Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Lois Smith
6.0
A Dog Year (2009)
ဒီတစ်ခါတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ A Dog Year ဆိုတဲ့ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကတော့စာရေးဆရာ Jon Katz ရေးထားတဲ့ A Dog Year စာအုပ်ကိုပဲဇာတ်လမ်းပြန်ရိုက်ထားတာဖြစ်ပါတယ်..ဇာတ်လမ်းလေးကတော့ စာရေးဆရာJon Katz တစ်ယောက်သူ့ရဲ့စာဖတ်ပရိသတ်တစ်ယောက်ဆီကနေ သိုးထိန်းခွေးတစ်ကောင်မွေးပေးဖို့ တောင်းဆိုချက်ကို လက်ခံလိုက်မိတာကနေစတာပါပဲ နဂိုလည်းခွေးနှစ်ကောင်ရှိပြီသား ခွေးချစ်တတ်သူစာရေးဆရာဖြစ်လို့ အိမ်တွင်းညှင်းပန်းနှိပ်စက်ခံထားရတဲ့ ခွေးတစ်ကောင်အရမ်းသောင်းကျန်းနေလို့ စာဖတ်ပရိသတ်တစ်ဦးက မွေးပေးဖို့တောင်းဆိုခဲ့တာပါ ဒါပေမဲ့ စာရေးဆရာကိုယ်တိုင်က Mid life Crisis တွေဖြစ်စာမရေးချင်ဖြစ်လို့ စာအုပ်တိုက်တွေကပူညံပူညံလုပ်နေချိန်ပါထိန်းမနိုင်သိမ်းမရခွေးတစ်ကောင်အသစ်ရလာတော့ အတော်ကွိုင်ပါတော့တယ်..ခွေးချစ်သူ စာရေးဆရာလူ့ဂွစာတစ်ယောက် ဒီခွေးနဲ့အတူတူ သူ့ဘဝသူ့လူနေမှုပတ်ဝန်းကျင်အသိုက်အဝန်းမှာ ကောင်းကောင်းဖြတ်သန်းနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားမှာကြည့်ရှူရမှာပါဒါရိုက်တာ Gegore LaVoo ရိုက်ကူးထားပြီး Jon Katz နေရာမှာသရုပ်ဆောင်ထားကတော့ Crazy Heart ဇာတ်ကားနဲ့ အော်စကာဆုရထားတဲ့ မင်းသားကြီး Jeff Bridges ပဲဖြစ်ပါတယ်( မသိတဲ့သူတွေအတွက်ကတော့ Iron man, Tron, Kingsman ဇာတ်ကားတွေမှာမြင်ဖူးကျမှာပါ) File ...
movie
A Dog Year (2009)
6.3
Marjorie Prime (2017)
ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကိုသူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေဇာတ်လမ်းကိုစတည်ထားပါတယ်။မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်းဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီးIMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက်ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size… 1.5 GB / 569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Marjorie Prime (2017)
2017
7.8
East of Eden (1955)
East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie
East of Eden (1955)
1955
6.9
Fatal Attraction (1987)(18+)
IMDb - 6.9 , RT - 74%( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ " အိမ်ထောင် "ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ...
