Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lorraine Toussaint
6.4
Big City Greens the Movie: Spacecation (2024)
Big Ciy Greens The Movie (2024)နာမည်အတော်အတန်ရှိရဲ့ စီးရီးအတွက် သီးသန့်ထုတ်ထားတဲ့ မူဗီပါ။ ပုံစံကတော့ The Simpsonsလိုပုံစံမျိုးကို လိုက်တုထားတယ်ပြောရမလားပဲ။ ဒါပေမဲ့ ဒီမှာကတော့ မိသားစုထဲက ပြဿနာလေးတွေနဲ့ အာကာသခရီးနဲ့ကိုပဲ အဓိကပုံဖော်ထားတာပါ။ ဘစ်စီးတီးဆိုတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။ ကမ္ဘာ့လူဦးရေးအများဆုံးမြို့ကြီးတဲ့။ အဲဒီမြို့ကြီးရဲ့ အစွန်မှာ ဂရင်းမိသားစုဆိုတဲ့ မိသားစုတစ်ခုရှိတယ်။ သူတို့က ခြံလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူတွေပေါ့။ နှစ်တိုင်း သူတို့က မြို့ပေါ်ကို ကုန်စိမ်းတွေပို့ရင်း အပန်းဖြေခရီးထွက်ကြတယ်။ အာကာသစခန်းတစ်ခုရဲ့စီအီးအိုဆီ ကုန်သွားပို့ရင်း အာကာသထဲ သွားရဖို့အကြောင်းဖန်လာတဲ့အကြောင်းပေါ့။ အကြောင်းဖန်လာပုံကတော့ အာကာသစခန်းက အာကာသထဲ လူတွေအတွက်ဟိုတယ်ဖွင့်ထားသလို စားဖို့သောက်ဖို့အတွက်လည်း အာကာသထဲ လယ်တွေယာတွေစိုက်ထားတယ်။ စက်ရုပ်တွေနဲ့ပဲ လုပ်ဖို့စီစဉ်ထားပေမဲ့ စက်ရုပ်တွေက ချို့ယွင်းချက်ဖြစ်ပြီး မရိတ်နိုင်နေလို့ လူတွေလွှတ်ဖို့ အကြောင်းဖန်လာတာပါပဲ။ အာကာသယာဉ်မှူးကို လယ်စိုက်တတ်အောင်သင်ပေးရတာထက် လယ်သမားကို အာကာသယာဉ်မှူးလုပ်ပေးရတာ ပိုလွယ်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စီးအိုစီကြီးက သူတို့မိသားစုကို အာကာသထဲလွှတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ ရယ်တစ်ဝက်ရင်ဖိုတစ်ဝက်နဲ့ ကြည့်ရမယ့် ကြည့်ကောင်းတဲ့ကာတွန်းကားလေးပါပဲ။အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်Genre..... Animatino, Comedy, Family Quality…. 1080p | 720p File size… ...
movie
Big City Greens the Movie: Spacecation (2024)
2024
7.5
Selma (2014)
၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်းခွဲခြားမှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့်တောင်ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်ရပ်ကွက်တွေ လူမည်းမဝင်ရတဲ့ စားသောက်ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူးကန် စာသင်ကျောင်းနဲ့ ဘတ်စ်ကားတွေအထိ လူဖြူတွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကားပေါ်ကလူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ လူဖြူသီးသန့်ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကားရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကားဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa Park က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲကဖမ်းဆီးခဲ့ရာမှ Montogomery ဘတ်စ်ကားသပိတ်ကြီးပေါ်ပေါက်လာပြီး သမိုင်းဝင် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) ပေါ်ပေါက်လာပါတော့တယ်။ ဒီလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင်ကတော့ ဒေါက်တာမာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်းဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစကို ဒေါက်တာမာတင်လူသာကင်း ...
movie
Selma (2014)
7.7
Nimona (2023)
Nimona (2023) =========== Genre – Animation, Adventure, Comedy, Drama IMDb Rating – 7.7/10Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာ သေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တ ကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Age တို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီး နေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေ ခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့ Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့ တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimona နေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင် နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretz ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio က နေ ...
