Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Louis Gossett Jr.
6.7
IF (2024)
ဒက်ပူးမင်းသား ရိုင်ရန်ရေးနိုးရဲ့ လူတစ်ဝက်ကာတွန်းတစ်ဝက် ရုပ်ရှင်အသစ်လာပါပြီ။ဒါရိုက်တာနဲ့ ဇာတ်ပို့ကတော့ The Officeဇာတ်လမ်းတွဲထဲက မင်းသား John Krasinski ပါပဲ။Walking Dead ထဲက မင်းသမီးလေးCailey Fleming ကတော့ အဓိက မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကလေးတိုင်းမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေရှိတတ်ကြပါတယ်။ သူတို့ အကျင့်စရိုက်အတိုင်း၊သူတို့ဆန္ဒအတိုင်း ပုံဖော်မိထားတဲ့ သူငယ်ချင်းလေးတွေပေါ့။ ပုံစံအစုံ ရှိနိုင်ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူတို့ကိုယ်သူတို့ What If"အကယ်၍" ဆိုပြီး နာမည်ပေးထားတယ်။အဲဒီလို စိတ်ကူးယဉ်သူငယ်ချင်းတွေရဲ့သနားစရာကောင်းတဲ့အချက်ကတော့ သူတို့ကိုဖန်တီးတဲ့ ကလေးတွေ ကြီးလာတဲ့အခါ သူတို့ကိုမေ့သွားပြီး မမြင်နိုင်တော့သလို သူတို့အချင်းချင်းကလွဲပြီး ဘယ်သူမှမမြင်နိုင်ပါဘူး။ တစ်နေ့မှာတော့အဲဒီ စိတ်ကူးယဉ်သူငယ်ချင်းတွေ အကုန်လုံးကိုမြင်နိုင်တဲ့ ကလေးမလေးတစ်ယောက်ကသူတို့အားလုံးကို ကလေးသူငယ်ချင်းတစ်ယောက်စီပြန်ရှာပေးဖို့ ကြိုးစားပါတော့တယ်... File size…2.13GB / 972MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Animation , Comedy , Drama Subtitle….Myanmar Subtitle ...
movie
IF (2024)
Jaws 3-D (1983)
Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ဒီမှာတော့ ...
movie
Jaws 3-D (1983)
6.9
The Color Purple (2023)
The Color Purple (2023)~ IMDb - 6.9/10, RT - 82%, Meta - 72% ~ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ...
movie
The Color Purple (2023)
2023
4K HEVC
Enemy Mine(1985)
Enemy Mine (1985)ဒီတစ်ခေါက်မှာတော့ IMDB 6.8/10 ရထားတဲ့ ၁၉၈၅ ခုနှစ်က Sci-fci/Action ကားလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းအကျဉ်းမပြောခင် ဒီကားက ၁၉၈၅ခုနှစ်က ရိုက်ထားတဲ့ ဂြိုလ်သားကားလေးဆိုတာတော့ တစ်ချက်လောက် သတိပြုမိစေချင်ပါတယ်နော်.. တစ်ခေတ် တစ်ခါက လူသားနဲ့ ဂြိုလ်သားဇာတ်ကားလေးကို ခေတ်ဟောင်းမုဒ်သွင်းပြီး ခံစားသက်ဝင်ကြည့်ကြပါလို့..