Channel Myanmar

Loren Escandon

Shirley (2024)
Shirley (2024)  ဒီဇာတ်ကားလေးကတော့ ၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော လူမဲအမျိုးသမီး ရှာလီ ချီဆန်အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ဗဟုသုတရဖွယ် သမိုင်းကြောင်းဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှာလီချီဆန်ဟာ ဘရွတ်ကလင်က သာမန်လူမဲကျောင်းဆရာမလေးဘဝကနေ လူထုမေတ္တာခံယူရင်းနဲ့ နယူးရော့ခ်ရဲ့ ၁၂ ကြိမ်မြောက် ဗဟိုပြည်နယ်ညီလာခံမှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူမဟာ လူဖြူတွေကြီးစိုးတဲ့ ကျားရဲတွင်းသဖွယ် လွှတ်တော်ထဲမှာ နိုင်ငံသားအခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု အစရှိတဲ့ အဓိကပြဿနာတွေကို ရွပ်ရွပ်ချွံချွံ ဖြေရှင်းဖို့ ကြိုးစားရင်း ပြည်သူ့အကျိုးကို ဒီထက်ပိုပြီး ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ကျားမခွဲခြားမှု ပြင်းထန်နေသေးတဲ့ခေတ်ကာလမှာ လူမဲအမျိုးသမီးဖြစ်တဲ့ သူမဟာ သမိုင်းမှာ မကြုံစဖူး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုအခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမလဲ၊ အနာဂါတ်မျိုးဆက်သစ်တွေကိ ဘယ်လို လမ်းစဖောက်ပေးခဲ့လဲဆိုတာက အားတက်ဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDb မှာ ...
movie

Shirley (2024)

Purple Hearts (2022) 7.2
Purple Hearts (2022) Purple Hearts ( 2022 ) ===================အကောင်းတကော့အကောင်းဆုံး မာစတာပိစ်ကားတွေ စီးရီးတွေကို တင်ဆက်ပေးနေတဲ့ နက်ဖလစ် ရဲ့ အကောင်းစား ရိတ်တင်မြင့် ဒရာမာကားသစ်လေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ နက်ဖလစ်က ထုတ်ရင် မကောင်းတဲ့ကားမရှိသလို ဒီကားကလည်း သူ့ထုတ်တဲ့ကားတွေထဲမှာမှ ရိတ်တင် ၇ကျော်နေတဲ့ ရုပ်ရှင်ပါပဲ။Tess Wakefield ရဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ခပ်ချောချော အမေရိကန်အဆိုတော်မလေး Sofia Carsonက အဆိုတော်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သီချင်းတွေလည်း မနည်းမနောပါတာမို မြူဇစ်ကယ်ဒရာမာကြိုက်တဲ့သူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ မရိန်းတပ်သားလေးတစ်ယောက်ရှိတယ်။ အစက သူက ဆေးသမား နောက်မှဆေးပြတ်ပြီး တပ်သားဖြစ်လာတာ။ သူတိုအိမ်က မျိုးဆက်သုံးဆက်လုံး မရိန်းတပ်သားတွေ။ သူ့အဖေဆို စစ်တပ်ကပေးတဲ့ Purple Heartsဆုကိုရထားတယ်။ တိုက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း ရန်သူကြောင့် ထိခိုက်ဒဏ်ရာရတာတို သေတာတိုဖြစ်ရင်ပေးတဲ့ဆုပေါ့။ ကိုယ့်သေနတ်နဲ့ ကိုယ်ပြန်ပစ်မိရင်တော့ မပေးဘူးပေါ့။ ကံဆိုးချင်တော့ ငနဲက ...
movie

Purple Hearts (2022)