Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Louise Chevillotte
6.1
My Sole Desire aka À mon seul désir (2023)
“My Sole Desire” လို့ခေါ်တဲ့ ပြင်သစ်ဒရာမာ ဇာတ်လမ်းလေးကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Lucie Borleteau ပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် Marcia လို့ခေါ်တဲ့ ၂၀ကျော် မိန်းကလေးတစ်ယောက်ဟာ စိတ်ဝင်စားမှုကြောင့် အဖော်အချွတ်ကလပ်တခုဖြစ်တဲ့ Le Royaume ခေါ် The Kingdom လို့ခေါ်တဲ့ ကလပ်ထဲကို ဝင်သွားရင်းနဲ့ စိတ်ဝင်စားမှုကနေ စပြီးတော့ သူတကယ်စိတ်ပါတဲ့ ပုံစံ လွပ်လပ်မှုနဲ့ ခံစားမှုကို ရှာတွေ့သွားပါတော့တယ်။Marcia ဟာ အပြင်လူဖြစ်ပေမယ့် တနေ့မှာ အကမယ်တွေ ကင်မရာတွေ ကိုတွေ့ပြီးတော့ စိတ်ပါသွားတာနဲ့ ဝင်ခွင့်ပြိုင်မယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ အဲဒီလောကထဲကို မထင်မှတ်ပဲ ရောက်လာပါတော့တယ်။ ဒီအဖော်အချွတ်မယ်လောကထဲကို ရောက်လာတဲ့ အချိန်ကစပြီးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေ အကြောက်တရားတွေ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ရှုံ့ချမှုတွေ ကို ခံရပါတော့တယ်။ဒီဇာတ်လမ်းထဲမှာဆိုရင် ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ပုံစံမျိုးကို သွားထားပါတယ်။ မိန်းကလေး အပေါင်းအသင်းတွေကြားထဲက နားလည်ရခက်တဲ့ ပြဿနာတွေ၊သူ့ကိုသူလက်ခံနိုင်ဖို့ ဘယ်လိုလုပ်ခဲ့ရလဲဆိုတဲ့ အကြောင်းပါ။ Marcia ရဲ့ဇာတ်လမ်း၊ သူတကယ်ဖြစ်ချင်တာဖြစ်ဖို့အတွက် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲခြင်းကို ဘယ်လို ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာက ...
movie
My Sole Desire aka À mon seul désir (2023)
6
After (2023)
After 2023ပဲရစ် လူတိုင်းက City of Romanceလို့ တင်စားရတဲ့မြို့ရဲ့ ကလပ်တစ်ခုမှာ ဆုံတွေ့ခဲ့တဲ့ ဖီလစ်စီနဲ့ဆာအစ်ကလပ်ဆိုတဲ့အတိုင်း ကခုန်မူးရူးကြရင်း စကားတွေပြောရင်းနဲ့ ပါတီပွဲဆက်တစ်ခုကိုလိုက်ဖို့ ဖီလစ်စီက ဆာအစ်ကိုဖိတ်ရင်း ဖီလစ်စီအိမ်ကိုရောက်ဖို့ ဖြစ်လာတဲ့အခါ...လူတိုင်းရဲ့ အိပ်မက်မြို့တော်လို့တင်စားရတဲ့ ပဲရစ်မြို့ရဲ့ လှပတဲ့နောက်ကွယ်က လူမျိုးရေးခွဲခြားမှုတွေ ရုန်းကန်ရတာတွေ ပင်ပန်းမှုတွေနဲ့ night lifeနောက်ကွယ်က လူတွေကြားမှာ လျော့ပါးလာတဲ့ခံစားချက်တွေအကြောင်း ဆွေးနွေးသွားပုံလေးတွေကို ရှုစားလိုက်ရအောင်ပါ။ File size…1.5GB / 556MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex
movie
After (2023)
2023
5.2
My Sole Desire (2023)
ရည်ရွယ်ချက်မရှိ ပန််းတိုင်မရှိဘဲ ပေါ့ပေ့ါနေ ပေါ့ပေါ့စား Manon ဆိုတဲ့ ကောင်မလေးကတော့ ဖော်ချွတ်ကလပ်မှာ အလုပ်သွား၀င်ပါတယ်စစချင်းတော့ အဆင်ပြေနေပေမယ့် သူ့ထက်ပိုလှတဲ့ ကောင်မလေးတစ်ယောက်ရောက်လာချိန်မှာတော့....ဒီကားကတော့ ဖော်ချွတ်မယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama , Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
My Sole Desire (2023)
6.7
Lover for a Day (2017)
Lover for a Day (2017)~ IMDb - 6.7/10, Rotten Tomatoes - 82% ~ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel's Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ...