ဇာတ်လမ်းအကျဉ်းနှစ်ဆယ့်တစ်ရာစုအလွန်မှာ ကမ္ဘာသားတွေနဲ့ ဒရက်ဂ်လို့ခေါ်တဲ့ဂြိုလ်သားမျိုးနွယ်တွေက နယ်မြေချဲ့ထွင်ကြရင်း ကတောက်တဆဖြစ်ကာ အာကာသထဲ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်.. ဒီလိုနဲ့ အာကာယတိုက်ခိုက်ရေးယာဉ်မှူး ဒက်ဗေ့ချ်က ဒရက်ဂ်တစ်ကောင်နဲ့ အကြိတ်အနယ် တိုက်ခိုက်ရင်း မထင်မှတ်ဘဲ အာကာသယာဉ်ပျက်ကြပြီး နယ်မြေသစ်တစ်ခုဖြစ်တဲ့ ဖိုင်ရင်ဂြိုလ်ထဲ သောင်တင်သွားခဲ့ပါတော့တယ်.. ကံဆိုးစွာနဲ့ပဲ အဲဒီဂြိုလ်ပေါ် ယာဉ်ပျက်ကျပြီး သောင်တင်နေတာက သူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ဖက်က ရန်သူ ဒရက်စ်တစ်ကောင်ပါ အတူတူဖြစ်နေတဲ့အခါ... ဒက်ဗေ့ချ်တစ်ယောက် ရန်သူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်းပဲ ကယ်ဆယ်ရေးယာဉ်လာအောင် စောင့်မျှော်နေရမလား.. ဒါမှမဟုတ် ရန်သူနဲ့ တစ်မြေတည်းနေပြီး သူငယ်ချင်းတွေအဖြစ်ပေါင်းစည်းသွားမလား.. ရန်သူတော်ကြီးကနေ သူငယ်ချင်းအဖြစ်ပေါင်းစည်းသွားဖို့ဆိုတာရော ဖြစ်နိုင်ပါ့မလား.. တစ်ဖက် ရန်သူတွေမှာရော သူတို့ ကမ္ဘာသားတွေ မသိနိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ အကျင့်စရိုက်တွေ ရှိနေမလဲဆိုတာကိုတော့... ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်..ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကတော့ Dennis ...
movie
Enemy Mine(1985)
Three Months (2022)
Three months Coming of age ရုပ်ရှင်လေးပါ။ Caleb ဟာ ဆယ်ကျော်သက်အရွယ်ဂေး တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ပုံစံကြောင့် သူငယ်ချင်းတစ်ယောက်ကလွဲရင် အပေါင်းအသင်းမရှိပါဘူး။အထက်တန်းကျောင်းပြီးခါနီးမှာပဲ သူနဲ့တူတူနေမိတဲ့ သူစိမ်းတစ်ယောက်ဟာ HIV ရှိနေမှန်းသိလိုက်ရပါတယ်။ သူ့ဆီမှာလည်း ပိုးရှိမရှိကို ဆေးစစ်ချက်အဖြေသိဖို့ သုံးလစောင့်ဆိုင်းရင်း တွေ့ကြုံရတဲ့ အချစ်ရေး၊သူငယ်ချင်းကြား သံယောစဉ်၊မိသားစုပြဿနာ တွေကိုပြသထားပါတယ်။ ဇာတ်လမ်း setting ထူးဆန်းစွာ 2011မှာတည်ထားပါတယ်။ Homosexuality ကိစ္စတွေ HIV ကူးစက်ခံသူတွေရဲ့ဘ၀တွေအပြင် မလွယ်ကူတဲ့ဆယ်ကျော်သက်ဘ၀ကို ပွင့်ပွင့်လင်းလင်းပြထားပါတယ်။ နာမည်ကျော်အဆိုတော် YouTuberလေး Troye Sivanက အဓိကနေရာကနေ ပါ၀င်ထားပြီး Judy Greer,Viveik Kalra တို့လည်းပါ၀င်ထားပါတယ်။ File size…(1.69 GB)/(720.39 MB)/(419.22 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
Three Months (2022)
6.9
The Cuban(2020)