movie
Nimona (2023)
2023
6.3
The Night Before (2015)
The Night Before (2015) ================= IMDb Rating - 6.3/10ဟာသရုပ်ရှင်ကောင်းများနဲ့ Chill ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်များ အတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ ခရစ္စမတ်ကာလကို အခြေ တည်ထားတဲ့ ဟာသရုပ်ရှင်ကောင်း တစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ Rotten Tomatoes 69%, IMDb Rating 6.3/10 ရရှိထားပါတယ်။ Hangover လိုမျိုး ဟာသရုပ်ရှင်ကြိုက်တယ်ဆိုရင်တော့ လက်လွတ် မခံဖို့ အကြံပေးချင်ပါတယ်။ (Warning: ညစ်ညမ်းဟာသတစ်ချို့ ပါဝင်တာမို့ မိသားစုနဲ့အတူ မကြည့်ရှု့ သင့်တဲ့ ဇာတ်ဝင်ခန်းတချို့ ပါဝင်ပါတယ်)ခရစ်၊ အီသန်နဲ့ အိုင်ဆက်တို့ဟာ အရမ်းကို ခင်မင်ကြတဲ့ သူငယ်ချင်း သုံးယောက်ပါ။ အီသန်ဟာ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးလုံးကို ခရစ္စမတ် ကာလမှာ ဆုံးရှုံးလိုက်ရပါတယ်။ ဒါနဲ့ပဲ ခရစ်နဲ့ အိုင်ဆက်တို့လည်း အီသန့်ကို အတတ်နိုင်ဆုံး ကူညီပေးဖို့အတွက် ခရစ္စမတ်နေ့မှာ အတူတူ ရှိနေပေးကြ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့သုံးယောက်အတွက် ခရစ္စမတ်ဓလေ့လေး တစ်ခု ဖြစ်လာပါတယ်။ တစ်ခုသော ခရစ္စမတ်မှာတော့ Nutcracker ball ...
movie
The Night Before (2015)
2015
7.0
The Soloist(2009)
The Soloist(2009) အညွှန်း**********************ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးမှာ Jamie Foxx နဲ့ Robert Downey Jr တို့ အပြိုင်ကြဲထားထားပါတယ်။သူ့နာမည်အပြည့်အစုံက နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာ။မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး အစ်မတစ်ယောက်ရှိတယ်။ဟိုးခပ်ငယ်ငယ် ကလေးဘဝတည်းက ချယ်လိုလို့ခေါ်တဲ့ တယောကြီးတီးရာမှာ တစ်ဖက်ကမ်းခတ် ပါရမီပါသူ။ ဂီတ အနုပညာကို အင်မတန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အရူးအမူးချစ်ခင်လေးစားသူပေါ့။ကံဆိုးရှာတာက ထိုပါရမီရှင်ဟာ စိတ်ကစဉ့်ကလျား ရောဂါသည်ဖြစ်နေရှာတာပါပဲ။နားထဲ ကြားကြားနေရတဲ့အသံတွေတောင် သူ့မှာ ကျောင်းတစ်ဝက်တစ်ပျက်နဲ့ အယ်လ်အေလမ်းမပေါ်ကို ရောက်ခဲ့ရရှာပေါ့။လှည်းတစ်စီးနဲ့ ဖြစ်သလိုနေ ဖြစ်သလိုစားနေရရှာတဲ့သူဟာ ဂီတကိုတော့ အချစ်မလျော့ခဲ့ရှာဘူး။ ကောက်ရတဲ့ ပျက်လုနီးပါ တယောတစ်လက်ကို တစ်ခါမှမသင်ဖူးပါပဲကျွမ်းကျွမ်းကျင်ကျင် တီးခတ်နေလေ့ရှိပါတယ်။အယ်လ်အေစံတော်ချိန်သတင်းစာတိုက်က နာမည်ကျော်ဆောင်းပါးရှင် စတိဗ်လိုပတ်ဇ်။ သူကတော့ အခန်းဆက်ဆောင်းပါးတွေရေးတဲ့သူဖြစ်ပြီးသူ့စာဖတ်ပရိသတ် အတော်များတာပေါ့။ စာရေးဖို့ ကုန်ကြမ်းရှာရင်း နေသန်နီရယ်ကို သွားတွေ့ရာကဒီတိုင်း ပါရမီရှင်ရဲ့ လမ်းပေါ်က အခြေအနေကို မျက်နှာလွှဲမနေနိုင်တော့တဲ့အခါ။အပြင်မှာ စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု စကာတင်စာရင်းမှာလေးကြိမ်တိတိဝင်ခဲ့တဲ့ စာရေးဆရာအကျော်အမော်ဖြစ်သလို နေသန်နီရယ်ဟာလည်းတူရိယာပေါင်းစုံကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်နိုင်တဲ့ ဖိုးဖိုးကြီးဖြစ်ကြီး လက်ရှိ အယ်လ်အေမှာ ...
