.3/10သံယောဇဉ်ဆိုတဲ့ဆွဲအား၊ ချစ်ခြင်းမေတ္တာရဲ့အင်အားက ဘယ်လောက်တောင် ကြီးမားလဲဆိုရင် လူဆိုးကိုလည်း လူကောင်းဖြစ်သွားစေနိုင်သလို ကြမ်းတမ်းတဲ့ လူကိုလည်း နူးညံ့တဲ့ပန်းလေးတစ်ပွင့် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီတစ်ခါလည်း CM ပရိတ်သတ်ကြီးကို မျက်ရည်ဝဲစေမယ့် ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။ ထူးထူးခြားခြား ဒီကားလေးက သုဘရာဇာလုပ်ငန်းကိုလုပ်ကိုင်တဲ့ လောင်စန်း အကြောင်း ရိုက်ကူးထားတာပါ။ လောင်စန်းက ထောင်ထွက်တစ်ယောက် ပြီးတော့ အဖေ့အိမ်ကို အမွေလိုချင်လို့ သုဘရာဇာလုပ်ငန်းကို လုပ်နေရတာပါ။လူသေတွေနဲ့ ပိုက်ဆံရှာတယ်ဆိုပြီးတော့ အားလုံးကလှောင်ကြတဲ့အပြင် ကောင်မလေး ကလည်း စွန့်ပစ်သွားလို့ ပူလောင်နေတုန်းမှာ ရှောင်ဝန်ဆိုတဲ့ကလေးမလေးတစ်ယောက် အိမ်ရှေ့ရောက်လာပါတယ်။ ရှောင်ဝန်ဆိုတာ မနေ့ကအသုဘပွဲလုပ်ပေးလိုက်တဲ့အဘွားရဲ့ မြေးမလေးပါ။ သူ့အဘွားကို လောင်စန်းက သေတ္တာကြီးထဲထည့်ပြီးခေါ်သွားတာမို့ ဘွားဘွားကိုပြန်ခေါ်ပေးပါတဲ့လေ။ ကဲ... ဘယ်လိုလုပ်ကြမလဲ။ရှောင်ဝန်လေးကလည်း သရုပ်ဆောင်ကောင်းလိုက်ပုံများ ဝါရင့်မင်းသမီးကျနေတာပဲ။ သူလေးကြောင့် ရုပ်ရှင်ကားကို အဆုံးထိကြည့်မိသွားမှာ သေချာပါတယ်ဗျ။ တရုတ် ကားတွေက မေတ္တာဖွဲ့ကားလေးတွေနဲ့ပေါက်နေကြဆိုတော့ ဒီကားလေးကလည်း ပရိသတ် ရင်ထဲ ဘယ်လောက်ထိနေရာယူနိုင်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.56 ...
movie
Lighting up the Stars (2022)
2022
7.1
A Touch of Sin(2013)
A Touch of Sin(2013)**************************IMDb....7.1,,,,Rotten...94%တစ်ချို့သော သူတွေအတွက် ပုရွက်ဆိတ်လေးတစ်ကောင်သတ်ဖို့တောင် လက်တွန့် နေတတ်ပေမယ့် တစ်ချို့သူတွေအတွက် လူ့အသက်တစ်ချောင်းကို ဇီဝိန်ခြွေဖို့ မျက်တောင်အခတ်မပျက် ပြုမူဆောင်ရွက်နိုင်တာတွေရှိတယ်..... တစ်ချို့သူတွေအတွက် နုှတ်ထွက်စကားတစ်ခွန်း သတိထားပြီးဆိုတတ်ပေမယ့် တစ်ချို့သူတွေအတွက် အကြမ်းတမ်းဆုံးသောစကားတွေအတွက် လေချွန်သလောက်တောင် အားစိုက်စရာမလိုပဲ အလွယ်တကူပြောကြတယ်... ဘဝပေးကုသိုလ်လား ဗီဇလား ပတ်ဝန်းကျင်ကြောင့်လား...ရှင်သန်ရေးအတွက် လုပ်ရတဲ့ကိစ္စတွေက ဘယ်သူတွေကြောင့်လဲ... ဒီဇာတ်ကားကနေ တရုတ်နိုင်ငံမှာရှိတဲ့ လူတန်းစားအမျိုးမျိုးရဲ့ ကြုံတွေ့နေရတဲ့ပြဿနာတွေ၊ ဖြစ်ပျက်နေတာတွေကို စိတ်ဝင်စားစရာကောင်းပြီးပေါ်လွင်အောင် ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားရဲ့အခန်းတိုင်းက ဆက်စပ်နေပြီး အနှစ်သာရပြည့်ဝတဲ့အတွက်ကြောင့် အစကနေ အဆုံးအထိ ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပြောရရင် တွေးလို့ ကောင်းတဲ့ဇာတ်ကားဆိုရင်ပိုမှန်ပါတယ်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Naomi Noe ဖြစ်ပါတယ်...File Size : (1.0 GB) and (359 MB) Quality : Blu-Ray 720p Format…mp4 Duration…02:10:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Naomi Noe Encoded by Phyo Pyae
movie
A Touch of Sin(2013)
2013