Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Logan Miller
5.2
Arthur and the Revenge of Maltazard (2009)
ဒီ ဒုတိယကားမှာတော့ မယ်သာဇာ ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ မင်းသမီးလေး ဆယ်လီနီယာ ကို သွားကူရမဲ့ကားလေးပါပဲ.....ပထမကားလိုပဲ တင်ဆက်ထားတာမို့ ဆက်လိုက်ကြည့်ရှုခံစားလိုက်ကြပါဦး......ရုပ်ရှင်ကား ၃ကား ထွက်ရှိထားတာဖြစ်ပြီး ၃ ကားလုံး CM ကနေ တင်ဆက်ပေးလိုက်ပါတယ်(1) Arthur and the Invisibles (2006) (2) Arthur and the Revenge of Maltazard (2009) (3) Arthur 3: The War of the Two Worlds (2010) တို့ပဲဖြစ်ပါတယ် File size…(1.8 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Adventure, Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Z
movie
Arthur and the Revenge of Maltazard (2009)
6.3
The Good Neighbor (2016)
The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie
The Good Neighbor (2016)
6.2
Sweetwater (2013)
Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie
Sweetwater (2013)
2013
5.7
Would You Rather (2012)
"မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်ခေါ်တာခံလိုက်ရပါတယ်။ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
Would You Rather (2012)
6.0
Night Moves (2013)
IMDb – 6/10 Rotten Tomatoes – 86%အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာအထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုးကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူသုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာတွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီးဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲကတစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီးမလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက်လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြောခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီးလှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာအေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing
movie
Night Moves (2013)
7.0
The Bling Ring(2013)
The Bling Ring(2013)အညွှန်း**************************မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက်ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကိုလိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှုတွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကိုခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲကတန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင်အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae
movie
The Bling Ring(2013)
6.5
Escape Room: Tournament of Champions(2021)
Escape Room: Tournament of Champions(2021)အညွှန်း**************************************************ဒီကားက Escape Room2019 ရဲ့အဆက်ပေါ့...ပထမကားမှာအောင်မြင်မှုများစွာရခဲ့သလို အခုကားမှာလည်း ပထမကားထက်ပိုသာတဲ့ ဇာတ်ကောင်တွေ ပိုမိုက်လာတဲ့ escape rooms တွေနဲ့ ဇာတ်ကွက်လည်းပိုခိုင်မာ ပိုကောင်းလာပါတယ်။Setting တွေပိုလန်းလာတယ်....Game ရဲ့ လျှို့ဝက်ချက်တွေပိုမြင့်လာသလိုလွှတ်မြောက်ဖို့ ပေးတဲ့ စကားဝှက်တွေက ပိုခက်လာတယ်...ဇာတ်ကောင်အသစ်တွေထည့်ပေးထားပြီး ပိုထိတ်လန့်စရာကောင်းတဲ့ Plotတွေနဲ့ပေါ့.ဆိုတော့ ဇိုဝီနဲ့ ဘင်န်မီလာတို့ ဟာ ပထမ လူသတ်ပွဲကြီးက ကံဉာဏ်ဖေးမမှုတွေကြောင့်လွတ်မြောက်လာတဲ့(၂)ယောက်ပေါ့..ဒီဇတ်ကားမှာတော့ သူတို့(၂)ယောက်ဟာ ကိစ္စတစ်ခုဖြေရှင်းရင်း မကြုံချင်ဆုံး ပိုအဆင့်မြင့်ပိုရှုပ်ထွေးပြီးပိုမိုရက်စက်ကြမ်းတမ်းလာတဲ့ လှည့်ကွက်တွေကြားမမျှော်လင့်ဘဲ ထပ်ရောက်သွားပါတယ်....သူတို့နဲ့အတူရောက်လာတဲ့သူတွေလည်းရှိပါတယ်..ဒီလူတွေကလည်း ဒီဂိမ်းတွေကိုအတွေ့အကြုံရှိဖူးတဲ့သူတွေ..မိမိအသက်ရှင်သန်ရေးကို သူတို့ဘယ်လိုရုန်းကန်ကြမလဲ...ဂိမ်းအားလုံးဟာ သူတို့ထင်ထားတာထက်ပိုခက်ပြီးပိုကြမ်းလာတဲ့အခါမှာတော့....ဘန်န်နဲ့ ဇိုဝီတို့တစ်သိုက် ပဟေဠိတွေကိုဖြေရှင်းရင်းလွတ်မြောက်နိုင်မလား ဒါတွေကို လုပ်နေတဲ့သူက ဘယ်သူလဲSurvival အရသာကို အပြည့်အဝခံစားနိုင်မယ့်...အသက်ရှူမှားစရာဇာတ်ကွက်တွေနဲ့အတူ ကြည့်ရှုရမှာပါ...File Size :(1.8GB) (960 MB) And (365MB) Quality : WEB-DL1080P5.1CH,720p Format…mp4 Duration…01:28:00 Genre : Adventure, Action ,Horror Subtitle : Myanmar Subtitle (Hard ...
