Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Liza Koshy
5.4
A Family Affair (2023)
အသစ်ထွက် ခပ်မြူးမြူး အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်လူငယ်ပရိသတ်အကြိုက် မင်းသမီး Zoey King နဲ့ ဟောလိဝုဒ် milf တစ်ပါးဖြစ်တဲ့ Nicole Kidman တို့ အမေနဲ့သမီးအဖြစ် သရုပ်ဆောင်ထားတဲ့ ကားလေးပါခရစ်က နာမည်ကြီးရုပ်ရှင်မင်းသားဖြစ်ပြီး သူ့ရဲ့ PA ကတော့ ငယ်ရွယ်ဖျတ်လတ်တဲ့ ဇာရာပါ ခရစ်ခိုင်းသမျှကို သူ့အလိုကျ မငြီးမငြူလုပ်ပေးရပြီးစိတ်ကုန်လာတဲ့တစ်နေ့ ရန်ဖြစ်ပြီး အလုပ်ထွက်ဖို့ ဇာရာဆုံးဖြတ်လိုက်တဲ့အခါ …ဇာရာမရှိတုန်း သဘောမနောကောင်း စာရေးဆရာမဖြစ်တဲ့ ဇာရာ့အမေ တစ်ယောက်တည်း အိမ်မှာရှိနေချိန် တောင်းပန်ဖို့ ခရစ် ရောက်လာတဲ့အခါမှာတော့ … ဇာရာ့အမေနဲ့ ခရစ်တို့ ချစ်ဇာတ်လမ်းခင်းလိုက်ကြပြီး ဘယ်လိုအလွဲတွေ ဆက်ဖြစ်ဦးမလဲ ပရိသတ်ကြီး အားပေးကြပါဦး File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie
A Family Affair (2023)
5.6
Players (2024)
Players (2024)ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့…လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ...
movie
Players (2024)
2024
6.2
Cat Person (2023)
ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ....။အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်းခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာအချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့...။ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်းရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်....။ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင်လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်...။အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ...ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန်ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်...။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Cat Person (2023)
Good Burger 2 (2023)
ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie
Good Burger 2 (2023)
5.9
Ruby Gillman, Teenage Kraken (2023)
Ruby Gillman, Teenage Kraken (2023) =========================== IMDb Rating - 5.9/10The Croods 2013 ကိုရေးသားခဲ့တဲ့ Kirk DeMicco ဒါရိုက် တာအဖြစ် ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်အသစ်လေး လာ ပါပြီ။ အသံသရုပ်ဆောင်အနေနဲ့ To All the Boys I've Loved Before ရဲ့ မင်းသမီး Lana Condor ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြား ဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသား တွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက် ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေး မှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အ ရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆို တာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက် တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှ မဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။တစ်နေ့မှာတော့ အမှတ်မထင် ...
movie
Ruby Gillman, Teenage Kraken (2023)
2023
6.5
Transformers: Rise of the Beasts (2023)
Transformers: Rise of the Beasts (2023) ============================= IMDb Rating - 6.5/107 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို ...
