Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lolita Davidovich
7.0
The Longest Ride (2015)
" လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင်သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် "ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါအမျိုးအမျိုး ပြောကြပါလိမ့်မယ်ရိုးရှင်းလွန်းတဲ့ အချက်ကတော့ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲပျော်ရွှင်ရတာပါပဲ....The Longest Ride ကို ကြည့်မိတဲ့ အခါနွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ်အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါလူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ်ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး...ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါနွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ်အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေအိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် ...
movie
The Longest Ride (2015)
6.6
Dark Blue (2002)
အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie
Dark Blue (2002)
5.7
Finestkind (2023)
Finestkind (2023) ============= Crime, Drama, ThrillerWednesday မင်းသမီး Jenna Ortega အပြင်... နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommy lee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီး အကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါး ဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိ ပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝ ကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူ စွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက် လာခဲ့ပါတယ်။အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်း ကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့ အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေ ဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိ ကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ် ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထား သလောက် မရိုးရှင်းတော့ပါဘူး။သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို (၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကား ကောင်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, ...
movie
Finestkind (2023)
2023
8.0
JFK(1991)
JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie
JFK(1991)
7.4
Gods and Monsters (1998)
(Unicode)Gods And Mosnsters (1998) ဆိုတဲ့ Biography, Drama ဇာတ်ကားက အကျော်ကြားဆုံး Horror ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ဖရန်ကင်စတိန်းရဲ့ မကောင်းဆိုးရွားကြီးကို စာအုပ်ထဲကနေဆွဲထုတ်ပြီး ပိတ်ကားပေါ်ကို တင်ပေးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစ်ဝေးလ်နောက်ဆုံးနေ့ရက်တွေအကြောင်းကို စိတ်ကူးယဉ် ရိုက်ကူူးထားတာဖြစ်ပါတယ်။သူက လိင်တူချစ်သူတစ်ယောက်ဖြစ်တဲ့အတွက် ရုပ်ရှင်အသိုင်းအဝိုင်းကနေ တွန်းထုတ်ခံရလို့ စောစောစီးစီး အနားယူခဲ့ရသူပါ။အသက်အရွယ်ရလာတဲ့အချိန်မှာ ဖြစ်တတ်တဲ့ နှလုံးဖောက်တာမျိုးဖြစ်ပြီးတဲ့နောက်မှာ သူ့ခေါင်းထဲကအတွေးတွေကို ရပ်လို့မရဘဲ ဆက်တိုက်ဖြစ်နေပြီး အတိတ်နဲ့ပစ္စုပ္ပန်မခွဲခြားနိုင်ဖြစ်လာပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့ ခြံအလုပ်သမား ကလေးဘွန်းရဲ့ ပုံတူကိုဆွဲပြီး စိတ်ငြိမ်အောင် ထိန်းဖို့လုပ်ပေမဲ့သူ့ရဲ့အတိတ်ကမကောင်းဆိုးရွားတွေက ဆက်တိုက်ခြောက်လှန့်နေခဲ့ပါတယ်။မကောင်းဆိုးရွားဇာတ်ကောင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး သူ့ခေါင်းထဲကမကောင်းဆိုးရွားတွေကို အနိုင်ယူပြီး အေးအေးချမ်းချမ်း အနားယူသွားတာကို ပြထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…(Zawgyi)Gods And Mosnsters (1998) ...
movie
Gods and Monsters (1998)
5.5
Sorry for Your Loss (2018)
မကြာသေးခင်ကမှ ကလေးအဖေ ဖြစ်လာတဲ့ ဖခင်အသစ်လေး ကန် တစ်ယောက် ကလေး ဘယ်လိုထိန်းရမယ် ဆိုတာ သဘောမပေါက်သေးသလို ညစာလဲ ငတ်နေပါသေးတယ် ဒါကတော့ ကလေးရှိတဲ့ မိဘ တိုင်း ညစာ ငတ်တာပါပဲ :P စိတ်ဒုက္ခတွေ ရော အနှောက်အယှက်တွေရော ၀င်ပြီးတဲ့ နောက် တစ်ရက်မှာတော့ မထင်မှတ်ထားတဲ့နေရာက ဖုန်းတစ်ခုဝင်လာပါတယ် ကန် ရဲ့ အမေ ဆီက ဖြစ်ပြီး ကန် ငယ်ငယ်ထဲက ထွက်သွားတဲ့ သူ့ အဖေ ဆုံးသွားပြီ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်... ကန် အတွက်ကတော့ ဘာမှ မခံစားရသလိုပဲ သူ့အလုပ် သူ ဆက်လုပ်နေပါတယ်.... အသုဘ သွားရင်ကောင်းမလား လို့ မိန်းမဖြစ်သူကို သွားမေးတော့ ရှင့် အဖေ မဟုတ်ဘူးလား ဆိုပြီး မဆီမဆိုင် မိန်းမ က ၀မ်းနည်းပြီး ငိုပါလေ ရော ဒါနဲ့ ကန် တစ်ယောက် မချစ်တဲ့ အဖေ ရဲ့ အသုဘ ကို အမေ နဲ့ အတူ ရောက်သွားတယ် ဆိုပါတော့ ကန် အတွက် ကံ ကောင်းတာက တော့ သူ့အဖေ က တစ်ဦးထဲသော သားအတွက် အမွေ ချန်ထားပေးခဲ့ပါတယ် အဲ့ဒီ အမွေက ...
movie
2018