movie
Escape Room: Tournament of Champions(2021)
6.4
Escape Room (2019)
Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင်တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။Review (Minor Spoiler alert) … Minor Spoiler alert လု့ိသာ တပ်ထားတာပါ။ဒီလိုကားမျိုးက (trailer အရရော) spoil လည်း ဖြစ်စရာသိပ်မရှိသလောက်ပါပဲ။Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီးအချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။Plot ...
movie
Escape Room (2019)
2019
6.9
Shithouse (2020)
Shithouse (2020)=============IMDb Rating - 6.9/10#Unicodeဒီကားလေးက အမေချစ်သားလေး ကောလိပ်ကိုရောက်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာ ရိုက်ပြထားတာပါ။အဲလက်က အဖေ မရှိတော့တဲ့နောက်ပိုင်း အမေနဲ့ ညီမလေးနဲ့နေတဲ့ လူငယ်လေးတစ်ယောက်။ အထက်တန်းပြီးတော့ ကောလိပ်ရောက်တော့ အမေချစ်သားလေးမှာ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာရှိလာကော။ အခန်းဖော်အရက်သမားနဲ့ကလည်း မေးပြောခေါ်ထူးလောက်ဘဲရှိ။ အခြား သူငယ်ချင်းတွေကလဲမရှိ။ တစ်ရက် shithouse ပါတီကို အခန်းဖော်ယစ်ထုပ်နဲ့သွားတက်ပြီးနောက်ဘာတွေဆက်ဖြစ်မလဲ။ အမေချစ်သားလေး အဲလက် ကောလိပ်မှာ ကျောင်းပျော်ကြီး ဖြစ်မလား FA ဘဝနဲ့ဘဲ ကျောင်းပြီးမလားကိုစိတ်ဝင်တစားကြည့်ရမှာပါ . Comedy, Drama, Romance အမျိုးအစားကို ပီပီသသလေးရိုက်ပြထားတာတွေ့ရပါတယ်။တစ်ချို့ဇာတ်ဝင်ခန်းတွေက 18+ ဆန်ဆန်လေး တစ်ချို့ပါတယ်ဆိုတော့ သတိပေးပါရစေ . မင်းသမီးလေးကတော့ လှသား :P(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Z Naing Z Nianh ပဲဖြစ်ပါတယ်။) #Zawgyiဒီကားလေးက အမေချစ်သားလေး ကောလိပ်ကိုရောက်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲဆိုတာ ရိုက်ပြထားတာပါ။အဲလက်က အဖေ ...
