Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Logan Marshall-Green
7.0
Prometheus (2012)
Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ.....အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်.....ထွက်ရှိပြီးသားကားတွေကတော့......(1) Alien (1979) (2) Aliens (1986) (3) Alien³ (1992) (4) Alien: Resurrection (1997) (5) Prometheus (2012) (6) Alien: Covenant (2017) (7) Alien: Romulus (2024) - အကြည်မထွက်ရှိသေး..... Timeline အရကြည့်မယ်ဆိုရင်တော့.....(1) Prometheus (2012) - 2093 (2) Alien: Covenant (2017) - 2104 (3) Alien (1979) - 2122 (4) Alien: Romulus (2024) - 2142 [အကြည်မထွက်သေး] (5) ...
movie
Prometheus (2012)
2012
Reverse the Curse (2024)
2023 ထွက် ဒီရုပ်ရှင်ကားလေးကတော့ အဖေနဲ့ သား ဆက်ဆံရေးကို ဘေ့စ်ဘောနောက်ခံလေးနဲ့ ရိုက်ထားတာဖြစ်ပါတယ်။ Cast တွေကတော့ David Duchovny, Stephanie Beatriz, Logan Marshall-Green တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အဖေနေရာက သရုပ်ဆောင် David Duchovyရဲ့ ဝတ္ထု ကို သူကိုယ်တိုင်ပဲ Direct လုပ်ထားတာဖြစ်ပါတယ်။ဇာတ်လမ်း အနေနဲ့ Marty ဟာ အဆုတ်ကင်ဆာကို ခံစားနေရပြီး အသက်ရှင်ဖို့လည်း သိပ်မကျန်တော့ပါဘူး။ သူက ဘေ့စ်ဘောအသင်း Boston Red Sox ကို အရူးအမူး အားပေးပေမယ့် Red Sox ဟာ ချန်ပီယံ မရတာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ။ သူ့သားဖြစ်သူ Teddy ဟာ Red Sox တွေရဲ့ ပြိုင်ဘက် Yankees တွေရဲ့ ...
movie
Reverse the Curse (2024)
6.0
The Listener (2024)
၂၀၂၄ မတ်လမှာအသစ်ထွက်ရှိထားတဲ့ The Listener ရုပ်ရှင်ဟာDrama အမျိုးအစားဖြစ်ပေမယ့် သည်းထိတ်ရင်ဖိုခံစားချက်ကိုလည်းခံစားရမှာဖြစ်ပါတယ်။ဒါရိုက်တာ Steve Buscemi ကရိုက်ကူးထားပြီး တစ်ကားလုံးကိုဘတ်သ်အဖြစ်သရုပ်ဆောင်တဲ့မင်းသမီး Tessa Thompsonတစ်ယောက်တည်းနဲ့ရိုက်ကူးထားတာပါ။ဘတ်သ်ဟာ ညတိုင်းအမေရိကန်တစ်နိုင်ငံလုံးရဲ့နေရာအနှံ့ကဖုန်းတွေကိုလက်ခံဖြေကြားပေးရတဲ့ အကူအညီဖုန်းလိုင်းတစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတာဖြစ်ပါတယ်။အထီးကျန်တဲ့လူတွေ၊ မျှော်လင့်ချက်ကင်းမဲ့နေသူတွေအစရှိသဖြင့်လူပေါင်းမျိုးစုံဆီကဖုန်းတွေကို နားထောင်ပေးပြီးသူတို့လိုအပ်တဲ့အကြံဉာဏ်တွေကို ဘတ်သ်က ပြန်ပေးလေ့ရှိပါတယ်။ ဇာတ်ကားကတော့ ကိုရိုနာပြီးခါစအချိန်ကိုအခြေခံထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်ဟာ ဖုန်းခေါ်သူတွေအပြည့်နဲ့ဘတ်သ်အတွက် ပင်ပန်းခဲ့တဲ့နှစ်ဖြစ်လို့ ဘတ်သ်ဟာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်မှုကနေ အနားယူတော့မှာလည်းဖြစ်ပါတယ်။ ရုပ်ရှင်အစကနေအဆုံးအထိ ဘတ်သ်ရဲ့ဖုန်းခေါ်ဆိုမှုတစ်ညတာကိုရိုက်ကူးပြထားပြီး ဖုန်းတစ်လုံးနဲ့ဘတ်သ်ရဲ့ဇာတ်ဝင်ခန်းတွေသာပါဝင်ပေမယ့် လူပေါင်းမျိုးစုံဖုန်းဆက်ကြတဲ့အထဲမှာ ဘတ်စ်က တစ်စုံတစ်ယောက်ကိုကယ်တင်နိုင်မှာလား။တစ်စုံတစ်ယောက်ရဲ့အသက်ကိုလက်လွှတ်ဆုံးရှုံးလိုက်ရမှာလားဆိုတာ ရင်ဖိုစွာစောင့်မျှော်ကြည့်ရှု့ရမှာဖြစ်ပါတယ်။တခြားလူတွေရဲ့ဘ၀တွေကိုအကြံပေးဖုန်းပြောဆိုမှုတွေကနေဘတ်သ်ကိုယ်တိုင်ရဲ့ဇာတ်ကြောင်းကိုပါ ဖြည်းဖြည်းချင်းဖော်ထုတ်သွားတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ဖုန်းတစ်လုံးနဲ့နှိမ့်သိမ့်ပေးနေတဲ့လူတကာပြောတာတွေနားထောင်ပေးနေတဲ့၊ လူတွေနဲ့ဆက်သွယ်စကားပြောနေတဲ့ဘတ်သ်နဲ့အတူ ရုပ်ရှင်ကိုလိုက်ပါစီးမျောခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…818MB / 314MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
The Listener (2024)
7.3
Across the Universe (2007)
ဒီတခေါက်တင်ဆက်ပေးမှာကတော့The Beatles အဖွဲ့ရဲ့ သီချင်းတွေကို အခြေပြုပြီးရိုက်ကူးထားတဲ့Across the Universe ဆိုတဲ့ Musical/Romance အမျိုးအစား ကားလေးပါဇာတ်ကားနာမည်ကိုကပဲ The Beatles အဖွဲ့ရဲ့သီချင်းJohn Lennon နဲ့ Paul McCartney တို့ရေးထားတာကို ယူထားတာပါတကားလုံးရဲ့ ဇာတ်လမ်းအပြ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကိုThe Beatles သီချင်းတွေနဲ့ ဖော်ကြူးသွားမဲ့ Musical film ငြိမ့်ငြိမ့်လေးပါThe Beatles အဖွဲ့ကျော်ကြားခဲ့စဉ်အခါက ခေတ်ကာလ၁၉၆၀ ကျော် ခုနှစ်တွေကို တည်ထားပါတယ်၁၉၆၀ ကျော်ဝန်းကျင်ဆိုတော့ အမေရိကန်ကဗီယက်နမ်စစ်ပွဲတိုက်နေတဲ့အချိန်ကာလ၊ အဲ့ကာလရဲ့ ပြည်သူလူထုတွေရဲ့သဘောထား အခြေအနေကိုလည်း ထင်ဟပ်ထားပါတယ်The Beatles ရဲ့ဖန်တွေဆိုရင် ဇာတ်ကားနဲ့ relate နိုင်ပြီးသီချင်းတွေကို ခံစားစီးမျောနိုင်မှာပါIMDB rating ကလည်း 7.3 တောင် ရထားတာမို့ကြည့်ရှုကြည့်စေချင်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ...လီဗာပူးမြို့က ဆင်းရဲသားကောင်လေးတယောက်ဟာသူ့နေ့စဉ်လုပ်နေကျ သင်္ဘောဝင်းထဲ ကျောက်မီးသွေးကော်ရတဲ့အလုပ်ကိုစိတ်ကုန်လာပြီး စိတ်အနားပေးချင်တဲ့အတွက်သူ့အဖေကို ရှာဖို့ဆိုပြီး အမေရိကန်ကို သင်္ဘောနဲ့တရားမဝင်ခိုးလိုက်လာခဲ့ပါတယ်ဟိုရောက်တော့ ...
movie
Across the Universe (2007)
4K HEVC
6.7
Brooklyn’s Finest(2009)
IMDb - 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်ကြောင့် ...