movie
The Soloist(2009)
6.3
Concrete Cowboy (2021)
Concrete Cowboy (2021)==================IMDb Rating - 6.3/10အရှိတရားကနေကင်းလွတ်ပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေလည်းရှိပေမဲ့ အရှိတရားကို ရိုက်ပြပြီး ပြောင်မြောက်တဲ့ ရုပ်ရှင်တွေက ပိုများတာတော့ သေချာပါတယ်။ ဒီရုပ်ရှင်ဟာ လက်သစ်ဒါရိုက်တာ Ricky Staubရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါပဲ။ ထိပ်တန်းရုပ်ရှင်တော့ ဖြစ်မသွားပေမယ့် အလယ်အလတ်တန်းအဆင့်ရဲ့ထိပ်ဆုံးမှာ ရပ်နေမယ့်ကားလို့တော့ အာမခံလို့ရတယ်။အကြောင်းအရာကတော့ ဒီနေ့ခေတ်ထိရှိနေတဲ့ ခေတ်ကာလနဲ့မကိုက်တဲ့ အလေ့အထုံတစ်ခုကို ကိုင်စွဲပြီး ရုန်းကန်နေရတဲ့ လူမဲကောင်းဘွိုင်တွေ အကြောင်း။ ဒီဇာတ်လမ်းကို တစ်ချို့တွေကတော့ အတော်သဘောကျကြတယ်။ ဇာတ်အိမ်တည်ဆောက်မှု အားနည်းတဲ့ တစ်ချက်ကြောင့် တစ်ချို့ကတော့ သိပ်သဘောမကျကြဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အဲ့ဒီနှစ်ခုကြားလို့ဆိုရမယ်။ ဇာတ်လမ်းတင်ပြပုံနဲ့ အခြေအနေနဲ့ Cinematographyလှလှကို တွဲသုံးပြီး ဆွဲငင်လိုက်တဲ့ အခန်းတစ်ချို့ကိုတော့ အတော်သဘောကျမိတယ်။သို့ပေမဲ့ ကျွန်တော်ဟာ ကောင်းဘွိုင်ဓလေ့လည်း မသသလို သူတို့ယဉ်ကျေးမှုနဲ့လည်း အလှမ်းဝေးတဲ့အတွက် တစ်ချို့အခန်းတွေကိုတော့ ခံစားလို့မ၀င်လိုက်ဘူး။ ဒါပေမဲ့ တစ်ချို့ပြောကြတဲ့ ဇာတ်အိမ်အားနည်းမှုဆိုတဲ့အချက်နဲ့ သဘော မကျမိတာတော့မဟုတ်ဘူး။ ဇာတ်အိမ်ဟာ အားမနည်းဘူး။ဇာတ်အိမ်ဟာ ဘ၀ပါပဲ။ ကျွန်တော်သာတစ်နေ့နေ့ရိုက်နိုင်ခဲ့ရင် ပုဂံရယ် နေအ၀င်ခြင်းခတ်တဲ့လူတွေရယ်ကို ဇာတ်အိမ်တကူးတကမလိုဘဲ ရိုက်ပြနိုင်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိတယ်။ ဒီဒါရိုက်တာကလည်း သူ့အရပ်သူ့ဒေသက မြင်းစီးတဲ့လူတွေအကြောင်းကို သူတို့ ယဉ်ကျေးမှုကိုပြပြီး ရိုက်ပြသွားတာပါပဲ။ ပွဲဦးထွက်မှာ ဒီအနေရိုက်ပြနိုင်တာ နောင်များ အတော်ကောင်းတဲ့ကားတွေ လာနိုင်ဦးမယ်လို့ မျှော်လင့်လို့ရပါတယ်။ခေတ်သစ်ကောင်းဘွိုင်တွေရဲ့ကမ္ဘာထဲကို ၀င်သွားကြည့်ရင် အမြင်အားဖြင့် လှပမနေတဲ့အရာတွေများပေမဲ့ သူတို့ရဲ့သူတို့ဘ၀အပေါ်ချစ်ခြင်းက လှပမနေတဲ့အရာတွေကိုတောင် လှပစေနိုင်တယ်။ မြင်းချီးတွေကြားထဲ မြင်းနဲ့အတူနေတဲ့လူတွေ မြင်းကို ဧည့်ခန်းထဲထည့်ထားတဲ့လူတွေ အငတ်ခံပြီး မြင်းကိုအစာကျွေးတဲ့လူတွေ မြင်းသေပုပ်ကိုတောင် မလွှင့်ပစ်ရက်တဲ့လူတွေ ခင်ဗျားမြင်ရမယ်။သူတို့မြို့ကလေးရဲ့ နေအ၀င်မှာ ကောင်းဘွိုင်ကောင်လေးကို ကောင်းဘွိုင်မလေးက နမ်းလိုက်တာကိုလည်း ခင်ဗျားမြင်ရလိမ့်မယ်။ ဒါပေမဲ့ သူတို့ အချစ်အကြောင်းစကားတစ်ခွန်းမှ ဆိုတာကိုတော့ ခင်ဗျား မြင်ရမှာမဟုတ်ဘူး။ ဒါပေမဲ့ တာကော့စကီးရုပ်ရှင်ထဲကစကားလေးလိုပဲ "Unspoken ...
movie
Concrete Cowboy (2021)
2021
6.4
Scary Stories to Tell in the Dark (2019)
မကြာသေးခင်ကမှ ရုံတင်သွားတဲ့ Horror ကား ကောင်းကောင်းလေးပါဗျ။ဇာတ်လမ်းတွေက နာကျင်စေတယ်။ဇာတ်လမ်းတွေက အနာကျက်စေတယ်။ဇာတ်လမ်းတွေက ကျွန်တော်တို့ ဘယ်သူဘယ်ဝါရယ် လို့ ပုံဖော်ပေးတယ်။ခင်ဗျားတို့ရော ကိုယ်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်းကို ကြိုသိရပါမယ် ဆိုပါစို့။အကောင်းတွေတော့ မဟုတ်ဘူးနော်။အဆိုးတွေ..... ကံကြမ္မာဆိုးတွေ ဇာတ်လမ်းကတော့ ဒီလိုပါ။ဟောလိုဝင်းနေ့မှာ ကလေးတစ်သိုက်က သရဲခြောက်တဲ့အိမ်ကြီးတစ်အိမ်ကို ရောက်သွားတယ်။အဲဒီအိမ်မှာ ဒဏ္ဍာရီတစ်ခု ရှိတယ်။အဲဒီအိမ်က အမျိုးသမီးရဲ့ဇာတ်လမ်းကို နားထောင်ပြီးတဲ့ကလေးတိုင်းပျောက်ဆုံးသွားလေ့ ရှိတယ်။မမျှော်လင့်ဘဲ အဲဒီအမျိုးသမီးကြီးရဲ့ ဇာတ်လမ်းတွေ ရေးထားတဲ့ စာအုပ်ကို ရခဲ့တယ်။စာအုပ်ထဲမှာ ဇာတ်လမ်းတွေ အလိုလိုပေါ်လာခဲ့တယ်။ပေါ်လာခဲ့တဲ့ ဇာတ်လမ်းတွေကလည်း တကယ်ဖြစ်လာခဲ့တယ်။အဲဒီကံကြမ္မာဆိုးကို သူတို့ ဘယ်လို ရှောင်လွှဲကြမလဲ?????ရှောင်လွှဲဖို့ရော ဖြစ်နိုင်ပါ့မလား?????စာအုပ်ကရော ဘာရာဇဝင်တွေ ရှိနေတာလဲ?????ဇာတ်လမ်းက ကြောက်ဖို့ကောင်းသလို ...