movie
Shithouse (2020)
2020
6.0
Being Frank (2018)
[Unicode]Jim Gaffigan လို့ပြောလိုက်တာနဲ့ ဟာသကားကြိုက်တတ်သူတွေအဖို့တော့ စိမ်းလှမယ်မထင်ပါဘူး။မင်းသားကြီးဟာ ဟာသကားပေါင်းများစွာမှာ ဇာတ်ကောင်အမျိုးမျိုးအဖြစ် ပိုင်ပိုင်နိုင်နိုင် ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက်မှာ အခုလည်း ၂၀၁၈ထွက် being frank ဆိုတဲ့ဟာသကားလေးမှာ frank နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြန်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ ဖီးလစ်ဟာ နေရာတကာ ကလေးတစ်ယောက်လို ဆက်ဆံလွန်းတဲ့ ဖခင်ဖြစ်သူ ဖရန့်ခ်နဲ့ မတည့်လှပါဘူး။အမြဲတမ်း မိသားစုထက် အလုပ်ကိစ္စကိုသာ ဦးစားပေးလေ့ရှိပြီး အလုပ်ကိစ္စနဲ့သာ ခရီးခဏခဏ ထွက်နေရတဲ့ ဖရန့်ခ်ကို သားသမီးအကြောင်း ဘာမှမသိသူတစ်ယောက်အဖြစ်နဲ့ ဖီးလစ်က သတ်မှတ်ထားတာဖြစ်တယ်။ဒါပေမယ့် တစ်နေ့နွေရာသီ အားလပ်ရက်တစ်ခုမှာ ဖီးလစ်ဟာ သူ့ဘဝတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် သူဘာဆက်လုပ်မလဲ?ဖရန့်ခ်ကရော အိမ်မှာ အမြဲလိုလိုမရှိတတ်တာ အလုပ်ကိစ္စနဲ့ ခရီးသွားတာကြောင့်ဆိုတာ သေချာရဲ့လား?ဖရန့်ခ်နေရာမှာတော့ မင်းသားကြီး Jim Gaffigan က ပါဝင်သရုပ်ဆောင်ထားပြီး ဖီးလစ်နေရာမှာတော့ I'm in the band ထဲက မင်းသား ...
movie
Being Frank (2018)
5.3
We Summon the Darkness(2019)
We Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က စတိတ်ရှိုးပွဲကို ကြည့်ဖို့သွားရင်းနဲ့ ကောင်လေးအဖွဲ့နဲ့ ဆုံခဲ့ပါတယ်။အဲ့အချိန်မှာ စေတန်မာရ်နတ်ကို ကိုးကွယ်ယုံကြည်တဲ့သူတွေက လူတွေလိုက်သတ်နေတဲ့ အချိန်ဖြစ်တယ်။ ရှိုးပွဲပြီးတဲ့ညမှာ သူတို့ သုံးယောက်နဲ့ လမ်းမှာဆုံတွေ့တဲ့ ကောင်လေးတွေ အဖွဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကြီးကြုံခဲ့ကြတယ်..။ဘယ်သူတွေက ဘာသာရေးမှိုင်းတတ်ခံရပြီး လိုက်သတ်နေကြတာလဲ။ သူတို့အားလုံးကော ရှင်နိုင်ကြမှာလား။ တစ်ဖက်ပိတ် အယူဝါဒတွေရဲ့ ကြောက်စရာကောင်းမှု၊ ဆိုက်ကို ဆန်ဆန် လူသတ်နေမှုရဲ့နောက်ကွယ်က ကြိုးကိုင်နေမှုတွေကို ရင်တမမနဲ့ ကြည့်ရမှာဖြစ်ပါတယ်.ခပ်ကြမ်းကြမ်းHorror ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Horror,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae zawgyiWe Summon the Darkness(2019)လှပညှို့အားပျင်းတယ်လို့ပြောလို့ရတဲ့ကောင်မလေးသုံးယောက်က ...
movie
6.3
Scouts Guide to the Zombie Apocalypse (2015)
