Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lonny Ross
Good Luck Chuck (2007)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆုတွေလည်းရရှိထားပါတယ်။ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေးဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီးတွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ...ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆိုတော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေးတွေကလည်းချစ်ဖို့ကောင်းပါတယ်။ ...
movie
Good Luck Chuck (2007)
6.2
Watching the Detectives (2007)
Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။ File size…(1.9 GB)/(960 Mb) Quality….Webrip ...
movie
Watching the Detectives (2007)
4.3
College Road Trip(2008)
College Road Trip (2008)ရုပ်ကြီးမြင်တာနဲ့တင် ရယ်နေရတဲ့ ဟာသမင်းသားကြီး Martin Lawrence သရုပ်ဆောင်ထားတဲ့နောက်ထပ် College Road Trip ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်..........ဒီကားထဲက ဟာသမင်းသားကြီး Martin Lawrence ကိုမသိရင်သာနေမယ်..အူတက်အောင်ရယ်ခဲ့ရတဲ့ သူကားတွေဖြစ်သည့် Blue Streak ,Bad boyတို့ Big Momma’s Houseတို့ကိုတော့ သိမယ်ထင်ပါတယ်..အခုတစ်ခါတစ်မှာတော့ ဒီမင်းသားကြီးဟာ သားသမီးအပေါ်အရမ်းချစ်တတ်ပြီး အရွယ်ရောက်သည့်အထိ ကလေးတစ်ယောက်လို သမီးအပေါ်သဘောထားတဲ့ စိတ်ပူတတ်လွန်းတဲ့ ဖခင်တစ်ယောက်နေရာမှာသရုပ်ဆောင်ထားပါတယ်...သူ့ရဲ့ သမီးကြီးဟာ ကော်လိပ်တစ်ခုတက်ရဖို့အခွင့်အရေးရလာတယ်..ဒီကောလိပ်က သူတို့အိမ်နဲ့ဆို မိုင်(၇၀၀) ခန့်ဝေးပါတယ်....ဒါ့ကြောင့်စိတ်ပူတတ်တဲ့ ဖခင်ဟာသူ့သမီးကိုကျောင်းအထိ ကားနဲ့လိုက်ပို့ဖို့ဖြစ်လာတယ်...လမ်းခရီးအမှာအလွဲတွေနဲ့ ရယ်ရတာတွေတွေ့ရမယ့်အပြင်ဖခင်နဲ့သားသမီးအကြားဆက်ဆံရေးလေးတွေကို ကောင်းမွန်စေဖို့ ပညာသားပါပါလေးတွေပြသသွားတဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးဗျို့....File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:23:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
College Road Trip(2008)
2008