Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lonette McKee
She Hate Me (2004)
ဒီဇာတ်လမ်းမှာတော့ မင်းသား Anthony Mackie က ဂျွန်ဟင်နရီအမ်းစထရောင်းအဖြစ် အဓိကသရုပ်ဆောင်ထားပြီး Kerry Washington ၊ Woody Harrelson နဲ့ Monica Bellucci တို့ကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဂျွန်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒုဥက္ကဋ္ဌဖြစ်ပြီး သူတို့ ကုမ္ပဏီကြီးက AIDS ရောဂါကာကွယ်ဆေးကို ထုတ်လုပ်ဖို့ကြိုးစားနေတာပါ။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်အတွင်း ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေကို ဂျွန်က သိမြင်လာရတဲ့အတွက် အဲ့ဒီကိစ္စတွေကို ကျင့်ဝတ်ဆိုင်ရာထိန်းသိမ်းရေးကော်မတီတစ်ခုကို တိုင်ကြားလိုက်ပါတော့တယ်။ ဒါကြောင့် သူလည်း အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ တစ်ချိန်က ဇနီးအဖြစ်မတော်လိုက်ရတဲ့ ချစ်သူဟောင်း ဖာတီမာက သူ့ဘဝထဲကို ပြန်ဝင်လာပါတော့တယ်။သူတို့ မယူဖြစ်ခဲ့ကြပုံမှာလည်း လက်ထပ်ခါနီးမှာမှ ဖာတီမာက သူမကို သူမ လိင်တူချစ်မြတ်နိုးမှန်းသိလိုက်ရတာကြောင့်ပါ။ ယခုအခါ သူမက သူမရဲ့ လက်ရှိချစ်သူကောင်မလေးနဲ့ တပြိုင်နက် ကိုယ်ဝန်လွယ်ချင်ပြီး ကလေးရဲ့ ...
movie
She Hate Me (2004)
6.4
Gardens of Stone (1987)
မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း ...
movie
Gardens of Stone (1987)
6.5
Jungle Fever 1991
Unicodeဒီရုပ်ရှင်ကတော့ မင်းသားကြီး ဝီစလီစနိုက် နဲ့ ဆမ်မြူရယ်ဂျက်ဆန်တို့ နုစဉ်အခါက ရိုက်ထားတဲ့ ဒရာမာ ကားလေးပါ။ ဒီရုပ်ရှင်လေးက အိမ်ထောင်ရေးပညာပေး ဖြစ်သလို ဆေးစွဲနေတဲ့လူတစ်ယောက်ရဲ့ မိသားစုကို ဒုက္ခပေးပုံအစုံစုံကိုလည်း ပြထားသလို၊ ဆေးသမားတစ်ယောက်က ဆေးသုံးနိုင်ဖို့ ဘယ်လောက်ထိ လိမ်နိုင်ပတ်နိုင်မလဲဆိုတာလည်း တွေ့မှာပါ။ ဇာတ်သိမ်းကတော့ မကောင်းဘူးဆိုတာ တွေ့မှာပေါ့။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မာသာဖာကာကြီး ဆမ်မြူရယ်ရဲ့ မှတ်ကျောက်တစ်ခုလို့ပြောလို့ရပါတယ်။ ဆမ်မြူရယ်တစ်ယောက် ဆေးစွဲပြီးမြောင်းထဲရောက်ခဲ့တဲ့ ဘဝကနေ ဆေးဖြတ်ပြီးခါစမှာပဲ ဒီရုပ်ရှင်မှာ ဆေးသမားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒီအတွက်ပဲ သူအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလူမည်းအမျိုးသား ဖလစ်ပါက ချစ်ရတဲ့ဇနီးနဲ့ ကလေးနဲ့ အိမ်ထောင်ရှင်ကောင်း တစ်ဦးပေါ့။ တစ်ရက်မှာ သူ့ရဲ့အတွင်းရေးမှူး လူဖြူမလေး အန်ဂျီနဲ့ ဖောက်ပြန်မိသွားတယ်။ ဒီသတင်းက အကြောင်းကြောင်းနဲ့ သူ့အိမ်သူ ဒရူးဆီ ပေါက်သွားတဲ့နောက် အိမ်ပေါ်ကနေ နှင်ချခံရတယ်။ အဲဒီကာလက လူဖြူလူမည်း ...
movie
Jungle Fever 1991