movie
Fatal Attraction (1987)(18+)
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
5
Mack & Rita (2022)
Mack & Rita ( 2022 )" ကျောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်။ လူတိုင်း ချို့ယွင်းချက်ရှိမယ်။ သဘာဝရဲ့သဘောတရားတစ်ခုပါပဲ။ "စိုင်းခမ်းလိတ် သီချင်းစာသားလေးလိုပဲ လူတိုင်းက ခြောက်ပြစ်ကင်းနေမကြဘူး။ ဒီလိုပဲ နေလာရင်းနဲ့ တစ်ဖက်သားအလိုနဲ့ ကိုယ့်ဖြစ်တည်မှုက လွဲချော်နေတဲ့အခါတွေမှာ ကိုယ့်ဖြစ်တည်မှုကိုယ်စိတ်တိုင်းမကျဖြစ် သိမ်ငယ်ရတဲ့အဖြစ်မျိုးတွေ လူတိုင်းနဲံမကင်းတတ်ပါဘူး။ လူတွေဟာ ဒီလိုပဲလို့ သိထားလည်း လက်တွေ့ကျင့်သုံးဖို့ မလွယ်တတ်တဲ့ အခြင်းအရာပေါ့။ ဒီရုပ်ရှင်က ဒီအခြေအနေနဲ့ကြုံနေရတဲ့ အသက်၃၀ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အသက်တော့၃၀ ဒါပေမဲ့ အကြိုုက်တွေ နေပုံထိုင်ပုံတွေက အဘွားကြီးဆန်တယ်။ သူ့ဘဝမှာဘာဖြစ်လဲဆို သူ့အဘွားလိုဖြစ်ချင်တယ်ပဲပြောတတ်တယ်။ သို့ပေမဲ့ သူငယ်ချင်းတွေကြား လူပေါင်းဆံ့အောင် သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာပေါ့။ တစ်နေ့ကျ ထူးခြားစွာနဲ့ပဲ သူအဘွားကြီး တကယ်ဖြစ်သွားခဲ့တယ်။ အဲဒီကနေမှ သူတကယ်ဖြစ်ချင်တာက အသက်ကြီးတာလား သူ့ဖြစ်တည်မှုအတိုင်းသူနေချင်တာလားဆိုတာကို သူပြန်အဖြေရှာရတဲ့ ဇာတ်လမ်းပေါ့။မင်းသမီးကတော့ ဝူဒီအယ်လန်ရဲ့ Annie Hallတို့ မန်ဟက်တန်တို့ နောက် ဂေါ့ဖားသားလိုကားမျိုးတွေမှာ သရုပ်ဆောင်ဖူးပြီး အော်စကာပွဲကိန်းပွဲလို ...
movie
Mack & Rita (2022)
7.6
Falling Down (1993)
Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Falling Down (1993)
The French Dispatch (2021)
The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပနေပြီဆိုရင် Director Wes Andersonရဲ့လက်ရာတွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကားတွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်တွေ့ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်နေရသလို ခံစားချက်မျိုး ရစေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ နောက်ထပ် ရုပ်ရှင်မဟုတ်သောရုပ်ရှင်၊ ပြဇာတ် မဟုတ်သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းကတော့ Andersonရဲ့ ဝတ္ထုတိုတွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်းလောကကို နှစ်ခြိုက်မှုအပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Castတွေကလည်း ပြေးကြည့်စရာမလိုအောင်ကို ဒိတ်ဒိတ်ကြဲဖြစ်တဲ့၊ သူ့လက်စွဲတွေ ဖြစ်တဲ့ - ...
movie
The French Dispatch (2021)
2021
7.1
Uncle Frank(2020)
Uncle Frank(2020)IMDb...7.1,,,,,Rotten...85%ဘက်ဆိုတဲ့ကောင်မလေးမှာ ရည်မွန်လှတဲ့ဖရန့်ဆိုတဲ့ဉီးလေးတစ်ယောက်ရှိတယ်...ပညာထူးချွန်တယ်...စာပေဗဟုသုတပြည့်စုံသလို ကြင်နာသနားတတ်တဲ့ဟန်ကြောင့်ဘက်က သူ့ဉီးလေးကို သဘောလည်းကျသလို အားလည်းအားကျတယ်...ခက်တာက ဒီလိုမျိုးဉီးလေးကို ဘက်ရဲ့အဘိုး (ဖရန့်ရဲ့အဖေ)က ခါးခါးသီးသီးပဲ...မိသားစုထဲမှာ ဖရန့်တစ်ယောက်ကိုပဲ အဘိုးဖြစ်သူက လျှစ်လျူရှုထားတာ...မိသားစုဝင်တော်တော်များများကလည်းအဖေနဲ့သားကြားက ြပဿနာကို အတိတ်နိုင်ဆုံးထိန်းညှိရင်း မသိချင်ယောင်ပဲဆောင်နေကြတယ်....