movie
Brooklyn’s Finest(2009)
7.0
The Invitation(2015)
The Invitation(2015)*******************အမျိုးသမီးဒါရိုက်တာ Karyn Kusama ရိုက်ကူးထားပြီး သရုပ်ဆောင် Logan Marshall-Green, Michiel Huisman, Tammy Blanchard နဲ့ Emayatzy Corinealdi တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်တဲ့ လျှို့ဝှက်သည်းဖိုစရာဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဝဲယ်လ်(Logam Marshall-Green)နဲ့ သူ့ရဲ့ဇနီးဖြစ်သူကီရာတို့နှစ်ယောက်ဟာ ဝယ်လ်ရဲ့ ဇနီးဟောင်းဖြစ်တဲ့ အီဒန် နဲ့သူ့ရဲ့ခင်ပွန်း ဒေးဗစ် တို့ရဲ့ ညစားစားပွဲကိုသွားကြပါတယ်။ ဒါပေမယ့် ဝယ်လ်က အဲ့ဒီအိမ်မှာရှိခဲ့တဲ့ အတိတ်ကအဖြစ်အပျက်တွေကိုမမေ့နိုင်သေးတဲ့အပြင် အီဒန်နဲ့ ဒေးဗစ်တို့ရဲ့ ထူးဆန်းတဲ့ အပြုအမူတွေကိုလည်း သံသယဝင်လာပါတော့တယ်။ဝယ်လ် သံသယဝင်နေသလိုပဲ သူတို့မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူတို့ရဲ့အတိတ်မှာရော ဘယ်လိုအဖြစ်ဆိုးတွေ ကြုံတွေ့ခဲ့ရတာလဲဆိုတာကို လှည့်ကွက်များစွာနဲ့ရင်တဖိုဖိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။လျှို့ဝှက်သည်းဖို့ကြိုက်တတ်တဲ့ပရိတ်သတ်တစ်ယောက်ဆိုရင်တော့ ဒီဇာတ်ကားကိုကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ သွေးထွက်သံယိုနဲ့ ညစ်ညမ်းစကားလုံးများ ပါဝင်တာကြောင့်ငယ်လွန်းသူများကြည့်ဖို့ မသင့်လျော်ပါဘူးခင်ဗျာ။ File Size :(1.1GB) and (458MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre : Horror,Mystery , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded ...
movie
The Invitation(2015)
6.9
Sand Castle(2017)
Sand Castle(2017)***************ရည်မှန်းချက်ကြီးကြီးမားမားမရှိဘဲ တက္ကသိုလ်တက်ဖို့ ငွေမရှိလို့ စစ်တပ်ထဲ ဝင်လာရပြီး၊အီရတ်စစ်ပွဲကို မလိုက်ချင်တဲ့အတွက် ကိုယ့်လက်ကိုပြန်ချိုးနေတဲ့ အမေရိကန်စစ်သားလေး တစ်ယောက်ရှိတယ်..အီရတ်စစ်မြေပြင်ဆိုတာကလည်း သိတဲ့အတိုင်း အရပ်သားနဲ့ ရန်သူမကွဲဘဲပစ်ချင်တဲ့သူက ပစ်သတ်နေတာဆိုတော့ အဲ့ဒီမှာ တာဝန်ထမ်းဆောင်တဲ့ စစ်သားတွေအတွက် အချိန်မရွေးအသက်ပျောက်နိုင်တဲ့အနေအထားပါ..သို့ပေမဲ့လည်း ဒီစစ်သားလေးဟာ အီရတ်စစ်တလင်းကိုရောက်ရှိသွားခဲ့တယ်..တကယ်စစ်မြေပြင်ရောက်တဲ့အခါမှာတော့ သူဘယ်လိုတွေကြုံရမလဲ..အသက်ရောရှင်ပါ့မလား..အီရတ်တွေနဲ့ မြေပြင်မှာ တကယ်တွေ့ကြုံရတဲ့အခါမှာ သူအမြင်တွေဘယ်လိုရှိမလဲ..File Size : (2.1GB)(834MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Action ,War ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae
movie
Sand Castle(2017)
5.9
Lou (2022)
Lou (2022)(1080p ရပါပြီ)အသစ်ထွက်ရှိလာတဲ့ Action, Crime, Drama အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်လေး လက်တစ်ဆုပ်စာရယ် Plot twist တွေရယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။လူးက အမေရိကားနိုင်ငံက ကျွန်းလေးတစ်ကျွန်းမှာ ခွေးတစ်ကောင်နဲ့ တစ်ကိုယ်တည်း ဘဝကိုရှင်သန်နေတဲ့အမျိုးသမီးကြီးတစ်ဦးပါ။ဟန်နာနဲ့ ဗီကတော့ သူ့အိမ်ကိုငှါးနေရတဲ့ သားအမိနှစ်ယောက်ပေါ့။ ဗီလေးရဲ့ ဖခင်ကတော့ ဆုံးပါးသွားပြီလို့ ဆိုထားပါတယ်။မုန်တိုင်းထန်တဲ့တစ်ညမှာ ဗီလေးကို လူတစ်ယောက်က ပြန်ပေးဆွဲသွားတဲ့အခါ မိခင်ဖြစ်သူ ဟန်နာတစ်ယောက် အပေါက်ဆိုးပြီး ပဟေဠိဆန်တဲ့ လူးနဲ့အတူ သမီးပျောက်ရှာပုံတော်ထွက်ပါတော့တယ်ဒီလိုနဲ့ တဖြည်းဖြည်း လူးရဲ့ ရှုပ်ထွေးပွေလီတဲ့ နောက်ကြောင်းရာဇဝင်တွေကို တစွန်းတစ်စသိလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu က ပါ။)File Size : 2.3GB, 823MB, 385MB Quality ...