movie
Lover for a Day (2017)
2017
7.4
Happening (2021)
Happening (2021)ဒီဇာတ်ကားလေးဟာ Annie Ernaux ရဲ့ "Happening" ဆိုတဲ့ ဝတ္ထုလေးကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.4 အထိရရှိခဲ့တဲ့အပြင် BAFTA Award တွေအတွက် ဆန်ခါတင်စာရင်းမှာ ပါခဲ့သလို အခြား ဆုတွေလည်း ၁၃ ခုလောက် ရရှိထားခဲ့တဲ့ ဒရမ်မာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ကိုယ်ဝန်ဖျက်ချတာဟာ တရားဝင်တယ် တရားမဝင်ဘူး ဆိုတာ အခု ၂၂ ရာစုအထိ နိုင်ငံအချို့မှာ debate လုပ်နေကြဆဲဖြစ်ပါတယ်။1960 ခုနှစ်တွေတုန်းက ပြင်သစ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချတာဟာ တရားမဝင်ပါဘူး။ ကိုယ်ဝန်ဖျက်ချရင် ဖျက်ပေးတဲ့ ဆရာဝန်ရော ကိုယ်ဝန်ရှိသူပါ ထောင်ချခံရတဲ့ အခြေအနေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ...အန်းဆိုတဲ့ စာပေ မေဂျာ ကျောင်းသူလေးက ပညာရေးမှာ ပါရမီပါပြီး ထူးချွန်တယ်။ လူဆိုတာကတော့ အမှားနဲ့ မကင်းကြပါဘူး။ အမှားနဲ့မကင်းတဲ့ထဲမှာမှ ကံဆိုးသွားသူက အန်း ပေါ့။ တစ်ညတာလေး ...
movie
Happening (2021)
6.6
[18+] Benedetta (2021)
[18+] Benedetta (2021)Benedetta ဟာ ၁၇ ရာစုဝန်းကျင်က အီတလီနိုင်ငံမထင်မရှားမြို့ငယ်လေးတစ်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ Benedetta Carlini ဆိုတဲ့သီလရှင်ရဲ့ဘ၀ဇာတ်ကြောင်းကိုအခြေခံထားတာဖြစ်ပါတယ်။ငယ်ဖြူဆရာလေးတစ်ပါး စည်းကမ်းတင်းကျပ်တဲ့ ဘာသာရေးအရိပ်အာဝါသအောက်မှာနေထိုင်ရင်း ဖောက်လွှဲဖောက်ပြန် အမြင်အာရုံတွေ ရလာတာ... ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညစ်ညမ်းတဲ့ လောကသဘာဝနဲ့သွေဖည်နေတဲ့ အိမ်မက်တွေကတစ်ဆင့် ပြင်ပလောကမှာလဲ သူတို့ ကျောင်းတော်အရိပ်ကို ခိုလှုံဖို့ရောက်ရှိလာတဲ့ နောက်ထပ် ဖခင်နဲ့ အစ်ကိုတွေရဲ့ဖိနှိပ်ခံဆိတ်ကျောင်းသူလေးတစ်ယောက်ကို