Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liza Ross
6.8
Florence Foster Jenkins (2016)
ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie
Florence Foster Jenkins (2016)
2016
6.4
Leap Year (2010)
သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေကကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။အောက်မှာတော့ Ye Hut Khoung Wordpress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။+++++++++++++++++++++++LEAP YEAR (2010)◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း ...
movie
Leap Year (2010)
6.5
[James Bond] Tomorrow Never Dies (1997)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ ဒုတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်...ကြင်အင်လက္ခဏာ...တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ....နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားမှာတော့ အရှေ့တိုင်းရဲ့ နာမည်ကျော် မင်းသမီး မီရှဲယိုလဲပါဝင်ထားပါတယ်...IMDb Rating (6.5/10) ရရှိထားပါတယ်...။ File size…(2.6 GB) and (1.4 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:00:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
[James Bond] Tomorrow Never Dies (1997)
HEVC 1080p 5.1
6.4
The Current War (2017)
(Unicode)ဒီရုပ်ရှင်ကတော့ ၁၈၈၅ ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ သောမတ်အက်ဒီဆင်၊ နီကိုလာ တက်စလာ၊ ဂျော့ ဝက်စတင်ဟောက် တို့ရဲ့ အားပြိုင်မှုတွေကို အခြေတည်ထားတာပါ။အက်ဒီဆင်ဆိုတဲ့ ဥာဏ်ကြီးရှင်ကို မကြားဖူးတဲ့သူ ရှားပါလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဥာဏ်ကြီးရှင်ဇာတ်ရုပ်တွေအတွက် မွေးလာသလို့ထင်ရတဲ့ မင်းသားပဲ သရုပ်ဆောင်ထားတာပါ။ဘန်နီဒစ် ကမ်းဘားဘက်ခ်ျ ပါပဲ။သူ့ရဲ့လက်ထောက်အဖြစ်တော့ စပိုက်ဒါမန်းမင်းသား တွမ်ဟော်လန် က ပါဝင်ထားပါတယ်။နီကိုလာတက်စလာ အဖြစ်တော့ နီကိုလတ်ဟောက်ထ် က သရုပ်ဆောင်ထားပါတယ်။သူ့ကိုတော့ x-men အဖြစ်ရော warm bodies ထဲက ဇွန်ဘီးအဖြစ်ရော သိကြမှာပါ။သူတို့တွေရဲ့ အဓိက အားပြိုင်မှုကတော့ လျှပ်စစ်ဖြန့်ဖြူးရေး စျေးကွက်မှာပါပဲ။အက်ဒီဆင်က DC Current ကိုအသုံးပြုပြီး AC ဟာ လူသေနိုင်ချေ အရမ်းများတဲ့အတွက် အသုံးမပြုခဲပါဘူး။ဂျော့ဝက်စတင်ဟောက်နဲ့နီကိုလာတို့ကတော့ ဒီစီထက် သုံးဆလောက် စျေးသက်သာမယ့် အေစီနဲ့ စျေးကွက်ကို ယှဉ်ပြိုင်လာပါတယ်။ဒီတော့ အက်ဒီဆင်က အေစီတွေဟာ လူသေစေနိုင်ကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်ဖို့ ...
movie
The Current War (2017)
2017