Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lorraine Stanley
5.8
100 Streets (2016)
မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်းဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်းတဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကိုပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရောနှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေးပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်ကအရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်းအဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန်ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့ရောသားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခုကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊နောက်တစ်ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်ေလ၊ တစ်ခါထောင်ကျဖူးတဲ့အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက်ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေအကုန်လုံး ဒီပြဿနာဆီကနေဘယ်လိုဖြေရှင်းပြီးရုန်းထွက်နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
100 Streets (2016)
6.9
Suffragette (2015)
ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ်အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ်အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ ...
movie
Suffragette (2015)
6.7
Eden Lake (2008)
Eden Lake (2008)~ IMDb - 6.7/10, Rotten Tomatoes - 80% ~ခရမ်းချဉ်သီး အလုံးရှစ်ဆယ်ရထားတဲ့ Horror ကားဆိုတော့ တော်တော်ကောင်းတဲ့ကားလို့ပြောရပါမယ်။ ကြည့်ပြီးတဲ့သူအနေနဲ့ ညွှန်းရရင်လည်း တော်တော်ကြည့်ကောင်းတာပါပဲ။ သရုပ်ဆောင်တွေကလည်း ရဲလိုးစတုန်းက အဓိကမင်းသမီး၊ ရှားလော့ဟုမ်းထဲက မေရီမော်စတန် Kelly Reilly, သူက ဒန်ဇယ်နဲ့ ဖလိုက်ခ်လည်းရိုက်ဖူးတယ်။ နောက် Michael Fassbender သူတော့ ပြောစရာမလိုလောက်ဘူး။ နောက် သိပ်မကြာသေးခင်ကပဲ SAS: Rogue Heroes မှာ Paddy အဖြစ် ပြန်ကမ်းဘက်ခဲ့တဲ့ ဂျက် အိုကော်နယ်။ သရုပ်ဆောင်တွေကတော့ အလန်းပါပဲ။ဇာတ်လမ်းတော့ လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ ...
movie
Eden Lake (2008)
2008
6.6
(18+)The Receptionist (2016)
"လွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး....." မြန်မာနိုင်ငံစကားနဲ့ပြောရရင်တော့ မာစွပ်ပေါ့ အညောင်းအညာလေးလဲ ပြေမယ်...ကိစ္စဝိစ္စလေးတွေလဲလျှော့လို့ရမယ်အားလုံးက ပျော်စရာတွေချည်းပါပဲ...အဆင်ပြေရင်မုန့်ဖိုးလေးဘာလေးပိုပေးလိုက်ပေါ့ ဒါပေမဲ့ အရာရာတိုင်းမှာ Dark Side ဆိုတာရှိသလို အနှိပ်ခန်းလောကမှာလဲ မမြင်နိုင်တဲ့ နာကျင်မှုတွေ ဝမ်းနည်းစရာတွေ ရှိနေမှာပါပဲ..ကျွန်တော်တို့သာမသိကြတာမလား ခုဇာတ်လမ်းထဲမှာတော့ လန်ဒန်က ထိုင်ဝမ်သူတွေရဲ့ မာဆတ်လောကပေါ့မာဆတ်လုပ်မယ်ဟဲ့ဆိုပြီး လန်ဒန်ရောက်လာတဲ့သူက ခပ်ရှားရှားပါ ချစ်သူကခေါ်လာလို့တို့...ဒီမှာလက်ထပ်ပြီး အခြေချဖို့တို့..အလုပ်ရှာဖို့တို့နဲ့ နောက်ဆုံးတော့ ငွေရလွယ်တဲ့ ဒီဘူတာမှာပဲ လာစိုက်ကြလေသည်ပေါ့မာဆတ်ကစော်လေးတွေရဲ့ ဒရာမာတွေက မရိုးရပါဘူးဆို မြေနိမ့်ရာလှံဝိုင်းစိုက်တဲ့ မဟာပုရိသ သခင်ကြီးများကလဲ မပါမဖြစ်ပါပဲ အားလုံးကငွေဆိုတာအတွက် မလုပ်ချင်လဲလုပ် လုပ်ချင်လဲလုပ်ကြပေါ့ တခါတလေတော့ အဲ့လိုလောဘတွေတက်မနေပဲ ကိုယ့်ရဲ့ရှင်သန်ရာနေရာလေးမှာပဲ ရသမျှနဲ့ရောင့်ရဲတင်းတိမ်ရင်း အေးချမ်းစွာဖြတ်သန်းလိုက်ချင်ပေမယ့် ဘဝဟာအဲ့လိုမလွယ်ကူနေကြောင်း ဒီဇာတ်လမ်းလေးနဲ့ စီးမြောခံစားကြည့်ကြတာပေါ့ File size…1.35GB / 617MB Quality…1080p WEBDL / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie
(18+)The Receptionist (2016)
2016
6.9
Legend (2015)
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ ---------------------------------------------------------- 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါFilesize : 720 MB Quality : WEBRip720p Format : mp4 Run Time : ...
movie
Legend (2015)