Scouts Guide to the Zombie Apocalypse ———————————————————————ဒီကားလေးကHorror Comedyကားလေးပါ ကင်းထောက်ကျောင်းသားလေးသုံးယောက်နဲ့Clubမှာစားပွဲထိုးလုပ်တဲ့ကောင်မလေးတယောက်ရယ်ကိုအဓိကထားပြီးဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအစကအဲ့မြို့မှာရှိတဲ့ဓာတ်ခွဲခန်းတစ်ခုမှာရှိတဲ့လူနာတယောက်ကနေစပြီးVirusကပြန့်တာပဲဖြစ်ပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ကျောင်းသားသုံးယောက်တောထဲမှာCamping ထွက်တဲ့နေ့မှာဖြစ်တာဖြစ်ပြီးကျောင်းကSeniorအချို့ကလည်းညမှာPartyကျင်းပနေတဲ့အချိန်မှာစဖြစ်တာပဲဖြစ်ပါတယ်ဇာတ်ကားကHorror ဆိုတာထက်Comedyပိုင်းပိုများပါတယ်ဒီထဲကComedyအချို့က18+အရမ်းဆန်ပါတယ် ဟုတ်ပါတယ်18+ခန်းအချို့ပါပါတယ်ဒီကားကယောက်ျားလေးတွေအတွက်ပိုပြီးအဆင်ပြေပါတယ်မိန်းကလေးတွေအနေနဲ့ဆိုနည်းနည်းတော့ဒါကဟာသသက်သက်ဘဲဆိုပြီိးအတွေးထည့်ထားမှကြည့်ဖို့အဆင်ပြေပါမယ်မှတ်ချက် မိသားစုနဲ့ကြည့်ရမဲ့ကားမျိုးမဟုတ်ပါ မင်မင် တခါကဘာမှမပါဘူးထင်ပြီးမိသားစုနဲ့ကြည့်တာနရင်းအုပ်ခံရပါတယ်ထပ်ပြောပါမယ် မိသားစုနဲ့ကြည့်ရတာအဆင်ပြေမဲ့ကားမဟုတ်ပါဘူးနော်Castတွေကတော့အဲ့တုန်းကမျက်နှာသစ်လေးတွေဖြစ်တဲ့ Men Apocalypse နဲ့Dark Phoenix မှာCyclops အနေနဲ့ပါဝင်ဖူးတဲ့Tye Sheridanရယ်Escape Roomထဲမှာပါဝင်ဖူးတဲ့Logan Millerရယ်Joey Morgansရယ်Sarah Dumontတို့ကအဓိကသရုပ်ဆောင်ထားပါတယ်#Kal #ZEUS(ရုပ်ရှင်အညွှန်းကို ZEUS Facebook Page မှကူးယူဖော်ပြပါသည်။) File size…(950 MB) and (450 MB) Quality….Blu-Ray 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Carey
movie
Scouts Guide to the Zombie Apocalypse (2015)
2015
8.1
Love, Simon (2018)
ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "Love Simon" ဆိုတဲ့ Romantic ဇာတ်လမ်းလေးဖြစ်ပါတယ်...အညွှန်း- ကျွန်တော့်နာမည်က ဆိုင်မွန်(Simon)ပါ...ကျွန်တော်က ခရိဝုလို့ခေါ်တဲ့ကျောင်းမှာ တက်နေတဲ့ အထက်တန်းကျောင်းသားတစ်ယောက်မှာ... ကျွန်တော်တို့ မိသားစုလေးယောက်ရှိပါတယ်...ကျွန်တော်ချစ်ရတဲ့ညီမလေးအပါအဝင်ပေါ့... ကျွန်တော့်မှာ သူငယ်ချင်းကောင်းတွေလဲရှိပါတယ်...သူတို့ကတော့ လီယာ အဘီ နဲ့ နစ် တို့ပါ...ကျွန်တော်တို့ လေးယောက်အမြဲ ကျောင်းတူတူသွားပါတယ်...ကျွန်တော့်ဘဝက ပျော်စရာမိသားစု သူငယ်ချင်းကောင်းတွေနဲ့ ပြည့်စုံပါတယ်....ဒါပေမဲ့ ကျွန်တော့်မှာ ထိပ်တန်းလျို့ဝှက်ချက်တစ်ခုရှိတယ်...တစ်နေ့ ကျွန်တော် လီယာနဲ့ စကားပြောဖြစ်တယ်... သူက ခရိဝုကျောင်းက ကျောင်းသားတွေအကြောင်း တင်တဲ့ ခရိဝုလျို့ဝှက်ချက် ဘလော့အကြောင်း ပြောတာပါ...အဲ့ ဘလော့မှာ ဘလူးဆိုတဲ့သူက သူ့လျိုဝှက်ချက်ကို ဝေမျှခဲ့တာပါ... သူ့ပို့စ်ကို ကျွန်တော်ဖတ်ပြီးတဲ့နောက်မှာတော့ သူ့လျို့ဝှက်ချက်နဲ့ ကျွန်တော့်လျို့ဝှက်ချက်တူနေခဲ့ပါတယ်...အဲ့တော့ ကျွန်တော် သူနဲ့ သိခွင့်ရဖို့ ချဉ်းကပ်ခဲ့ပါတယ်... ဂျက်ဆိုတဲ့ နာမည်နဲ့ပေါ့.... လျို့ဝှက်ချက်ချင်း တူနေတော့ ကျွန်တော်တို့ နှစ်ယောက်ရင်းနှီးခဲ့ပါတယ်..ကျွန်တော်လဲ သူ့ကို ...
movie
Love, Simon (2018)
2018