Channel Myanmar

Lois Brabin-Platt

Abomination (2023)
Abomination (2023)  Thriller လည်းကြည့်ချင်တယ် အရမ်းကြီးတုန်လှုပ်ခြောက်ခြားနေစရာကောင်းနေတာမျိုးလည်း မဟုတ်ဘဲနဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ချင်တာမျိုးဆိုရင်တော့ Abomination ကို ကြည့်ဖို့ ပြောပြချင်ပါတယ်။သိပ္ပံပညာရှင် အဂ္ဂိရတ်ဆရာ အာခီမိဒိစ်က သူ့ရဲ့ဖန်တီးမှုတစ်ခုအနေနဲ့ သေဆုံးသွားတဲ့ အဒမ်ကို ပြန်ရှင်လာအောင် လုပ်ပေးရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ အဒမ်ရဲ့ ရှင်သန်မှုဟာ တခြားသူတွေကို ဒုက္ခပေးသလိုဖြစ်နေခဲ့ပြီးတော့ ဟီးရိုးသိပ်ဖြစ်ချင်သူ မိုက်ကယ်ဟာလည်း ဒီဇာတ်ထဲကို ကလဲ့စားချေဖို့ဆိုပြီးတော့ ပါလာပါတော့တယ်။ မိုက်ကယ်ဟာ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အက်ကနီ၊ လစ်ဇ်တို့နဲ့အတူ သူ့ရဲ့ ကလဲ့စားချေမယ်ဆိုတဲ့ အစီအစဥ်ကို စတင်ပါတော့တယ်။သေရွာပြန် အဒမ်ကို နှိမ်နင်းနိုင်ကြမလား မနှိမ်နင်းနိုင်ကြဘူးလားဆိုတာကို စိတ်ဝင်တစားကြည့်လို့ ရမယ့် Black comedy, Thriller ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Comedy, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Doros
movie

Abomination (2023)

Original Gangster (2020) 5.5
Original Gangster (2020)  ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကိုမြင်တွေ့ရမယ့် crime movieလေးပါ...။မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်...။သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီးသူ့အသက်ကိုကယ်ခဲ့လို့ပါ...၊မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်းမကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်...။ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ်ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်...ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာတစ်ယောက်ဘယ်လိုရှင်သန်မလဲ...ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာမြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ...။ File size…2.27GB / 783MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Original Gangster (2020)

Bull (2021) 6.5
Bull (2021) Bull (2021) ဇာတ်လမ်းအညွှန်း ဒီတစ်ခါတော့ Thriller အမျိုးအစား ရုပ်ရှင်ကားကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။သွေးအေး ရက်စက်တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်တဲ့ ဘူးလ်ဟာ သားဖြစ်သူကို ဆေးစွဲနေတဲ့ သူ့မိန်းမနဲ့ ခွဲထားဖို့ ကြိုးစားရာကနေ ဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ယောက္ခမ ဖြစ်သူနဲ့ ကတောက်ကဆ တွေ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ လူမိုက်တွေရဲ့ ထုံးစံအတိုင်း ဘူးလ်ကို နှိပ်စက်ပြီးတဲ့နောက်မှာ ဝေဒနာကြီးစွာ ခံစားရပြီး သေသွားအောင် ပစ်ထားခဲ့ပါတယ်။နောက်ဆယ်နှစ်အကြာမှာတော့ ဘူးလ်တစ်ယောက် အမှတ်မထင် ပြန်ပေါ်လာပြီး သူ့သားကို ပြန်ခေါ်နိုင်ဖို့နဲ့ သူ့ကို သစ္စာဖောက်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါမှာတော့ ...နဂိုကတည်းက သွေးအေးရက်စက်ပါတယ်ဆိုတဲ့ ဂိုဏ်းစတား တစ်ယောက် နာကျည်းချက်တွေနဲ့ လက်စားချေဖို့ အကြောင်းဖန်လာတဲ့အခါ ...ဘယ်လိုရက်စက်တဲ့ နည်းတွေ သုံးမလဲ?သားဖြစ်သူကို ပြန်ခေါ်ထားနိုင်ပ့ါမလား?ယောက္ခမနဲ့ မိန်းမတို့ကကော သူ့ကို ဒီအတိုင်း လက်ပိုက်ကြည့်နေပါ့မလား? ဆိုတာကိုတော့ ရုပ်ရှင်ထဲ ဆက်လက် ကြည့်ရှုကြရအောင်ပါ။ File ...
movie

Bull (2021)

2021