movie
Scary Stories to Tell in the Dark (2019)
2019
5.6
Fast Color (2018)
ဒီကားလေးကတော့ သဘာဝလွန်စွမ်းရည်တွေရှိနေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမစွမ်းအားတွေကြောင့်ပဲ မိသားစုနဲ့အိမ်ကို စွန့်ခွာခဲ့ရတယ် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ထွက်ပြေးတိမ်းရှောင်ရင်း နောက်ဆုံးမှာတော့ သမီးလေးနဲ့ အမေဖြစ်သူ ရှိတဲ့ နေအိမ်ကိုပဲ ပြန်ရောက်လာတယ်။ သမီးလေးမှာပါ စွမ်းအားတွေရှိနေမှန်း ရှာတွေ့ခဲ့ရာက ဘာတွေဆက်ဖြစ်လာမလဲ။ ဒရမ်မာဆန်ဆန် သဘာဝလွန်ဇာတ်ကားလေးပါ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Hnyot Myet Wunn ဖြစ်ပါတယ်
movie
Fast Color (2018)
2018
6.6
Girls Trip (2017)
ကောလိပ်မှာအချစ်ဆုံးသူငယ်ချင်းဟောင်းတွေဖြစ်ကြတဲ့ Ryan, Sasha , Lisa နဲ့ Dina တို့တွေဟာကျောင်းပြီးသွားတဲ့အချိန်မှာတော့ တစ်ယောက်တစ်လမ်းဆီခွဲထွက်ပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြပါတယ်အိမ်ထောင်ကျပြီး ကလေး၂ယောက်အမေဖြစ်သွားတဲ့ လီဆာအောင်မြင်တဲ့စာရေးဆရာမ တစ်ယောက်ဖြစ်လာတဲ့ ရိုင်ယန်အတင်းပြောတဲ့ Blog တစ်ခုလုပ်ရင်း ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဆာရှာအရင်ကလိုပဲ ကလေးဆန်နေဆဲဖြစ်တဲ့ ဒီနာ တို့ရိုင်ယန်ရဲ့အလုပ်ကိစ္စတစ်ခုကြောင့် နယူးအော်လန်ကို အတူတူခရီးထွက်ဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်နယူးအော်လန်ကိုရောက်တဲ့အချိန်မှာပဲ ရိုင်ယန်ရဲ့ယောကျာ်းဖြစ်သူ စတီးဝပ် ဖောက်ပြန်နေတာကိုသိခဲ့ကြတယ်သူတို့သူငယ်ချင်းရိုင်ယန်ကို ဘယ်လိုကူညီကြမလဲယောကျာ်းနဲ့ဖောက်ပြန်နေတဲ့ စနိုက်ကြော်မကိုရော ၄ယောက်ပေါင်းပြီး ဘယ်လိုနှိပ်ကွပ်ကြမလဲနယူးအော်လန်မှာ သူငယ်ချင်း၎ယောက်ဘယ်လိုတွေ သောင်းကျန်းကြမယ်ဆိုတာကိုပရိတ်သတ်ကြီး ဆက်ကြည့်ရမှာပါဒီဇာတ်ကားက သူငယ်ချင်းတွေကြားမှာရှိတဲ့ သံယောဇဉ် နဲ့ အချစ် ကို ဖော်ပြတဲ့ဇာတ်ကားဖြစ်ပါတယ်စကားလုံးကြမ်းကြမ်းတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး BFF တွေနဲ့အတူကြည့်ပါ အူတက်အောင်ရယ်ရပါမယ် ?သူငယ်ချင်းတွေကိုချစ်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုပါ ? (ဘာသာပြန်သူကတော ပြည့်စုံပါ) File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : ...
movie
Girls Trip (2017)
2017