Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lola Kirke
5.8
Song One (2014)
သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 26m Genre ...
movie
Song One (2014)
8.1
Gone Girl (2014)
IMDb Rating 8.1 / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ ...
movie
Gone Girl (2014)
4K HEVC
6.1
Dreamland (2019)
Dreamland (2019)==============IMDb Rating - 6.1/10#UnicodeDreamland ဒီဇာတ်ကားလေးကတော့ ကားနာမည်လေး အတိုင်းပါပဲ အိမ်မက်ကမ္ဘာ တစ်ခုကိုရောက်သွားသလိုပါပဲ။ စိတ်ကူးယဥ်ဆန်ဆန် ကြည့်ရမယ့် ကားလေးပါ။ ဂီတသမားတစ်ယောက်ရဲ့စိတ်ကူးယဥ်ဆန်ဆန် အိမ်မက်ထဲ ကြေးစားဂီတသမား အလုပ်လုပ်ရာကနေ သူ့ပရိသတ်က မင်္ဂလာပွဲအတွက်ငှားပြီး . . . သူ့ရဲ့လက်သန်းကို လိုချင်တာကြောင့် ကြေးစားလူသတ်သမား ငှားရမ်းထားခဲ့ပါတယ်။ဒါပေမယ့် လူသတ်သမားနဲ့လည်း သူငယ်ချင်းဖြစ်ပြီး သူ့အသက်အန္တရာယ် အတွက် ဥာဏ်နီဥာဏ်နက်သုံးပြီး ဖြေရှင်းပုံတွေကို ခံစားရမှာပါ။ တကယ်ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားပါ စိတ်ကူးယဥ်ဆန်တတ်သူတွေ ကြည့်သင့်တဲ့ ကားတစ်ကားဆို ပိုမှန်ပါလိမ့်မယ်။ ဂီတပညာရှင်ဟာ ဘယ်လို လူမျိုး ကြေးစားလူသတ်သမားဟာ ဘယ်လိုလူမျိုး သူ့ကို သတ်ချင်တဲ့ သူ့ပရိသတ်ဟာ ဘယ်လိုလူမျိုးလဲ ဘာတွေဆက်ဖြစ်မလဲကို သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thinzar Lwin ပဲဖြစ်ပါတယ်။)#ZawgyiDreamland ဒီဇာတ်ကားလေးကတော့ ကားနာမည်လေး ...
movie
Dreamland (2019)
2019
6.5
Lost Girls(2020)
movie
Lost Girls(2020)
6.8
American Woman (2018)
American Woman (2018) IMDb - 6.8/10_____Rotten - 88% မိသားစုဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အပြင် မိန်းကလေးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ အသက်ဆယ့်ခြောက်နှစ်နဲ့ကိုယ်ဝန်ရခဲ့ပြီး သမီးလေးတစ်ယောက်မွေးထားပေမယ့် အဲဒီသမီးကလည်းငယ်ငယ်နဲ့ကလေးတစ်ယောက်ရလာတော့ မြေးကိုပါထိန်းနေရတဲ့ သက်လတ်ပိုင်းမိန်းမတစ်ယောက်ရဲ့ဘဝအခြေအနေတွေ နေထိုင်မှုပုံစံတွေကိုသေသေချာချာရိုက်ပြထားတာပါ တစ်ရက်သူ့သမီးကကောင်လေးနဲ့ညစာထွက်စားပြီးပျောက်သွားတဲ့အခါမှာတော့ သူ့သမီးကိုလည်းရှာရ မြေးကိုလည်းထိန်းရ ဒီကြားထဲသူ့ရဲ့ပင်ကိုယ်စရိုက်အရယောကျာၤးတွေတစ်ယောက်ပြီးတစ်ယောက်နဲ့တွဲ တွဲသမျှယောကျာၤးတိုင်းရဲ့အနိုင်ကျင့်တာခံလိုက်ရ ထားသွားတာခံလိုက်ရနဲ့သူ့ရဲ့ဘဝကိုလက်လွှတ်အရှုံးပေးချင်ပေမယ့်လည်း