movie
Transformers: Rise of the Beasts (2023)
2023
4K HEVC
7
My Little Pony: A New Generation (2021)
My Little Pony (2021)========================================IMDb - 7/10ဟိုးရှေးရှေးတုန်းကပေါ့ ပိုနီလို့ ခေါ်ကြတဲ့ မြင်းပုမျိုးနွယ်စုလေး သုံးခုရှိကြတယ်။အာသ့်ပိုနီလို့ ခေါ်တဲ့မြေလျှောက်မြင်းပုလေးတွေရယ်ယူနီကွန်း လို့ ခေါ်တဲ့ မှော်စွမ်းအား သုံးနိုင်တဲ့ ဦးချိုတစ်ချောင်း မြင်းပုလေးတွေရယ်ပဲဂစိုက် လို့ခေါ်တဲ့ မြင်းပုပျံလေးတွေ ရယ်ပေ့ါသူတို့ဟာ လက်ရှိကာလမှာတော့ မျိုးနွယ်စုတွေက တစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ အချင်းချင်း ကြောက်ရွံ့နေကြတယ်။ ဘာအကြောင်းကြောင့် စည်းလုံးမှု ပြိုကွဲပြီး အချင်းချင်း ကြောက်နေကြမှန်း မသိရပေမဲ့ အတိတ်ကာလတုန်းက သိပ်စည်းလုံးပြီး မိတ်ဆွေကောင်းတွေ ဖြစ် ဆက်ဆံရေးခိုင်မာကြတယ်လို့ ယုံကြည်တဲ့ အာ့သ်ပိုနီ ကတော့ ရှိနေခဲ့တယ်။သူ့ရဲ့ ယုံကြည်မှုကို သူ့သမီးဖြစ်တဲ့ ဆန်နီ လေးကို လက်ဆင့်ကမ်းရင်း ည အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောပြခဲ့တယ်။ အဲဒီ ပုံပြင်တွေ အပေါ် ယုံကြည်သက်ဝင်တဲ့ ဆန်နီလေးတစ်ယောက် အခြားမျိုးနွယ်စုတွေကို လိုက်ရှာရင်း သူ့အဖေ ယုံကြည်ခဲ့တဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရင်း ဒီစွန့်စားခန်းလေး ဖြစ်ပေါ်လာတော့တာပါပဲ။Netflix ...
movie
My Little Pony: A New Generation (2021)
2021
6.7
Work It(2020)
Work It(2020)August 7 ကမှ ပူပူနွေးနွေး Netflixက ထွက်ထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...ကွင်းအက်ကာမန်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာစာကြိုးစားပြီး GPA 4.0ရတဲ့ သိပ်တော်တဲ့ ကောင်မလေးတစ်ယောက်....Thunderbirds ဆိုတဲ့အကအဖွဲ့တစ်ခုမှာ မီးအလင်းအမှောင်ညှိပေးရတဲ့သူတစ်ယောက်..စာတော်တဲ့ကောင်မလေးဆိုတော့ သိတဲ့အတိုင်းမကတတ်ပေမဲ့ အဖွဲ့မယ်နေရာလေးတစ်ခုတော့ယူထားသူပေါ့...ဒီလိုနဲ့ Woodbright အထက်တန်းကျောင်းကြီးပြီးတော့မှာမလို့ တက္ကသိုလ်ရွေးကြတဲ့အခါမှာ ပြဿနာတစ်ခုကြောင့်သူ့ကိုအဖွဲ့က ထုတ်ခံလိုက်ရတယ်..ဒါအပြင့် ကတတ်မှ တက္ကသိုလ်တက်ရမယ့်အဖြစ်နဲ့ရက်ဆိုင်ရတဲ့အခါမှာတော့.... စာတွေနဲ့ပဲ နစ်မွန်းပြီး အကဆို တစ်လုံးမှမသိတဲ့ ကွင်းတစ်ယောက် ဘယ်လိုဆက်လုပ်ကြမလဲ??ကတတ်အောင်သူဘယ်လိုကြိုးစားမလဲ..သူ့ကိုပြဿနာဖြစ်စေတဲ့အကြောင်းကရော ဘာလဲ...ဒီလိုအခက်အခဲမျိုးစုံကို ဒီကောင်မလေးဘယ်လိုကျော်လွှားမလဲ....အထက်တန်းကျောင်းသားကားဆိုပေမယ့် ချစ်စရာမင်းသမီးလေးရယ်... သီချင်းအလန်းစားတွေ ကကွက်အလန်းစားတွေနဲ့မို့ဒီကားလေးကို ကြည့်ရင် နောင်တမရပါဘူးဆိုတာ အာမခံပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Cynthia ပဲဖြစ်ပါတယ်...File Size : (850 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:33:00 Genre : Comdey , Music Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Work It(2020)