Channel Myanmar

Logan Bartholomew

American Wedding (2003)
American Wedding (2003)  ဒီဇာတ်ကားလေးကတော့ American Pie Saga တို့လိုပဲ ၂၀ ရာစုအစောပိုင်းက ထွက်ရှိခဲ့တဲ့ အဖိုးတန် လိင်အသားပေး ဟာသဇာတ်မြူးဖြစ်ပါတယ်။ လိင်အသားပေး ရွတ်နောက်နောက် အသုံးအနှုန်းတွေ၊ ဇာတ်ဝင်ခန်းတွေ၊ လုံးဝမထင်မှတ်ထားတဲ့ ဟာသဇာတ်ဝင်ခန်းတွေ လှိုင်လှိုင်ပါဝင်တဲ့ ဟာဒယအပြည့်နဲ့ အတိတ်ကို လွမ်းဆွတ်ရင်း အူတက်အောင် ခွီရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂျင်မ်နဲ့ မီရှယ်ဟာ ပူပူနွေးနွေး ကျောင်းလည်းပြီး ဘွဲ့လည်းရထားပြီး အချစ်ဆိပ် အထွတ်အထိပ် တက်နေတဲ့အချိန်မှာ နှစ်ယောက်သား လက်ထပ်ဖို့ လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ နှစ်ဘက်မိဘတွေကိုလည်း အသိပေးပြီး သူငယ်ချင်းမိတ်ဆွေတစ်သိုက်နဲ့ စည်ကားသိုက်မြိုက်စွာ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ဂျင်မ်ရဲ့ ဘော်ဒါတွေကလည်း သတို့သားအရံတွေ လုပ်ဖို့ သဘောတူပြီး ဘော်ဒါတွေထဲက စတိဗ်နဲ့ ပေါလ်ဟာ သတို့သမီးအရံတဖြစ်လည်း မီရှယ့်ရဲ့ ညီမဖြစ်တဲ့ ခေးဒန်းစ်ကို ဖောင်းဒိုင်းရဖို့အတွက် နှစ်ယောက်သား အပြိုင်အဆိုင် ကြံစည်အားထုတ်ရာကနေ သောက်တလွဲလူသားတွေ စုနေတဲ့ မင်္ဂလာပွဲကြီးက ဘယ်လိုသောက်တလွဲဇာတ်တွေနဲ့ ငါးပါးမှောက်ကြမလဲဆိုတာကို ...
movie

American Wedding (2003)

The Ultimate Life(2013) 6.0
The Ultimate Life(2013)  Money is the second god. တဲ့။ တကယ်ပဲ ဘဝမှာ ပိုက်ဆံသာရှိရင်အရာရာပြီးပြည့်စုံရဲ့လား။ သူ့ကြီးပဲလားကွယ့်…ဆားလေးနဲ့ပါဘုရားလို့ အမတ်ကြီးဦးပေါ်ဦး ပြန်ဖြေသလိုပါပဲ၊ ဘဝမှာ ပိုက်ဆံလေးတင်ရှိနေရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဘဝအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာ လူအချင်းချင်းသဘောထားမတူနိုင်ပေမယ့်လည်း သေချာတာကတော့ ငွေကြေးနဲ့တင်ဘဝအဓိပ္ပာယ်ကို တန်ဖိုးပိုင်းဖြတ်လို့မရပါဘူး။ ဒီဇာတ်လမ်းထဲမှာဂျေဆန်စတီဗင်ဟာ သူ့အဘိုးဆီကနေ အမွေဆက်ခံပြီးနောက်မှာတစ်ခြားမိသားစုဝင်တွေရဲ့ မလိုလောဘတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာတော့ ဂျေဆန်ဟာ သူ့ချစ်သူနဲ့ပြဿနာပေါ်လာပါတော့တယ်။ ဒီဘဝပြဿနာကို ဖြေရှင်းနိုင်ဖို့သူ့အဘိုးရဲ့ နေ့စဉ်မှတ်တမ်းကနေ အကြံပေးမှုရယူဖို့ ဖြစ်လာပါတော့တယ်။သူ့အဘိုးရဲ့ ဘဝမှတ်တမ်းကနေ ဘယ်လိုသင်ခန်းစာတွေ သင်ယူသွားနိုင်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးနော်။ The Ultimate Gift ၊ The Ultimate Life ၊ The Ultimate LegacyဆိုပြီးThe Ultimate Trilogy ထွက်ရှိထားတာထဲက The Ultimate Life ကိုCM ပရိတ်သတ်တွေအတွက် ဘဝသင်ခန်းစာလေးတွေ ရယူနိုင်ကြဖို့ရည်ရွယ်ရင်း တင်ဆက်ပေးလိုက်ပါပြီ။ ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie

The Ultimate Life(2013)