သူ့သမီးကိုရှာတာကလည်းလက်မလျော့ မြေးကိုလည်းမထားခဲ့နိုင်နဲ့ နောက်ဆုံးသူ့ရဲ့မျှော်လင့်ချက်သမီးသတင်းကိုကြားရတဲ့အချိန်မှာ သတင်းကောင်းဖြစ်မလား သတင်းဆိုးဖြစ်မလား သူ့ဘဝကိုရော သူဒီအတိုင်းဆက်သွားပြီနေမလား ဘာတွေဘယ်လိုသူဆက်လုပ်မလဲဆိုတာကို ကြည့်ရှုရမှာပါ File Size : (1 GB) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin
movie
American Woman (2018)
2018
6.0
Untogether(2018)
Untogether(2018)IMDb..7.0ဒီကားက စာရေးဆရာမနဲ့ ဂျာနယ်လစ်ဖြစ်တဲ့ Emme Forrestရဲ့ ကိုယ်တိုင်းရေး ကိုယ်တိုင်ရိုက်တဲ့ ပွဲဦးထွက်ကားပါ။ဇာတ်လမ်းကတော့ နည်းနည်းဆန်းပြားတဲ့ ဘဝလေးခုအကြောင်းပါ။ စာရေးတဲ့အလုပ်မှာ တကယ်ပါရမီပါတဲ့ စာအုပ်တစ်အုပ်ထုတ်ထားပြီး အဆိုပါစာအုပ်ကို ဘာသာပေါင်းများစွာ ပြန်ဆိုခံထားရတဲ့ စာရေးဆရာမတစ်ယောက်ရယ်... သူ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဇာတ်လမ်းရေးရင်း Best sellerဖြစ်သွားတဲ့ ဆရာဝန်တစ်ယောက်ရယ်ရဲ့ အချစ်ဇာတ်လမ်းနဲ့.... ရော့ခ်ကာဟောင်း ဆေးသုတ်သမားလုပ်နေတဲ့ လူလတ်ပိုင်း လူအိုတစ်ယောက်ရယ်... ၂၃နှစ်အရွယ်ဂျူးဘာသာရေးသက်ဝင်ယုံကြည်တဲ့ Beauty Spa မှာအလုပ်လုပ်တဲ့ကောင်မလေး တစ်ယောက်ရယ်ရဲ့ အချစ်ဇာတ်လမ်းတို့ကို ဇာတ်ကောင်များကြားက Chemistryကို သေချာတည်ဆောက်သွားပြီး ဘဝလေးခုကြားက သမားရိုးမကျသလိုလို သမားရိုးကျနေတဲ့ အဖြစ်အပျက်အချို့အကြောင်းကို မရိုးရှင်းလှတဲ့ဇာတ်အိမ်ဆန်းဆန်းကလေးထဲ ဆန်းဆန်းပြားပြား Dialougeတွေနဲ့ ပစ်ထည့်သွားပါတယ်။ ကျွန်တော်တို့မဟုတ်တဲ့ လူတွေရဲ့အကြောင်း ဘဝတွေရဲ့အကြောင်း အချစ်ဇာတ်လမ်းတွေအကြောင်းကို ခံစားချက်များစွာအတွက်.... ခံစားကြည့်မယ်ဆိုရင် ခံစားလို့ကောင်းမဲ့ Dramaကားကောင်းလေးဖြစ်ပါတယ်။Fifty Shades ကားတွေရဲ့ Lead Actor Jamie Donanကိုသုံးထားတဲ့အပြင် ဒီကားထဲက Main Cast ညီအမကိုလည်း တကယ့်ဘဝမှာ ညီအစ်မအရင်းတွေဖြစ်တဲ့ Lola and Jemima Kirkeတို့ကိုသုံးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းနဲ့ဒါရိုက်တာဖြစ်တဲ့ Emma Forrestဟာ ဂီတဂျာနယ်လစ်ဖြစ်တဲ့အတွက် ဒီကားမှာ သီချင်းများစွာ ဂီတအဖွဲ့များစွာကို Refယူထားတဲ့အပြင် သီချင်းများစွာကိုသုံးထားပါတယ်။ R rateဖြစ်တဲ့အတွက် Eroticအခန်း အနည်းငယ်ပါပါမယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ WiRa Aungပဲဖြစ်ပါတယ်...File Size : (850 MB) and (300 MB) Quality ...