ဒီလိုနဲ့ဖရန့်လည်း တခြားမြို့တစ်မြို့မှာ ပါမောက္ခအဖြစ်နဲ့အသက်မွေးနေလေရဲ့...အဲ့ဒီမြို့မှာပဲ သူ့တူမလေး ဘက်ကကျောင်းတက်နေတယ်...၄နှစ်အကြာမှာတော့ ဖရန့်ရဲ့အဖေဆုံးလို့ ဇာတိမြို့လေးကို ပြန်ဖို့အကြောင်းဖန်လာတယ်..တူဝရီး(၂)ယောက်တူတူပြန်ကြတာပေါ့...အဲ့ဒီနောက်မှာတော့ ဖရန့်ရဲ့ မိသားစုမယ် ဖယ်ကျဉ်ခံထားရတဲ့အကြောင်းတွေကိုတစ်စ တစ်စ သိလာရပါတော့တယ်...ဒီကားက Dramaဖြစ်နေပြီး အညွှန်းအရ အနည်းငယ်ဇာတ်အေးကြီးလို့ထင်ရပေမဲ့ဒီဇာတ်ကားထဲကလို ြဖစ်စဉ်တွေ ကျွန်တော့်တို့ နိုင်ငံမိသားစုဝင်တွေအများကြီးမှာဖြစ်နေရတာပါ..ကျွန်တော်တို့လက်တစ်ကမ်းအကွာမှာပဲ ဒီလိုမျိုးတွေကြုံတွေ့နေရပါတယ်...ခံစားကြည့်ကြပါဉီးဗျို့... File Size :(884MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie
Uncle Frank(2020)
5.2
Tesla (2020)
ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်းကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါတခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတောင်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင်ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင်ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့်တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က'မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ'ဆိုပြီးလျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါအယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီးသေစေတဲ့အကွက်တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ...
movie
Tesla (2020)
7.8
Lady Bird (2017)
Imdb - 7.8 Rotten Tomatoes - 99% ---------------------------------------------- သားသမီးတွေနဲ့ မိဘတွေ ကတောက်ကဆအဖြစ်ဆုံးအရွယ်က အထက်တန်းကျောင်းသူကျောင်းသားအရွယ်ဆိုတာ အားလုံးလက်ခံကြမှာပါ။ လူပျိုပေါက်၊ အပျိုပေါက်ဖြစ်လာတဲ့အရွယ်မှာ လွတ်လပ်ခွင့်တွေ အရင်ထက်ပိုလိုချင်လာကြတယ်၊ ကိုယ် ဘာလုပ်လုပ်အမှန်ပဲထင်တတ်ကြတယ်။ မိဘကလဲ ဒီအရွယ်ဆို သေးသေးလေးကအစ အပြစ်လိုက်ပြောတတ်၊ သားသမီးမပျက်စီးအောင်ဆိုပြီး ထိန်းချုပ်မှုတွေလုပ်တတ်တဲ့အခါ သားသမီးနဲ့မိဘတွေကြား နားလည်မှုလေးတွေလွဲတတ်ကြပါတယ်။ ခရစ္စတင်းဆိုတဲ့ ကောင်မလေးဟာ သူ့ကိုယ်သူ "ငှက်မဒီ" လို့နာမည်ပေးထားပါတယ်။ ငှက်မဒီတို့ မိသားစုက သူဌေးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး ငှက်မဒီကတော့ ကတ်သလစ်အထက်တန်းကျောင်း တက်ပါတယ်။ ငှက်မဒီရဲ့ မိဘတွေဟာ ငွေရေးကြေးရေး မချောင်လည်ပေမယ့် ဆက်ကျော်သက်အရွယ် ဟော့ဟော့ရမ်းရမ်းနေချင်၊ ပျော်ပါးချင်တဲ့ ငှက်မဒီ လိုအပ်သမျှကိုတော့ တတ်နိုင်သလောက်ဖြည့်ဆည်းပေးပါတယ်။ မြန်မာပြည်မှာ ၁၀ တန်းအောင်ပြီးရင် တက္ကသိုလ်ရွေးကြသလိုမျိုး ငှက်မဒီတစ်ယောက် အထက်တန်းကျောင်းအောင်သွားတဲ့အခါ ကိုယ်တက်ချင်တဲ့ကောလိပ်ရွေးရပါတော့တယ်။ အစကတည်းက အချစ်ကြီးပြီး အစိုးရိမ်လွန်တတ်တဲ့ အမေဖြစ်သူဟာ ငှက်မဒီလေးကို အိမ်နားအနီးတစ်ဝိုက်က ကျောင်းမှာပဲ တက်စေချင်ခဲ့ပေမယ့် ငှက်မဒီကတော့ ...