movie
Lou (2022)
2022
Redeeming Love (2022)
ရှင် ကျွန်မကို ဘာလို့ဒီလောက်ချစ်ရတာလဲကျွန်မက အငယ်အနှောင်းရဲ့ သမီးတစ်ယောက်၊ လူ့လောကထဲ ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်ကနေ အပြောခံရသူပါ၊ အမေကလည်း မျိုးရိုးကောင်းမဟုတ်သလို လောကဓံလှိုင်းတံပိုး ကြား ကာလသားရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်းတော့တဲ့ မိန်းကလေးတစ်ယောက်ကို ဘာလို့ဒီလောက်ထိချစ်ရတာလဲရှင် ကျွန်မရဲ့အတိတ်အကြောင်း တစ်ဝက်လောက်သိရင်တောင် စွန့်ခွာထွက်ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကိုတောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်ထောင်ဖွား ယောကျ်ားသားတွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာကြောင့် ကျွန်မကို ဒီလောက်ထိ လက်ထပ်ချင်နေရတာလဲကျွန်မဆိုတာ ကိုယ့်ခံစားချက်ကိုဘေးချိတ်ပြီး ဝမ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အတွေးထဲတောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုးကောင်းသားတစ်ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းကလေးတွေ လက်ချိုးရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်ထောင်မှုရဲ့အဝေး ကျွန်မအမြဲထွက်ပြေးနေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်နေ ဦးမှာလား..... မိုက်ကယ်အနာဂတ်မှာ ဘာဆက်ဖြစ်မလဲတော့ ဇာတ်ဆရာအလိုကျပေါ့ ==========================================မင်းကိုဘာလို့ ဒီလောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူးကိုယ်က လယ်သမားတစ်ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ ...
movie
Redeeming Love (2022)
7.9
Spider-Man: Homecoming (2017) MCU
Tobey Maguire နဲ့ Andrew Garfield တို့ပြီးတဲ့နောက်မှာ သုံးကြိမ်မြောက် Reboot လုပ်ခဲ့တဲ့Tom Holland ရဲ့ တကယ့်ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေလွှမ်းခြုံနေတဲ့Spider Man Homecoming ဟာ ၂၀၁၆နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ Marvel Comic ဖန်တွေ အကြိုက်လောက်ဆုံး Spider Man Reboot Movie တစ်ခုဖြစ်ခဲ့ရပါတော့တယ် Tobey နဲ့ Andrew အလွန် ၂၀၁၆မှာတော့ ကျွန်တော်တို့လို Comic Fan တွေအတွက် Cilvil War မှာ လူငယ်မင်းသား Tom Holland က ဆန္ဒတွေ ဖြည့်ဆည်းပေးလိုက်တော့တယ်။သူ့ကို စတင် Cast လုပ်လိုက်လိုက်ချင်း ဝေဖန်သံတွေ ပေါ်ထွက်ခဲ့ပေမယ့်အဲဒီ ဝေဖန်သံတွေကို Civil War မှာ Tony Stark ရဲ့ Underoses ဆိုတဲ့ စကားနဲ့ ...