movie
Untogether(2018)
2018
6.2
Gemini (2017)
March 12, 2017 မှာ ကနေဦးထွက်ရှိခဲ့တဲ့ အမေရိကားမှာ ထွက်ရှိခဲ့တဲ့ဒီ Gemini ဆိုတဲ့ကားလေးကတော့ Mystery & Thriller ကားအမျိုးအစားလေးဖြစ်ပါတယ်။ဒီကားရဲ့ ဇာတ်ညွန်းရော ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး Director လည်းဖြစ် Film maker လည်းဖြစ်တဲ့ဒါရိုက်တာ Aaron Katz ဖြစ်ပါတယ်။ဒါရိုက်တာ Aaron Katzဟာနာမည်ကြီးFilm maker တစ်ဦးဖြစ်ပြီးသူတွွဲဖက်ရိုက်ကူးခဲ့တဲ့ 2014 ခုနှစ်က ထွက်ရှိခဲ့တဲ့ Land Ho! ဆိုတဲ့ဇာတ်ကားဟာ ဆုတွေအများကြီးသိမ်းပိုက်ရရှိခဲ့ပါတယ်။အခု ဒီဇာတ်ကားဟာလည်း Locarno International Film Festival မှာ The Best Direction Award ချီးမြှင့်ခြင်းခံရတဲ့ ကားကောင်းလေးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဒီကားရဲ့ Cinematography ဆိုတဲ့ ရုပ်ရှင်အတတ်ပညာပိုင်းနဲ့ဆိုင်တဲ့ရိုက်ကူးမှုဆိုင်ရာတွေအရကြောင့်ပါ အမေရိကန်မှာအောင်မြင်ကျော်ကြားခဲ့တဲ့ နောက်အကြောင်းအရင်းတခုဖြစ်ပါတယ်။ဒီကားဟာဘာကြောင့်အောင်မြင်ခဲ့သလဲဆိုတဲ့နောက်တချက်ကတော ့ ဒီကားရဲ့ထဲမှာပါတဲ့သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Lola Kirke နောက်တစ်ဦးကတော့ အမေရိကန်မင်းသမီးလည်းဖြစ် ...
movie
Gemini (2017)
2017
7.3
American Made (2017)
Online Shopping တွေကနေ ပစ္စည်းမှာရင် Delivery လာပို့တဲ့သူတွေကို သိကြမှာပါ။ ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားက မကြည့်မဖြစ် ကြည့်ရှူ့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 1980 မတိုင်ခင်ကစပြီး အမေရိကန်နိုင်ငံတွင်းကို အမေရိကအလယ်ပိုင်းကနေတဆင့် တရားမဝင်မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာကြပါတယ်။ အဲ့ထဲမှာ သမီးဖြစ်သူ ဆောင်းတွင်း အရမ်းချမ်းလို့ ဒေါ်လာ ၂ သန်းကို မီးရှို့ပြီး အနွေးဓာတ်ရအောင်လုပ်ပေးဖူးတယ်ဆိုတဲ့ နာမည်ကျော်မူးယစ်ရာဇာကြီး Pablo Escobar လဲ အပါအဝင်ပါပဲ။ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ...
movie
American Made (2017)
2017
5.4
Fallen (2016)
Fallen (2016)_____IMDb - 5.4/10 Fallen 2016 ကားလေးကတော့ ဘုရားသခင်ကို လူစီဖာပုန်ကန်တဲ့အခါ ဘယ်ဘက်ကိုမှမရွေးခဲ့ပဲ ကြားနေခဲ့တဲ့ နတ်သားတစ်ပါးအကြောင်းပါ။ တိုက်ခိုက်ယူရလောက်အောင်အရေးကြီးတာ ချစ်ခြင်းတရားဆိုတဲ့သူ့ရဲ့ခံယူချက်ကြောင့် ကောင်းကင်ဘုံကနှင်ထုတ်ခံလိုက်ရပါတယ်။ နှင်ထုတ်ခံရပြီး ကမ္ဘာမြေပေါ်မှာ တခြားနတ်သက်ကြွေခဲ့ရတဲ့နတ်သားတွေနဲ့အတူ လူသားတွေနဲ့ရောနှောပြီးနေထိုင်ခဲ့ကြပါတယ်။ တစ်နေ့တော့ သူအယောင်ဆောင်တက်နေတဲ့ကျောင်းကို လုစ်ဆို တဲ့ကောင်မလေးတစ်ယောက်ပြောင်းလာခဲ့ပါတော့တယ်။ သူနဲ့ လုစ်ကြားက ဆက်နွှယ်မှုတွေ၊ကျိန်စာတွေ၊သူအလေးထားတဲ့ချစ်ခြင်းတရားတွေကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ပြထားတဲ့ကားလေးပါ။ပေါ့ပေါ့ပါးပါးနဲ့ လူငယ်Romance ကားလေးတွေကြည်ချင်သူတွေအဖို့တော့ အံကိုက်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အေးမွန်ကျော်ပဲဖြစ်ပါတယ်) File Size : 702 MB Quality : Bluray 720P Running Time : 1hr 31minutes Format : Mp4 Genre : Drama, Fantasy, Romance Translator : Aye Mon Kyaw Encoder :Thanhtike Zaw
movie
Fallen (2016)
2016