movie
Lady Bird (2017)
2017
6.4
Twister (1996)
Twister (1996) IMDb - 6.4/10_____Rotten - 58% သာယာတဲ့မိသားစုလေးတစ်စုရှိတယ်....တစ်နေ့တော့ လေမုန်တိုင်းကြီးတစ်ခုဟာသူတို့နေတဲ့ နယ်မြို့လေးကို ဖြတ်တိုက်သွားတယ် မိသားစု ၃ဦးရှိတဲ့အထဲက အဖေကိုလေမုန်တိုင်းကြီးက ဝါးမြိုသွားတယ်...... အမေနဲ့သမီးပဲကျန်ခဲ့လေရဲ့ ....သမီးဖြစ်သူဟာ သူ့မျက်စိရှေ့တင် မုန်တိုင်းနဲ့ပါသွားတဲ့အဖေကိုတွေ့ မြင်ခဲ့လေတော့ စိတ်ဒဏ်ရာရခဲ့တယ်....သူမဟာ အရွယ်ရောက်လာတော့ မုန်တိုင်းလိုက်မုဆိုးဖြစ်လာတယ်... မုန်တိုင်းမလာခင် ၃မိနစ်ပဲမိုးလေဝသဌာနက ကြိုတင်သတိပေးနိုင်တော့ ပြည်သူတွေအတွက် အချိန်မလုံလောက် ဘူး ဒါကြောင့် အသက်တွေဆုံးရှုံး စီးပွားတွေပျက်စီးရတယ် သူမဟာ သတိပေးချိန်များများရအောင် တွက်ချက်နိုင်ဖို့ကြိုးစားတယ်....သူမနဲ့သူ့ချစ်သူကောင်လေးနဲ့အသက်အန္တရယ်တွေကြားကကြိုးစားပုံတွေ ကို ရင်တထိတ်ထိတ်နဲ့ကြည်ရမှာဖြစ်ပြီး ကြည်နူးဖွယ် အချစ်ဇတ်လမ်းလေးကိုပါ ခံစားရမှာပါ.. သာယာတဲ့မိသားစုလေးတစ်စုရှိတယ်....တစ်နေ့တော့ လေမုန်တိုင်းကြီးတစ်ခုဟာသူတို့နေတဲ့ နယ်မြို့လေးကို ဖြတ်တိုက်သွားတယ် မိသားစု ၃ဦးရှိတဲ့အထဲက အဖေကိုလေမုန်တိုင်းကြီးက ၀ါးမြိုသွားတယ်...... အမေနဲ့သမီးပဲကျန်ခဲ့လေရဲ့ ....သမီးဖြစ်သူဟာ သူ့မျက်စိရှေ့တင် မုန်တိုင်းနဲ့ပါသွားတဲ့အဖေကိုတွေ့ မြင်ခဲ့လေတော့ စိတ်ဒဏ်ရာရခဲ့တယ်....သူမဟာ အရွယ်ရောက်လာတော့ မုန်တိုင်းလိုက်မုဆိုးဖြစ်လာတယ်... မုန်တိုင်းမလာခင် ၃မိနစ်ပဲမိုးလေ၀သဌာနက ကြိုတင်သတိပေးနိုင်တော့ ပြည်သူတွေအတွက် အချိန်မလုံလောက် ဘူး ဒါကြောင့် အသက်တွေဆုံးရှုံး စီးပွားတွေပျက်စီးရတယ် သူမဟာ သတိပေးချိန်များများရအောင် တွက်ချက်နိုင်ဖို့ကြိုးစားတယ်....သူမနဲ့သူ့ချစ်သူကောင်လေးနဲ့အသက်အန္တရယ်တွေကြားကကြိုးစားပုံတွေ ကို ရင်တထိတ်ထိတ်နဲ့ကြည်ရမှာဖြစ်ပြီး ကြည်နူးဖွယ် အချစ်ဇတ်လမ်းလေးကိုပါ ခံစားရမှာပါ... File Size…(800 MB) Quality…BluRay 720p Format…mp4 Duration…01:53:00 Subtitle…Myanmar Subtitle(Hardsub) Encoder…Phyo ...
