Channel Myanmar

Lonzo Liggins

Riddle of Fire (2024) 6.8
Riddle of Fire (2024)  ဇာတ်လမ်းလေးကတော့ လူစုံရင်ဘယ်လိုမှထိန်းမနိုင်တဲ့ကလေးသုံးယောက်ရဲ့ စွန့်စားခန်းကြီးအကြောင်းကို ရိုက်ကူးပြထားတဲ့ကားလေးပါ...။ဒီကလေးတွေဟာ ၁၂၊ ၁၃အရွယ် ပေါက်စလေးတွေဆိုပေမယ့် ဂိုဏ်းစတားအဘိုးကြီးတွေလို ဆိုင်ကယ်ကိုမှင်သေသေစီး၊ လေသေနတ်ကိုလွယ်၊ မျက်နှာဖုံးစွပ်နဲ့မြို့အနှံ့ပတ်ဆိုးကြတဲ့ ဇိုးလေးတွေပေါ့...။တစ်နေ့ကျတော့ သူတို့ဟာ ဂိမ်းဆော့ချင်လို့ စက်ရုံတစ်ခုမှာဂိမ်းစက်သွားခိုးလာပါတယ်...။အိမ်ရောက်တဲ့အခါ ဂိမ်းဆော့မယ်ကြံတော့ သူတို့အမေကတီဗီကို ပတ်စဝေ့ါခတ်ပြီးသိမ်းထားပါလေရော...။ဒီတော့ အမေ့ဆီမှာ ပတ်စဝေါ့သွားတောင်းတော့ အမေကဘလူးဘယ်ရီပိုင်မုန့်သွားဝယ်လာခဲ့ရင် ပေးမယ်ပြောပါတယ်...။သူတို့ရဲ့စွန့်စားခန်းလေးက ဒီမှာစတယ်ဗျ...။ဘလူးဘယ်ရီပိုင်မု့န်သွားဝယ်ရင်းနဲ့ လမ်းမှာ ဘယ်လိုဇာတ်လမ်းအစုံကြုံရမလဲ...ဒီဇိုးကလေးသုံးယောက်က ကြုံလာသမျှအခက်အခဲတွေကိုမဖြစ်ဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ရာကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်....။ (အညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Themes ဖြစ်ပါတယ်) File size…2.45GB / 1.15GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Riddle of Fire (2024)

Destined at Christmas (2022) 6.8
Destined at Christmas (2022) Destined at Christmas (2022) ======================= IMDb Rating - 6.8/10Black Fridayဆိုတာ အမေရိကန်အခေါ်မှာတော့ ခရစ္စမတ်ကာလ ကျေးဇူးတော်နေ့အလွန် တစ်ရက်(သောကြာနေ့)ကို‌ဆိုလိုပါတယ်။ အဲဒီနေ့ကို ခရစ္စမတ်အတွက် ရောင်းဝယ်ဖောက်ကားတဲ့ရာသီအစလို့ သတ်မှတ်ကြပြီး အရောင်းဈေးတွေလည်း ချပေးကြတဲ့ကာလဖြစ် ပါတယ်။အဲဒီနေ့ မနက်အစောပိုင်းမှာပဲ ကလေးအဖေတစ်ခုလပ် ဖြစ်တဲ့ Theo Hallနဲ့ ရည်းစားဖြစ်သူနဲ့လမ်းခွဲထားတာ လပိုင်းလေးသာ ရှိသေးတဲ့ Kim Fenechတို့ဟာ ဆုံမိကြလေရဲ့။ တစ်မနက်လုံး စကားတွေဖောင် ဖွဲ့ရင်းသံယောဇဉ်တွေ ငြိတွယ်လာသော်ငြားလည်း စတိုးဆိုင်တစ်ဆိုင်ထဲ အဝင်မှာမီးအား ပြတ်တောက်သွားတာကနေ အစပြုပြီး လူချင်းကွဲ သွားကြပါတော့တယ်။ Kimနဲ့ Theoဆိုပြီး နာမည်လေးအစလေးတစ် လုံးသာ သိကြတဲ့ သူတို့နှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ရှာကြဖို့ကြိုးပမ်းတဲ့အခါ ဘယ်လိုဘယ်ပုံတွေဖြစ်လာမှာလဲ။ သူတို့ တတွေရဲ့ မေတ္တာလမ်းခရီးကရော ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကို တော့ဆက်လက်ကြည့်ရှုရမှာပါ။ဒီဇာတ်ကားကိုတော့ Romanceတွေသာရိုက်လေ့ရှိတဲ့ Brittney Wiscombeက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating မှာ 6.8/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hugo ဖြစ်ပါတယ်)File Size..........(789 MB) / (477 MB) Quality............WEB-DL 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar ...
movie