movie
Spider-Man: Homecoming (2017) MCU
2017
4K HEVC
7.0
Intrusion(2021)
Intrusion(2021) အညွှန်း********************IMDb...7.0Netflix ကထွက်ရှိတဲ့ Thriller ဇာတ်လမ်းသစ်လေးလာပါပြီ...ဘော်စတွန်လိုမြို့ကြီးတစ်မြို့ကနေ ကော်ရဲလ် ( Corrales ) လို့ခေါ်တဲ့ မြို့ငယ်လေးကိုဟင်နရီနဲ့မီရာတို့ပြောင်းလာခဲ့ရပါတယ် ...ပြောင်းလာပြီးမကြာပါဘူးလင်မယား၂ယောက်အိမ်မှာမရှိတုန်း အိမ်ဟာဖောက်ထွင်းခံရပါတယ် ...ဒုတိယအကြိမ်မှာတော့ အသက်အန္တရာယ်နဲ့နီးတဲ့အထိဖြစ်သွားခဲ့လို့ဇနီးဖြစ်သူမီရာမှာ အချိန်တိုင်းကြောက်နေပြီး Trauma ဝင်သွားပါတယ်...ဒါပေမယ့် မီရာမသိတာက..... အခုလိုဖောက်ထွင်းမှုတွေမှာ သူထင်ထားတာထက်နက်နဲတဲ့လျှို့ဝှက်ချက်တွေရှိတယ်ဆိုတာပါပဲ...မီရာ့ယောက်ျားသေနတ်နဲ့ခုခံပစ်လို့ ဆေးရုံတင်ထားရတဲ့ဖောက်ထွင်းသမားကရောဘာလို့များမီရာ့ယောက်ျားစတိုးဆိုင်သွားတဲ့ညမှာ ရုတ်တရက်ဆုံးသွားရသလဲ ဆိုတာတွေပေါ့...ဒါတွေကိုဆက်စပ်ဖို့ လိုက်စုံစမ်းရှာဖွေရင်းနဲ့ မီရာတစ်ယောက်ဘာအခက်အခဲတွေအန္တရာယ်တွေကြားရောက်သွားမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုရမှာပါ American Thriller Movie အမျိုးအစားဖြစ်ပါတယ်File Size : (857 MB) and (1.74 GB) Quality :WEB-DL 720p Format…mp4 Duration…01:30:00 Genre :Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Ye & Kit Encoded by Phyo Pyae
movie
Intrusion(2021)
7.5
Upgrade (2018)
Upgrade (2018) IMDb - 7.5/10_____Rotten - 88% CM Fan တွေ အခုတလော အက်ရှင်ကား ကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ဆုတောင်းလေး ပြည့်ပါပြီနော်... IMDb 7.5 ရရှိထားတဲ့ သိပ္ပံအက်ရှင် အမျိုးအစား ဖြစ်တဲ့ Upgrade ဆိုတဲ့ ရုပ်ရှင်ကားလေးပါ ဇတ်လမ်းလေးက စိတ်ဝင်စားဖို့ အတော်လေးကောင်းတယ်ဗျ... ဇတ်လမ်းပုံစံက ခေတ်မှီနေတဲ့ အလယ်အလတ် သိပ္ပံခေတ်ပုံစံ နဲ့ စ ပြထားပါတယ်... ဂရေး ဟာ သူဝါသနာပါတဲ့ စက်ပြင်တဲ့ အလုပ်နဲ့ တစ်နေကုန် ကိုယ်ပိုင်ဝပ်ရှော့လေးထဲမှာ ကားတွေကို ထိုင်ပြင်နေတက်သူဖြစ်ပြီး သူ့မိန်းမ ဖြစ်သူ အက်ရှာ ကတော့ မြို့ရဲ့ အကြီးဆုံး ကိုယ်လက် အင်္ဂါဖြည့်ဆည်းပေးတဲ့ ရိုဘော့ စက်ရုံက ဝန်ထမ်းတစ်ဦးဖြစ်ပါတယ် တစ်ရက်မှာတော့ ဂရေး ဟာ အက်ရှာ ကိုခေါ်ပြီး သူ့ဆီ အလုပ်အပ်သူထံ သွားခဲ့ပါတယ်... အက်ရှာ မသိခဲ့တာကတော့ ဂရေး ကို ကားပြင်ဖို့ အလုပ်အပ်သူဟာ သူမ လေးစားနေခဲ့တဲ့ ပြိုင်ဘက် လုပ်ငန်းက ပိုင်ရှင်ဖြစ်သူ အဲရွန်ကင်း ဖြစ်နေတာပါပဲ ဂရေး နဲ့ အက်ရှာ ကို အဲရွန်ကင်းက သူတီထွင်ထားတဲ့ ရှေ့ပြေး ချပ်စ်ပြား တစ်ခုကို ပြသခဲ့ပါတယ် အဲ့ဒီအရာက လူတစ်ယောက်ရဲ့ ဦးနောက်ထက် ပိုမိုကောင်းမွန်တဲ့ အရာလို့ ထုတ်ဖော်ပြောခဲ့ပေမယ့် ဂရေးကတော့ စိတ်မဝင်စားဟန်ဖြင့် အက်ရှာကို ခေါ်ပြီး ပြန်လာတဲ့လမ်းမှာ ...
movie
Upgrade (2018)
2018