Channel Myanmar

Lorrie Papadopoulos

Polarized (2023) 6.6
Polarized (2023)  ဒီတစ်ခါ cm ပရိသတ်ကြီးကို ဒရာမာ ရိုမန့်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Polarized ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီကားက IMDB မှာ 6.7 အထိ ရရှိထားပါတယ်။ဇာတ်ကြောင်းကတော့ လီဆာဆိုတဲ့ ဝါသနာအရ ကိုယ်ပိုင်သီချင်းတွေရေးရင်း တီးခတ်နေတဲ့ ကောင်မလေးဟာ တစ်ဘက်မှာလည်းမိဘတွေပိုင်တဲ့ ယာတောကို ဘဏ်က အသိမ်းခံလိုက်ရပြီးဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူပါ။ ဖခင်ဖြစ်သူကလည်းကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရင်ဆိုင်နေရပြီး သူမဟာမြို့ပြစတိုင်စိုက်ပျိုးရေး တစ်ခုမှာ အလုပ်ဝင်နေပါတယ်။တစ်နေ့တော့ လုပ်ငန်းခွင် မတော်တဆတစ်ခု ဖြစ်ရာကနေမန်နေဂျာဖြစ်တဲ့ ဒါလီယာဆိုတဲ့ ကောင်မလေးကို လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောမိပြီး ပြဿနာတက်ကြပါတယ်။ဒါလီယာက ပါလက်စတိုင်းက ရွှေ့ပြောင်းအခြေချလာတဲ့မိသားစုဝင်တစ်ဦး ဖြစ်ပြီး လီဆာအလုပ်လုပ်နေတဲ့ စိုက်ပျိုးရေးအလုပ်ကို သူတို့မိသားစုက ပိုင်ဆိုင်တာပါ။အရှေ့အလယ်ပိုင်း ရှေးရိုးစွဲ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ပေမယ့် ခေတ်အမြင်ပွင့်လင်းတဲ့ ဒါလီယာနဲ့ လီဆာတို့နှစ်ယောက် မတူညီမှုတွေကြားထဲကနေ တူညီတဲ့ ခံစားချက်တွေဖြစ်လာချိန်မှာတော့...။ဒီဇာတ်ကားလေးက အမျိုးသမီး နှစ်ဦးကြားက ပြောင်းလဲလို့မရတဲ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို မြင်သာအောင် ဖော်ကြူးထားနိုင်တာမို့ ...
movie

Polarized (2023)

Shall We Dance? (2004)
Shall We Dance? (2004) ၂၀၀၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်....ဇကာတင်ဆု ၇ ဆုရရှိထားပါတယ်...မင်းသားမင်းသမီးတွေကတော့ ရွှေရောင်ကမ္ဘာလုံးဆုရရှိထားတဲ့ မင်းသားကြီး Richard Gere နဲ့ မင်းသမီးတွေကတော့ Susan Sarandom နဲ့ Jennifer Lopez တို့ပါဝင်ထားပါတယ် ဇာတ်လမ်းအကြောင်းလေးပြောရရင်တော့ အမွေကိစ္စစီမံခန့်ခွဲပေးတဲ့ ရှေ့နေဖြစ်သူ ဂျွန်ကလက်ခ်ဟာ အိမ်ထောင်ကျခဲ့တာ နှစ် ၂၀ နီးပါကြာခဲ့ပါပြီ...သူဟာမိသားစုကိုချစ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့လည်း သူကိုယ်တိုင်ကလည်းအလုပ်ရှုပ် မိန်းမဖြစ်သူကလည်းအလုပ်ရှူပ်သူတစ်ယောက်ဖြစ်လေတော့ နေ့စဉ်အလုပ်နဲ့အိမ်၊အိမ်နဲ့အလုပ် ဒီလိုပုံမှန်ကိစ္စတွေကြား သူဟာပျင်းရိလာခဲ့ပါတယ်...ဆန္ဒမပြည့်ဝဖြစ်လာခဲ့ပါတယ် ဂျွန်ကလက်ခ် နေ့စဉ်အလုပ်ကအပြန် လမ်းမှာ မြင်တွေ့ရသူကတော့ ပေါ်လီနာဆိုတဲ့ကချေသည်မိန်းကလေးဖြစ်ပါတယ်...သူမဟာနေ့စဉ် မစ်စ်မစ်ဇီရဲ့အကသင်တန်းမှ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးကြည့်လေ့ရှိပါတယ်....ဂျွန်ကလက်ခ်ဟာပေါ်လီနာကိုတွေ့ပါများလာတဲ့အခါ မစ်စ်မစ်ဇီရဲ့အကသင်တန်းကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်... ဒီလိုနဲ့ဂျွန်ကလက်ခ် အကသင်တန်းတက်တော့ အိမ်ပြန်နောက်ကျလာတယ်....အပြုအမူတွေပြောင်းလာတယ်...ဒါကိုသတိထားမိတဲ့ မိန်းမဖြစ်သူဘယ်ဗာလီက စုံထောက်တစ်ယောက်ကိုငှားပြီး သူ့ယောက်ျားနောက်ကိုလိုက်ခိုင်းပါတော့တယ်....ဒီတော့ ဂျွန်ကလက်ခ်နဲ့ပေါ်လီနာတို့ကြားဘယ်လိုဖြစ်သွားမလဲ....မိန်းမဖြစ်သူဘယ်ဗာလီက ဂျွန်ကလက်ခ်အကသင်တန်းတက်နေမှန်းသိသွားတဲ့အခါဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ....File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre... Comedy, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Shall We Dance? (2004)

The Grudge (2020) 4.1
The Grudge (2020) ရုံတင်ထားတဲ့ သရဲကားတစ်ခုကို တင်ပေးထားပါတယ်။Jump scare အများစုကို သုံးထားတာမို့အသည်းငယ်ရင်တော့ မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းသေဆုံးသွားလို့သားတစ်ယောက်နဲ့ အိမ်ပြောင်းလာတဲ့ စုံထောက်မူဒွန်ဟာ ထူးဆန်းတဲ့ လူသေမှုတစ်ခုကို စုံစမ်းရင်းကြောက်စရာအိမ်ကြီးတစ်လုံးထဲက ရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ အဲဒီအိမ်ကြီးထဲမှာ အစဉ်အဆက်သေဆုံးခဲ့ကြတဲ့သူတွေအကြောင်းကိုသိလာပြီးမူဒွန်ဆီကိုပါဒီအန္တရာယ်တွေရောက်လာတဲ့အခါဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုရှာပြီး အန္တရာယ်တွေကိုကျော်လွှားဖို့ကြိုးစားရပါတော့တယ် File Size : (877 MB , 322 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Grudge (2020)