Destined at Christmas (2022)

Falling for Christmas (2022)
Falling for Christmas (2022) လင်ဆေးလိုဟန်ရဲ့ ရုပ်ရှင်ကားသစ်ကို နက်ဖလစ်ကနေ ပြသသွားတာပါ။ဟိုတယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ Sierraဟာ အစစအရာရာ လိုလေသေးမရှိ ကျော့ကျော့မော့မော့ နေခဲ့ရသူတစ်ယောက်ပေါ့။ ခရစ္စမတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာတော့ Sierraခမျာ ရည်းစားဖြစ်သူ Tad Fairchildနဲ့အတူ တောင်ပေါ် ခရီးထွက်ခဲ့ရာက မတော်တဆမှု ဖြစ်ကာ တောင်အောက်ကိုလိမ့်ကျပြီး သတိလစ် အတိတ်မေ့သွားပါတော့တယ်။ သတိလစ်နေတဲ့ Sierraကို North star တည်းခိုရိပ်သာ ပိုင်ရှင်ဖြစ်တဲ့ Jake Russelတစ်ယောက် တွေ့ပြီး ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် အတိတ်မေ့ပြီး ကူကယ်ရာမဲ့နေသူမို့ လောကွတ်ချော်ကာ အိမ်ပေါ်တင် စောင့်ရှောက်ထားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ သံယောဇဉ်တွေ ငြိတွယ်လာရင်း..။တစ်ဖက်မှာတော့ Tadကလည်း ပွန်းပဲ့ဒဏ်ရာ အနည်းငယ်လောက်သာရပြီး အသက်ရှင် ကျန်ခဲ့ပါတယ်။ သို့သော်ငြားလဲ လူသူဝေးရာ တောထဲတောင်ထဲမှာမို့ ဆောက်တည်ရာမရ ဖြစ်ရပြန်ပါတယ်။ဒီဇာတ်လမ်းမှာတော့ လမ်းပျောက်နေတဲ့ Tadနဲ့ အတိတ်မေ့နေတဲ့ Sierraတို့ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြမလဲ။ Sierraတစ်ယောက် မှတ်ဉာဏ် ပြန်ရလာပြီးတဲ့နောက် သူ့ကိုကယ်တင်ခဲ့တဲ့ ကလေးအဖေ မုဆိုးဖို Jakeကိုပဲ ရွေးချယ်လေမလား။ သူဌေးသား ဆိုရှယ်ကြောင် Tadကိုပဲ သစ္စာရှိမှာလား။ လုပ်ငန်းပိတ်သိမ်းရလုနီးပါးဖြစ်နေတဲ့ Tadကရော ဘာတွေ လုပ်မလဲဆိုတာကို နှင်းတွေတဖွေးဖွေးအောက်မှာ ဟာသလေးတွေ နှောပြီး ရိုက်ကူးပြထားတာကို ခံစားကြည့်ရှုကြရမှာပါ။File size…(2.2 GB)/(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p / ...
movie

Falling for Christmas (2022)