Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Louis Herthum
6.3
Pride (2007)
ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ၁၉၇၄ ခုနှစ်နောက်ခံ အားကစားဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဖယ်လာဒဲဖီးယားပြည်နယ်က ရေကူးနည်းပြ ဂျင်မ်အဲလစ်စ်ရဲ့ ဘဝဇာတ်လမ်းဆိုလည်း မမှားပါဘူး။ ၁၉၇၄ ခုနှစ်မှာ ကောလိပ်ဘွဲ့ရ ဂျင်မ်အဲလစ်အတွက် အလုပ်ရှာရခက်ခဲတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မြို့တော်ဌာနကနေ ဖယ်လာဒဲဖီးယားက ရပ်ကွက်ငယ်လေးတစ်ခုက အပန်းဖြေစင်တာတစ်ခုကို ပိတ်သိမ်းပေးဖို့ ကမ်းလှမ်းတလာတဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ပါတယ်။ အဆိုပါစင်တာမှာ အလုံးစုံပျက်ဆီးနေတဲ့ ရေကူးကန်တစ်ခုကို ဂျင်မ်အနေနဲ့ ပြန်လည်အသုံးပြုလို့ရတဲ့အထိ ပြင်ဆင်ခဲ့ပါတယ်။ ရပ်ကွက်ထဲက လူမည်းဆယ်ကျော်သက် ယောကျ်ားလေးတွေကို ရေကူးဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်မှာတော့ ရေကူးအသင်းတစ်ခု တည်ထောင်ဖို့အထိ စည်းရုံးနိုင်ခဲ့ပြီး တက္ကသိုလ်အဆင့် ပြိုင်ပွဲတွေထိပါ ခြေဆန့်နိုင်ဖို့ အိပ်မက်ကိုယ်စီ ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ယောကျ်ားလေးတွေပဲ ရှိတဲ့ ရေကူးအသင်းထဲကို ဝီလီဆိုတဲ့ ပါရမီရှင်ရေကူးသမား အမျိုးသမီးငယ်လေး ပါ ပူးပေါင်းလာချိန်မှာတော့ တခြားလူဖြူရေကူးအသင်းတွေတန်းတူ အစွမ်းပြလာနိုင်ခဲ့ပါတယ်။ လူမည်း ရေကူးသမားတွေကို နေရာတိုင်းမှာ နှိမ့်ချဆက်ဆံလူမျိုးရေးခွဲခြားခံနေရတဲ့ အချိန်ကာလကြီးမှာ ဂျင်မ်အဲလစ်စ်က သူ့ရဲ့ရေကူးသမားဘဝက မပြီးဆုံးနိုင်ခဲ့တဲ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက် ရောင်ခြည်သမ်းလာခဲ့ပါတယ်။ ရေကူးအသင်းသားတွေရဲ့ ရေကူးကန်အတွင်းနဲ့ အပြင်ဘဝကိုပါ ထိန်းကျောင်းပေးရင်းနဲ့ပဲ ဂျင်မ်အဲလစ်စ်ရဲ့ ရေကူးအသင်းလေးဟာ ဘယ်လ်တီမိုးတက္ကသိုလ် အမျိုးသားရေကူးပြိုင်ပွဲဗိုလ်လုပွဲအထိပါ တက်ရောက်လာနိုင် ခဲ့ပါတယ်။ ...
movie
Pride (2007)
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
12 Rounds (2009)
နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ....ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား....ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe
movie
12 Rounds (2009)
6.1
In the Electric Mist (2009)
Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
In the Electric Mist (2009)
7.2
The Mist (2007)
ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့်တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ်နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့The Mist ဆိုတဲ့ ရုပ်ရှင်ကားပါဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါစောင်ကို ကွေးနေအောင် ခြုံပါ(FA ဆိုရင်ပေါ့) :Pကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ...တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်းဝင်ရောက် တိုက်ခက်တဲ့ အချိန်ရေကန်ငယ်လေး ရဲ့ နံဘေးကပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကိုသစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ်မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစုနိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာမြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီးအပျက်အစီးတွေကို ရှင်းလင်းကြရပါတယ်သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက်အစားအသောက်က အရေးကြီးတာကြောင့်အိမ်နီးချင်း ...
movie
The Mist (2007)
2007
5.0
The Possession of Hannah Grace (2018)
သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thrillerအမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်...ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာသေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ၀န်ထမ်းအသစ် ရဲဝန်ထမ်းဟောင်းMegan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး...
movie
2018