ကိုယ်ဖိရင်ဖိစောင့်ရှောက်ရာက သဒ္ဒါလွန်လို့ တဏှာကျွံမိပုံတွေကတစ်ဆင့် ဘာသာရေး၊ လူမှုရေး ၊ ခေတ်ကာလနဲ့ အစရှိတဲ့အကြောင်းအရာများစွာကို တို့ထိကစားပြသွားခဲ့ပါတယ်။အငြင်းပွားစရာများစွာရှိတဲ့ ဆတ်ဆတ်ထိမခံတဲ့ ဘာသာရေးအချက်အချာနေရာက ဘာသာရေးခေါင်းဆောင်တွေကို အဓိကဇာတ်အိမ်တည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အကြောင်းအရာကိစ္စတွေကိုပုံဖော်ထားတဲ့နေရာမှာ နှုတ်နဲ့ဖွင့်လို့တောင်မပြောဝံ့စရာ ညစ်ပတ်စုတ်ပဲ့တဲ့ အခြေအနေမျိုးတွေနဲ့ တွေ့မြင်ရပါလိမ့်မယ်။ဘာသာရေးကို ခုတုံးလုပ်ပြီး လူတွေကိုလှည့်စားရတာ ဘယ်လောက်လွယ်ကူနိုင်သလဲ၊ ဘာသာရေးဟာ ဘယ်လောက်အထိ အလွယ်တကူဝင်ငွေကြမ်းနိုင်တဲ့ စီးပွားရေးတစ်ခုဖြစ်နိုင်လဲ၊ ဘာသာရေးအဆောက်အအုံတွေမှာ နေထိုင်အရိပ်ခိုကြတိုင်း သူတော်စင်သူတော်ကောင်းဖြစ်နိုင်ပါ့မလား... အစရှိတဲ့ခေတ်အဆက်ဆက် မေးချင်ပေမယ့်မမေးဝံ့လို့ လက်ရှောင်ခဲ့ကြရတဲ့ မေးခွန်းတွေရဲ့အဖြေတွေကိုလဲ တစ်စိတ်တစ်ဒေသမြင်တွေ့ရပါလိမ့်မယ်။တစ်ခေတ်တစ်ခါက ...
movie
[18+] Benedetta (2021)
2021
6.5
Synonyms (2019)
IMDB rating ( 6.6/10 ) ရရှိထားတဲ့ ဒါရိုက်တာ Nadav Lapid ရဲ့Synonyms ဟာ ပုံမာန် မြင်တွေ့နေကျ ဇာတ်ကားတွေနဲ့ မတူပဲတစ်မူထူးခြားပြီး ကွဲထွက်နေပါတယ် ။မင်းသားအသစ်တစ်ယောက်ဖြစ်တဲ့ Tom Mercier ကအစ္စရေးကနေ ပြင်သစ်ကို ထွက်ပြေးလာတဲ့ Yoav ( ယိုအက်ဗ် ) အဖြစ် သရုပ်ဆောင်ထားပါတယ် ။Quentin Dolmaire နဲ့ Louise Chevillotte ကလည်း ပဲရစ်ကယိုအက်ဗ်ကို ကူညီပေးတဲ့ စုံတွဲအဖြစ် ပါဝင်ထားပါတယ် ။ပုံမှန် မြင်တွေ့နေကျ ဇာတ်ကားမျိုးမဟုတ်ပဲ ရှုထောင့်အသစ်တွေကနေခံစားကြည့်ရှုရမယ့် Drama ကားလေးတစ်ကားပါသူ့နိုင်ငံ ၊ သူ့ရဲ့ ဘဝဟောင်းကနေ ထွက်ပြေးပြီးပြင်သစ်ကို မျှော်လင့်ချက်တွေ အပြည့်နဲ့ ...
movie
Synonyms (2019)