The Cuban(2020)အညွှန်း*********************မီနာအိုက်ယူ ဆိုတဲ့ ကောင်မလေးဟာ အာဖဂန်စစ်ပွဲကြောင့် အဘိုးအဘွားတွေက အဒေါ်ဖြစ်သူနဲ့ အတူ အမေရိကန်မှာလာခိုလှုံဖို့ လွှတ်လိုက်တဲ့ကောင်မလေးဖြစ်ပါတယ်။အိုက်ယူဟာ ဆရာဝန်ဘွဲ့ရဖို့ ဆေးကျောင်းတက်ရင်း ဝင်ငွေအတွက်သက်ကြီးစောင့်ရှောက်ရေးဂေဟာမှာ သူနာပြုအလုပ် ဝင်လုပ်ပါတယ်။ထိုဂေဟာမှာ အလုပ်စဝင်ဝင်ချင်း သူပြုစုပေးရတာက စိတ်ကြီးပြီး အစားအသောက် ကြေး(ချေး)များတဲ့ ပြဿနာအိုးအဘိုးအိုလူနာကြီးဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အိုက်ယူရဲ့ သည်းညည်းခံမှု၊ ဖြူစင်မှုကြောင့် လူနာအဘိုးအိုကြီး ဟာသူ့ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာပါတယ်။ ဒါပေမယ့်လည်း အဘိုးကြီးကိုစောင့်ရှောက်ရင်း အဘိုးကြီးရဲ့ ထူးဆန်းတဲ့ အတိတ်အကြောင်းတွေ သူသိလာရသလိုသူ့ဘ၀ အတွက် မျှော်လင့်မထားတဲ့ ဆိုးကျိုးတချို့ကို ပြန်ရင်ဆိုင်လာရပါ တော့တယ်။လူနာနဲ့ ဆရာဝန်-သူနာပြုကြားက ကြီးမားတဲ့သံယောဇဉ်၊ ချစ်သူတွေချင်း ကြားကလေးနက်တဲ့ချစ်ခြင်း၊ အဒေါ်နဲ့ တူမကြား နက်ရှိုင်းတဲ့ တွယ်တာမှု စတာတွေကို လှပစွာ ခြယ်မှုန်းသီခြယ်ထားတဲ့ချစ်ခြင်းမေတ္တာဖွဲ့သီမှု ဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင် ခံစားကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ko Myo ပဲဖြစ်ပါတယ်...File Size :(945MB) ...
movie
The Cuban(2020)
5.3
Foster Boy (2020)
Foster Boy (2020)==============IMDb Rating - 5.3/10#Unicodeကလေးသူငယ်စောင့်ရှောက်ရေးစင်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆီက လက်လွှဲယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းစုကြီးကို ၁၉ နှစ်ပဲရှိသေးတဲ့ ပေတိပေစုတ် ဓားပြရုပ်ပေါက်နေတဲ့ လူမည်းကောင်လေးက တရားစွဲနေတယ်တဲ့။ ဂျမဲ ရန်ဒေါ့ ဆိုတဲ့ ဒီကောင်လေးက တရားရုံးကို တစ်နှစ် ၅ ခါလောက်ရောက်နေတတ်တဲ့၊ အချုပ်ခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသဘောထားတဲ့ကောင်လေး ဒီကောင်လေးက ဘာကြောင့်များ ဒီလိုကုမ္ပဏီကြီးကို တရားစွဲထားတာလဲ။ တရားစွဲထားတယ်ဆိုပေမဲ့ သူ့ဘက်ကလျှောက်လဲပေးမယ့်ရှေ့နေတောင်မငှားနိုင်ပါဘူး။ ဒီအမှုကို သူနိုင်နိုင်ပါမလား။ ကံကြမ္မာရဲ့ဖေးမမှု ဒါမှမဟုတ် စိတ်ထားမှန်တဲ့လူတစ်ယောက် ဒါမှမဟုတ် ဖြောင့်မှန်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်က သူ့အတွက် လျှောက်လဲပေးမယ့်အခွင့်အရေး ရလာတယ်။ သူလို တေလေပုံပေါက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ ရှေ့နေတဖြစ်လဲ သူ့ရဲ့ ရှေ့နေကတော့ တွေ့တွေ့ချင်းဆောက်နဲ့ထွင်း ဆိုသလို မတူတဲ့ လောကကလူနှစ်ယောက် ထိပ်တိုက်တွေ့မိပြီး အဆင်မပြေဖြစ်ကြတယ်။ဂျမဲ ရဲ့ ...
movie
Foster Boy (2020)
2020