movie
Twister (1996)
1996
6.6
The Odd Life of Timothy Green (2012)
တစ်ချို့လူတွေက ... ကျွန်တော်တို့ရဲ့ ဘဝတွေထဲကို တိုက်တိုက်ဆိုင်ဆိုင် ဝင်ရောက်လာခဲ့ကြပြီး ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ မတူညီတဲ့ ရှုထောင့်တွေကနေ မြင်ကြည့်တတ်အောင် သင်ပေးခဲ့တယ် အဲဒီလိုလူတွေက အမြဲအမှတ်ရနေပေးဖို့ ထိုက်တန်ပါတယ်----------------------------------------------အခန်းထဲမှာ ငိုကြွေးနေသည့် ဇနီးဖြစ်သူ Cynthia ရဲ့ အသံကိုနားစွင့်ရင်း James တစ်ယောက် သက်ပြင်းမောတွေ ချမိနေသည်။ သူတို့နှစ်ဦးရဲ့ ဘဝထဲမှာ ကလေးလေးရဖို့ မဖြစ်နိုင်ခဲ့တော့ဘူးတဲ့ ... နေ့လည်က ဆရာဝန် ပြောခဲ့သည့် စကားသံတွေကို ပြန်လည်ကြားယောင်နေမိ၏။ ဝမ်းနည်းကြတာချင်းအတူတူ မိန်းမသားဖြစ်သည့် ဇနီးသည်က ပို၍ဝမ်းနည်းမှာကို သူသိနေခဲ့ရသည်။Cynthia အပြင်ထွက်လာတော့ ဧည့်ခန်းထဲမှာ အတူထိုင်ရင်း ဇနီးဖြစ်သူ စိတ်အပြောင်းအလဲဖြစ်အောင် James တစ်ယောက် စာရွက်အပိုင်းအစလေးပေါ်မှာ ချရေးလိုက်သည်။ နောက်ဆုံးအကြိမ်အဖြစ် သူ့တို့နှစ်ဦး ဖြစ်စေချင်ခဲ့ကြတဲ့ ကလေးလေးရဲ့ ပုံပန်းသွင်ပြင်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ချရေးပြီး မနက်ဖြန်မှာ စိတ်သစ်ကိုယ်သစ်နဲ့ စတင်ကြမည်။ဇနီးမောင်နှံနှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ကလေးလေးကို စိတ်ကူးပုံဖော်ပြီးနောက်မှာတော့ စာရွက်အပိုင်းအစလေးတွေ အားလုံးကို ဘူးထဲမှာထည့်ပြီး ခြံထဲက ဂေါ်ဖီထုပ်ပင်တွေကြားထဲမှာ အတူမြေမြှပ်လိုက်ကြသည်။နှုတ်ဆက်ပါတယ် ... ဖေဖေတို့ရဲ့ ဘဝထဲကို ...
movie
The Odd Life of Timothy Green (2012)
2012
7.4
The Nice Guys (2016)
The Nice Guys (2016) IMDb - 7.4/10_____Rotten - 92% ယခုဇာတ်ကားကို ကြည့်နေစဉ်မှာ ကျွန်တော်ဘယ်ဇာတ်ကားတွေကို သွားသတိရမိစေလဲဆိုတော့ Chinatown နဲ့L.A. confidential ဇာတ်ကားတွေပဲ။ ဒါပေမဲ့ ထိုဇာတ်ကားတွေနဲ့ ကွာခြားချက်တစ်ခုကတော့ အသောမတတ်နိင်အောင် ရယ်မောနေစေရတဲ့ ဇာတ်ဝင်ခန်းတွေပဲ။ ဟာသလို့ပြောရမယ်ဆိုရင် "Lethal Weapon" နဲ့ "Boogie Nights" တို့နဲ့လည်းသွားဆင်တူသေးတယ်။ ခင်ဗျားဟာ ဇာတ်အိမ်ကောင်းကောင်းတစ်ကား ကြည့်ချင်မယ်။ Action ခန်းတွေကိုလည်း များနိုင်သမျှများ၊ ကြမ်းနိုင်သမျှကြမ်းစေချင်မယ်။ ဒီကြားတည်း ဟာသခန်းလေးတွေလည်း ကြည့်ချင်သေးတယ်ဆိုရင်တော့ 2016 အတွက် ရှားရှားပါးပါး ယခု The Nice Guys ဆိုတဲ့ တစ်ကားလေးပဲ ထွက်ပေါ်လာခဲ့တယ်။ နောက်ထပ် တစ်ချက်က ဇာတ်သိမ်း၊ အားမရခဲ့ပေမဲ့ ယုတ္တိရှိတယ်လို့ပြောလို့ရတယ်။ ကျွန်တော်တို့အပြင် လက်တွေ့လောကကြီးတွေထဲမှာလည်း ယခုအတိုင်းပင် ငွေကြေးရှိရင် ဥပဒေတွေက လွတ်မြောက်စမြဲပင်လေ။ ဒီဇာတ်ကားကို ...
movie
The Nice Guys (2016)
2016
6.6
Run All Night (2015)
Run All Night (2015)IMDb - 6.6/10_____Rotten - 59% 2015 မှာ ထွက်ရှိထားတဲ့ Run All Night ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် အားလုံးစောင့်မျှော်နေတဲ့ဇာတ်ကားလို့ထင်ပါတယ်..ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ Taken ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Liam Neeson သရုပ်ဆောင်ထားပါတယ်.. IMDb Rating 6.6 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..မကြည့်ခင် Movie Review လေး အရင်ခံစားကြည့်လိုက်ရအောင် :) ဇာတ်လမ်းလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာအကြောင်းပါ... မိုက်ကယ်ကတော့ လူကောင်းလေးပါ သမ္မာအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ပေမဲ့ သူ့အဖေကတော့ အရင်တုန်းက သူ့သူငယ်ချင်းနဲ့တူတူ ဘိန်းအရောင်းဝယ်လုပ်ရင်း တချိူ့သော သူငယ်ချင်းတွေကိုတောင် သတ်ခဲ့ပါတယ် တနေ့တော့ သူ့သူငယ်ချင်းသားဒန်နီက လူသတ်တာကို မိုက်ကယ်မြင်သွားလို့ဆိုပီး မိုက်ကယ်ကိုသတ်ဖို့လုပ်တယ် အဲဒါကို သူ့အဖေက အရင်လက်ဦးပီး ဒန်နီကို သတ်လိုက်ပါတယ် အဲဒီမှာ သူနဲ့သူ့သူငယ်ချင်း ရန်ဘက်ဖြစ်သွားတော့ပါတယ် သူ့သူငယ်ချင်းက ပြန်လက်စားချေပုံ သူကလဲ သူ့သားကို ဖခင်တစ်ယောက်အနေနဲ့ အသက်စွန့်ကာကွယ်ပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ် Filesize : 655 MB Quality : 720p Format: mp4 Running Time : 1h 54m IMDb ...
movie
Run All Night (2015)
2015